Tuesday, June 21, 2016

ဒီနေ့ မန္တလေး ဓမ္မစကူးလ် အစည်းအဝေးမှာ ဒေါ်ခင်ခင်ရီ လျှောက်ထားတဲ့ စကား မှတ်သားစရာ

#ဒီနေ့ မန္တလေး ဓမ္မစကူးလ် အစည်းအဝေးမှာ  ဒေါ်ခင်ခင်ရီ  လျှောက်ထားတဲ့
စကား   မှတ်သားစရာ
******************
     သူ့သားသမီးတွေကို နိုင်ငံခြား မထားဘဲ  မြန်မာပြည်မှာ ထားတော့
သူ့ဆွေ မျိုး အသိုင်းအဝိုင်းက ပြောသတဲ့
နိုင်ငံခြားထားရမှာ ဘာလို့ မြန်မာပြည်မှာ
ထားတာလဲ တဲ့။
    #ဒေါ်ခင်ရီက ပြန်ပြောတယ်
မဟာဂန္ဓာရုံဆရာတော်ကြီးက စိတ်
ကောင်းရှိဖို့ ပထမ   ပညာတတ်ဖို့
ဒသမ   {10}နေရာမှာ ထားတာ
ဒါကြောင့် ပညာတတ်ပြီး ရိုင်းနေတဲ့
ကလေးတွေ အများကြီးမို့ ပညာတတ်
လိမ်မာယဉ်ကျေးပြီး  လူကြီး မိဘ
စကားနားထောင်တဲ့ သား သမီးများ
ဖြစ်ဖို့  မြန်မာပြည်မှာ ထားတာပါလို့
ပြန်ပြောလိုက်တယ် တဲ့။
      ပညာတတ်ပြီး  မလိမ်မာတဲ့လူတွေ
အများကြီးတဲ့  ခုသား သမီးတွေက
ယဉ်ကျေးပြီး  လူကြီး သူမ ကို ရိုသေ
ကြလို့  သူ ရွေးချယ်တာ မှန်ကန်ကြောင်း
     နောက် သား သမီးများ လိမ်မာရင်
မိဘများ စိတ်ချမ်းသာကြောင်း  သို့ဖြစ်၍
တနင်္ဂနွေ နေ့တိုင်း ဓမ္မစကူးလ် ပို့သင့်
ကြောင်း    တချို့ ပညာတတ်မှ ဆိုပြီး
ကျူရှင်များက တနင်္ဂနွေနေ့တောင် အချိန်
ပို ခေါ်ကြောင်း  ဒါကို ပညာရေးမှုးများ
နဲ့ ညှိသင့်ကြောင်း
      ပညာတတ်၏  မလိမ်မာ လူကောင်း
မဖြစ်  ပညာတတ် လိမ်မာပါမှ လူကောင်း
လူတော် ဖြစ်မှာ သေချာကြောင်း။
      ရှင်နေမင်း အုတ်သျှစ်ကုန်းအရှင်မြတ်
မှလည်း  သာသနာ၏ ပင်မအသက်သွေး
ကြောသည် ပရိယတ္တိဖြစ်ကြောင်း စာသင်
တိုက်များ စာသင်ခြင်းလုပ်ငန်းများ ပိတ်
ထားပါလျင်  နှစ်  ငါးထောင်မပြောနဲ့
နှစ် ငါးဆယ်ပင် သာသနာမတည်နိုင်
သို့ဖြစ်၍ သူ့အနေဖြင့် ဓမ္မစကူးလ်များကို
အင်တိုက် အားတိုက် နှိုးဆော် တိုက်တွန်း
အားပေးပါကြောင်း။
      မစိုးရိမ်ဆရာတော် တိုင်းသံဃနာယက ဥက္ကဌ ဆရာတော်မှလည်း  ယနေ့ ကလေးငယ်များသည် သာသနာ
အတွက် ပစ္စည်းလေးပါးနဲ့ထောက်ပံ့ကြ
မည့် ဥပါသကာ  ဥပါသိကာမများဖြစ်၍
ဓမ္မစကူးလ်ဖွင့်၍ သင်သင့်ကြောင်း။
      မြန်မာပြည်ဓမ္မစကူးလ်များ
ပေါင်းဆုံ စည်းဝေးရာ လုပ်ဖို့ သာသနာ
ပြုလုပ်ငန်းများလုပ်ဖို့ မလှိုင်နဲ့နွားထိုးကြီး
အကြား  မြေ ဧက  ၅၀၀   သို့မဟုတ်
၁၀၀၀  ကိုလည်း  ရှိုင်းဟုတ်ကုမ္ပဏီ
ဒေါ်ခင်ခင်ရီ  မှ လှူဒါန်းမည်လို့ ကြားသိရ
  မှန်၏  သာသနာဆိုတာ  ယူသော
လက်ဖြင့် သာသနာ ပြုမရ  ပေးသော
လက်ဖြင့်သာ သာသနာပြုခဲ့လို့ ယခု
အချိန်အထိ တည်ရှိနေပါ၏။
         ယနေ့ အစည်းအဝေးမှာ
ဆုံးဖြတ်ချက် မူ{၇}ခု  ချမှတ်ပြီး မန္တလေး
တိုင်း ဓမ္မစကူးလ်အတွက် ငွေ သိန်း{၁၀၀၀၀}ကို
လူ ၁ ယောက်လျှင် ၁ သောင်းတန်
ပဒေသာပင် ၁ ခုစီ စိုက်ထူ၍  လူ ၁သိန်း
ပြည့်ပါလျှင် သိန်း  {၁၀၀၀၀} စိုက်ထူ
နိုင်ဖို့  ဆွေးနွေးကာ
        လာမည့် အကြိမ်  မြို့နယ် ဓမ္မစကူးလ် အသီးသီး မှ ကော်မတီဖွဲ့ကာ
ဥက္ကဌ   အတွင်းရေးမှုး  အားလုံးတို့၏
ဆန္ဒအတိုင်း   တိုင်းကော်မတီ ဖွဲ့ပြီး
သတင်းစာမှ အတိအကျ  ထုတ်ပြန်
ကြော်ငြာ၍  နေရာ အတိအကျ သတ်မှတ်  မည် ဖြစ်ကြောင်း။

No comments:

Post a Comment