ဘဝဆိုတာ ဘာလဲ
********************
ဘ၀ဆိုတာ အဆိုးဘက်ကို ဦးတည်သွားနေတဲ့ ဖြစ်စဉ်ကြီးတစ်ခုပဲ။ ခန္ဓာကို ကြည့်လိုက်၊ တစ်နှစ်ထက်တစ်နှစ် ပိုပြီးတော့ ဆိုးနေတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကြီးကို ဒီထက်ကောင်းအောင်ဆိုပြီး ပြုပြင်ဖို့ မကြိုးစားနဲ့။ ပင်ပန်းရုံပဲ ရှိမယ်။
မြတ်စွာဘုရားက ဟောခဲ့တယ်၊ ကိုယ်သာနာစေ စိတ်မနာစေနဲ့။ ကိုယ်သာအိုစေ၊ စိတ်မအိုစေနဲ့တဲ့။
ခန္ဓာကိုယ်က အဆိုးဘက်သွားနေပေမဲ့ စိတ်ကိုတော့ အဆိုးဘက် မသွားစေနဲ့၊ အကောင်းဘက်ရောက်အောင် ကြိုးစားပါ။
ကိုယ်ခန္ဓာပြုပြင်ဖို့ထက် စိတ်ကိုပြုပြင်ဖို့က အရေးကြီးတယ်။
မနေ့က အသိထက် ဒီနေ့ အသိ သာစေရမယ်။ မနေ့က စိတ်ဓာတ်ထက် ဒီနေ့စိတ်ဓာတ် ရင့်ကျက်စေရမယ်။
(ဓမ္မစကြာတရားထဲက ကောက်နှုတ်ချက်)
----------------
၂၆- ၆- ၂၀၁၆
ယနေ့ နေ့လည်ခင်းမှာ
ရုပ်ကို ဘယ်လိုရှုမလဲတရားတော်ကို ဟောကြားခဲ့ပြီး
ညနေခင်းမှာ
ဓမ္မစကြာတရားတော် ဒုတိယပိုင်း ဟောကြားခဲ့ပါသည်။
No comments:
Post a Comment