ဘဝကြီးပွားတိုးတက်ကြောင်းတရား
******
မိမိဘဝ ကြီးပွားတိုးတက်ချင်တယ်ဆိုရင်တော့
ဒါတွေကို အမြဲအလေ့အကျင့် ရှိနေဖို့လိုပါတယ်။
တစ် ---ထကြွလုံးလဝီရိယရှိရမယ်။
မိမိလုပ်ကိုင်နေတဲ့ အရာအားလုံးကို ထကြွလုံးလဝီရိယရှိရှိ လုပ်ကိုင်ရမယ်။
နှစ် ---သတိရှိရမယ်။
အရာရာကို သတိနဲ့ပြုမူလုပ်ကိုင်တတ်ရမယ်။
သုံး --စင်ကြယ်သော ကံသုံးပါးရှိရမယ်။
ကာယကံ ဝစီကံ မနောကံ သုံးပါးလုံးမှာ အထူစင်ကြယ်အောင် စောင့်ထိန်းနိုင်ရမယ်။
လေး ---စူးစမ်း၍ ပြုလေ့ရှိရမယ်။
အရာရာကို စူစမ်းဆင်ခြင် ပြုလုပ်တတ်ရမယ်။
ငါး ---ဣနြေ္ဒစောင့်စည်းမှုရှိမယ်။
ကာယိနြေ္ဒ အစရှိတဲ့ ဣနြေ္ဒခြောက်ပါးကို စောင့်စည်းထိန်းသိမ်းမှု ရှိရမယ်။
ခြောက်--တရားသဖြင့် အသက်မွေးမှု့ရှိမယ်။
အသက်မွေးဝမ်းကြောင်းအတွက် ရိုသားပြီး တရားနည်းလမ်းအတိုင်းပဲ စည်းပွားရှာဖွေရမယ်။
ခုနစ် ----မမေ့မလျော့ရဘူး။
အထက်ကပြောခဲ့တဲ့ အရာတွေကို မမေ့မလျော့ဘဲ
ယခုဘဝ တိုးတက်ကြီးပွားဖိုးရန် မမေ့မလျော့ရသလို့ တမလွန်အတွက် အကုသိုလ်ကိုရှောင်ပြီး ကုသိုလ်ဆောင်ရွက်ဖို့ရန်လည်း မမေ့မလျော့ရဘူး။
ထကြွလုံးဝီရိယရှိသူ
သတိရှိသူ
စင်ကြယ်သောကံသုံးပါးရှိသူ
စူးစမ်း၍ပြုလေ့ရှိသူ
ဣနြေ္ဒစောင့်စည်းရှိသူ
တရားသဖြင့် အသက်မွေးသူ
မမေ့မလျော့သူတို့မှာ အခြံအရံတိုးပွား၏။
If a person is energetic, mindful, pure in his thought, word and deed, and if he does everything with care and consideration, restrains his senses, earns his living according to the Law (Dhamma) and is not unheedful, then, the fame and fortune of that mindful person steadily increase.
ဥဋ္ဌာနဝတော သတီမတော ,
သုစိကမ္မဿ နိသမ္မကာရိနော၊
သညတဿ ဓမ္မဇီဝိနော,
အပ္ပမတ္တဿ ယသောဘိဝဍ္ဎတိ။ ဓမ္မပဒပါဠိ။နှာ၊၁၆။
တက္ကသိုလ်စာသင်သား
နယုန်လပြည့်ကျော်(၁၁)ရက်
1-7-2016 သောကြာနေ့
10:10am
No comments:
Post a Comment