လောကကိုအလှဆင်ပေးကြပါ
***************************
There is no rose without a thron.
(ဆူး မပါတဲ့ နှင်းဆီ ဆိုတာမရှိ)
လူ့ဘဝဟူသည်မှာလည်း အခက်ခဲ ဒုက္ခ ပြဿနာ မရှိတဲ့
ဘဝဆိုတာမရှိပါဘူး။ဒီဒုက္ခ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်
ဖြေရှင်းကြမလဲ ?
ဝိသမလောဘ ဘာသာရပ်တွေနှင့် ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေ
တိုးတက်လာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာတွေပျက်စီးယိုယွင်း
ဆုတ်ယုတ်လာတာကိုတွေ့ရမှာပါ။တစ်ကယ်တော့ အားကိုးရဖို့
အတွက် ဘာသာရပ်ကိုကိုးကွယ်ကြသလို ပျော်ရွှင်မှုအတွက် ဒီ
ပစ္စည်းတွေကို သုံးကြရခြင်းသာ သို့သော်အချိန်တိုခဏလေးအ
တွင်းမှာဘဲ သာယာမှုတွေရရှိလိုက်ပါတယ်။
ဒါပေမယ့်မကြာလိုက်ပါဘူး တစ်ကယ်ပျော်ရွှင်လိုက်ပါတယ်ဆို
တဲ့သာယာမှုတွေက ခဏလေးမှာဘဲပြန်လည်ထွက်ခွာသွား
ပါတယ်။တစ်ကယ်ပဲကျန်ခဲ့တာကတော့ စိတ်ဆင်းရဲမှုတွေ
ကိုယ်ပင်ပန်းမှုတွေသာ ကျန်စမြဲပါ။ဒါကတော့ပုထုစဉ်တို့ရဲ့
နိယာမသဘောတရားတွေပါ။
******************************************************
ဒီဒုက္ခတွေကို ဘယ်လိုဖြေရှင်းကြမလဲ
===================
တစ်နေ့မှာ ဗုဒ္ဓဆီကိုဘုရင်တစ်ပါးလာလျှောက်တယ် အရှင်ဘုရားရဲ့တပည့်သာဝကတွေက ကြည့်လိုက်တဲ့ အချိန်
တိုင်း အမြဲကြည်လင်နေတာ မျက်နှာတွေဆိုလည်း မှုတ်ကုတ်
ကုတ်နဲ့မဟုတ်ဘူး သင်္ကန်းစုတ်ကလေးနဲ့နေရပြီး ဘာကြောင့်
စိတ်ဓါတ်မကျဘဲပြုံးရွှင်နေရတာလည်းဘုရား။
ဟုတ်တယ်မင်းကြီး သူတို့လေးတွေက အတိတ်ကိုတွေးပြီးပူ
ဆွေးမနေဘူး။ယတြာချေနေတာတို့ နောင်တရနေတာတို့ အယူလွဲမှားမှုတို့ကို မလုတ်တက်ကြဘူး။ပစ္စုပ္ပန်ကာလ၌လည်း
တင်းတိမ်ရောင့်ရဲစွာနေနိုင်ကြတယ်။အနာဂါတ်ကိုတွေပြီးလည်း
ပူဆွေးခြင်း ဝမ်းနည်းခြင်း စိုးရိမ်ခြင်းများကို မပြုလုပ်ကြဘူး။
ဒါကြောင့်မို့သူတို့လေးတွေက အမြဲပြုံးရွှင်နေနိုင်တာ။ဒါကတော့
တင်းတိမ်ရောင့်ရဲမှုရဲ့ ဆုလဒ်ပေါ့။
တကယ်တော့လိုချင်တောင့်တမှု မတရားအုပ်စိုးမှုဆိုတာ
အတ္တလောဘနှင့်အနိစ္စနိယာမ နှစ်ခုကြားမှာပဋိပက္ခဖြစ်နေလို့
နှစ်သက်ကြေနပ်မှုမရှိဖြစ်နေကြခြင်းသာ။
တစ်လောကလုံး ငြိမ်းချမ်းသာယာစေမဲ့ ဘာသာရပ်တစ်ခုကို
ဘာမဟုတ်တဲ့ထောက်ပံ့ငွေကြေးရလို့ တိုက်ခိုက်ဖျက်ဆီးလိုက်
မည်ဆိုပါက သင်သည်ချမ်းသာခြင်းထက် ဆင်းရဲခြင်းကိုပိုနှစ်
သပ်သူတစ်ယောက်သာဖြစ်နေပေလိမ့်မည်။
******************************************************
အမေရိကန် ဒုံပျံပါရဂူပြောဖူးတဲ့စကားတစ်ခွန်းမှတ်မိသေးသည်
***လူတွေရဲ့လောဘတွေကြောင့် အနုမြူလက်နက်ကြီးတွေ
ထုတ်လုပ်လာကြတယ် ခလုတ်ကလေးတစ်ချက်နှိပ်ရုံမျှဖြင့်
နိုင်ငံတွေ အနန္တသတ္တဝါတွေ သေကြေပျက်စီး ပြာကျသွားနိုင်တဲ့
လက်နက်တွေ အပြိုင်အဆိုင်ထုတ်လုပ်လာခြင်း လူမျိုးတုန်းသတ်ဖြတ်တဲ့ ဝါဒတွေစိုးမိုးလာခြင်းဟာ မငြိမ်းချမ်းတော့တဲ့ သင်္ကေတတစ်ခုပေါ့။ဒီပြဿနာတွေ ဒီမီးတွေကို ငြိမ်းအေးစေမယ့် ဖြေရှင်းဖို့နည်းလမ်းဟာတစ်ခုဘဲ
ရှိတော့တယ် ဗုဒ္ဓရဲ့တရားတွေကသာ ငြိမ်းချမ်းစေလိမ့်မည်။***
===============================
ဒါကြောင့်အစ္စလာမ်ဝါဒပြန့်ပွားရေးဌာနများ၌
အလုပ်လုပ်နေကြသော ဗုဒ္ဓဘာသာတို့မြန်မာများသည် ဘာမှမဟုတ်တဲ့လိုချင်တောင့်တမှုကြောင့် ငြိမ်းချမ်းရေးဆိုသော
ဘာသာရပ်တစ်ခုကို စွန့်ပါယ်ပြီးမတိုက်ခိုက်ကြပါနဲ့ လောကတစ်ခုလုံး မီးလောင်စပြုနေပြီဆိုတာ သတိထားပေးကြပါ။
=====-=========================
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
19/3/2016/(sat).5:25.pm/
===============================
No comments:
Post a Comment