Sunday, June 26, 2016

စာတန်ခိုး

စာတန်ခိုး

စာချ စာသင် အလုပ်ခွင်ဝယ် ၊
နေ့ စဉ်မွေ့ လျော် များသူတော်တို့ ၊
ရွှင်ပျော်လုံ့ လ သဒ္ဓါကြွ၍ ၊
ဉာဏစင်ဖြူ သင်ချ မူကား၊
ထိုသူ စီးပွား သုတများသဖြင့် ၊
စဉ်းစားဉာဏ်ကြွယ် အမြင်ကျယ်၏၊

မကွယ်စေကာ ကိလေသာလည်း၊
သူငါ ယုတ်ကြမ်း ဖြစ်စတမ်းသို့ ၊
ဗရမ်းဗတာ ဖြစ်မလာဘဲ ၊
ဣဿာ မစ္ဆေရ မထကြွဘူး၊

ရာဂ ဒေါသော မာန မောတို့ ၊
အပြောကျယ်ကျယ် သေးငယ်ငယ်မှ၊
စ၍ပဟာန် တဒင်္ဂန်ဖြင့်၊
ဝိက္ခ မ္ဘန ပယ်နိုင်ကြသည်၊
သင်ချ အကျိုး စာတန်ခိုး။

..
credit
.
.

No comments:

Post a Comment