Friday, June 3, 2016

သာသနာ(၅၀၀၀)ဆိုတဲ့ဝေါဟာရကိုသုံးသပ်ခြင်း

သာသနာ(၅၀၀၀)ဆိုတဲ့ဝေါဟာရကိုသုံးသပ်ခြင်း
*****************************************
ဘုရားကသာသနာ(၅၀၀၀)ပဲ ထားခဲ့တာဆိုတဲ့ စကားကို
ကျွန်ုပ်တို့ ဝေဖန်ကြည့်ရအောင်။ကျွန်ုပ်အထင် ကျွန်ုပ်အမြင်မှာ
သာသနာဟာဘယ်တော့မှမကွယ်ပါ။အမှန်တရားဆိုတာ ကွယ်
သွားရိုးထုံးစံမှမရှိတာ။ဥပမာ---
သင့်မှာမိဘရှိခဲ့တယ်ဆိုတာသေချာတယ်ငြင်းလို့မရဘူး။သို့သော်သင်က သင့်မိဘကိုမေ့လျော့၍ နေလိုက်သည် သင်၏နှလုံး
သားမှာမိဘမရှိတော့ဘူး/ဒါပေမယ့် မိဘနှစ်ပါးဆီက မွေးလာတယ်ဆိုတာ အမှန်တရားပဲလေ/

သာသနာဆိုသည်မှာလည်းထိုနည်းတူစွာပင် ခင်ဗျားတို့ ကျွန်ုပ်
တို့ နှလုံးသားမှာ ဘုရားမသိ တရားမသိ သံဃာမသိ သောနေ့
သည် သာသနာကွယ်သည့်နေ့ဖြစ်သည်။ဘုရား တရား သံဃာ
ကိုနောက်နှစ်ပေါင်း(၁၀၀၀၀)လောက်စောင့်ထိန်းကြည့်ပါလား
မတည်တံ့နိုင်ဘူးလား။သိပ်တည်တံ့နိုင်တာပေါ့။

အခုဆို ဥရောပ အာဖရိက အမေရိကတိုက်ကြီးတွေမှာ ဗုဒ္ဓသာ
သနာ ဟုန်းဟုန်းတောက်ထွန်းကားလာနေတာ သက်ဝင်ယုံ
ကြည်လာကြတာ လေ့လာလိုက်စားလာကြတာ အမှန်တရားတွေကိုလက်ခံနားလည်လာကြတာကို သင်တို့ကြားသိမှာပါ။

ကျွန်ုပ်တို့မြန်မာနိုင်ငံမှာတော့ သာသနာတော်ကြီးကိုရေစုန်မျော
လိုက်ကြပါပြီ။သတိထားကြပါ။ကျားကန်ထားတဲ့အဆင့်ပဲ ရှိတော့တယ်။ဘာကြောင့်ဒီလိုဖြစ်လာရသလဲဆိုတော့
ပေါ့ပေါ့နေ/ပေါ့ပေါ့စား/ပေါ့ပေါ့တွေးပြီး/သွေးအေးနေကြလို့/
ဘုရားကသာသနာ(၅၀၀၀)ပဲထားခဲ့တာဆိုတဲ့ အင်မတန်မှ
ပေါ့လျော့တဲ့ စကားလုံးကြားမှာလမ်းဆုံးနေကြခြင်းကြောင့်တည်း။

တစ်ချို့က ဇောတကတက်လာကြပါလိမ့်မည်။ နိုင်ငံကဒီ
လောက်ဆင်းရဲမွဲတေနေတာ သာသနာမကွယ်ရိုးနေပါ့မလား
"အူမတောင့်မှ သီလစောင့်နိုင်ပေါ့"လို့ပြောခဲ့သည်ရှိသော်---
"သီလစောင့်မှ အူမတောင့်ပါလိမ့်မည်"လို့ ပြန်ပြောလိုက်ပါ
သည်။/အဘယ်ကြောင့်ဆိုသော်---

အူမဆိုသည်မှာ ဘယ်သောအခါမှတောင့်ရိုးထုံးစံမရှိပါ/မစင်စွန့်
လိုက်လျင် ပြန်လျော့သွားလို့ပါ/ဒီလောက်ဆိုရင် သဘောပေါက်လိမ့်မည်ထင်သည်။သူများနိုင်ငံတွေ ဒီလောက်
ချမ်းသာနေတာ ဘာကြောင့်သီလဖြောင့်အောင် ကြိုးစားလာကြ
တာလဲဆိုတဲ့ အဖြေကို စဉ်းစားသုံးသပ်ကြည့်ရင် ရှက်ပြီးသေသင့်တယ်နော် ကိုရွှေမြန်မာတို့ရေ----

(ဒါကြောင့် သာသနာကွယ်သည် မကွယ်သည်ဆိုတာ သင့်အပေါ်၌သာ မူတည်ပါလိမ့်မည်။အချိန်မှီပါသေးသည်
ကြိုးစားကြပါ။)
******************************************************
ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ရန်ရည်သန်လျက် မေတ္တာသက်သက်ဖြင့်----
===============================
မဇ္ဈိမ ခရီးသည် (ပြင်ရှည်မြေ)
22/3/2016/(tue).9:36.pm./
===============================

No comments:

Post a Comment