Tuesday, June 21, 2016

ဇီးသီးဗန်း မှောက်သော တိုင်းပြည်

ဇီးသီးဗန်း မှောက်သော တိုင်းပြည်
--------------------------------------

မြန်မာပြည်သူတွေဟာ စည်းလုံးညီညွတ်မှု့ မရှိပဲ
သူ့ အပြစ်ပြော ငါ့အပြစ် ပြော နဲ့  ရန်လိုနေကြတာ
ဘာ့ကြောင့်လည်း

ဇီသီးဗန်းမှောက်ကျတဲ့ တိုင်းပြည်ကြီးလို
ုဖြစ်နေတဲ့ အကြောင်းရင်းက အဓိကတရားခံ
ဘယ်သူလည်း

အများအားဖြင့် အမြင်မှာတော့ ပညာမတတ်တဲ့
သူတွေ အုပ်ချုပ်လို့  တဲ့ ပညာရေး နိမ့်ပါးလို့ တဲ့

ကဲ မေးကြည့်ပါ့မယ်

ပညာရေးစနစ်ကောင်းခဲ့မယ်ဆိုရင်ရော
ခုလို မဖြစ်နိုင်ဘူးလား တဲ့

ဘယ်သူမှ အာမမခံနိုင်ပါဘူး

တကယ်တော့
ပညာရေးစနစ်မကောင်းတာထက်

အုပ်ချုပ်သူတွေ တရားကင်းကွာနေလို့ ပါ

ဗြဟ္မစိုရ်တရားလက်ကိုင်မထားလို့ ပါ

ဆင်းရဲသားတွေကျတော့ကုန်းကောက်စရာ
မရှိအောင်ဆင်းရဲပြီး ချမ်းသာတဲ့
သူတွေကျတော့ ထားစရာမရှိအောင်ချမ်းသာနေတာဟာ
အ ဂတိ လိုက်စားကြလို့ ပါ

မသမာမှု့ကို အမြောက်အများကျင့်သုံးနေလို့ ပါ

လာဘ်ပေးလာဘ်ယူမှု့တွေ များနေလို့ ပါ 

လို့ ပြောရင် ဘယ်သူငြင်းမလဲ

ဒါဆိုရင်
အုပ်ချုပ်သူတွေဟာ ပညာတက်ဖို့ လိုသလို
ကိုယ်ချင်းစာစိတ်ထားတဲ့ အုပ်ချုပ်သူမျိုးဖြစ်ဖို့ 
ကလည်း အရေးမကြီးဘူးလား
ပညာတက်ပြီး ကိုယ်ချင်းစာစိတ်မထားတဲ့ ခေါင်းဆောင်မျိုးဆိုရင်ရော  တိုင်းပြည် မဆင်းရဲ
နိုင်ဘူးလား

ဆင်းရဲနိုင်တာပါပဲ

ဒါပေမဲ့

ကိုယ်ချင်းစာစိတ်ရှိတဲ့ ခေါင်းဆောင်မျိုးဆိုရင်တော့
သူဟာ တိုင်းပြည်ရဲ့ဆင်းရဲသားတွေအပေါ်ကို
ငဲ့ညှာပြီး ကူညီဖေးမ မှာပါ

ပညာရေးစနစ်တခုတည်းကောင်းယုံနဲ့ 
ကိုယ်ချင်းစားတရားမရှိနိုင်ပါဘူး
ပညာတက်ပြီး ကိုယ်ချင်းစာတရားမရှိသူတွေဆိုရင်
တိုင်းပြည်ပိုပြီးတော့တောင်
ဒုက္ခရောက်နိုင်ပါတယ်

ဒါ့ကြောင့်  တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေး
လုပ်တဲ့အခါမှာ ပညာရေးကို အဆင့်မြင့်ရမှာဖြစ်သလို
လူတွေရဲ့စိတ်ထဲကို ကိုယ်ချင်းစာတရားတွေ
အပြည့်ဖြစ်အောင် ဗုဒ္ဓရဲ့စစ်မှန်တဲ့တရားတော်တွေ
ကို ရင်ထဲအသဲထဲထိ ရိုက်ထည့်သလိုဖြစ်အောင်ကို
ပြုပြင်ပြောင်းလဲ ပေးရပါလိမ့်မယ်

ဥပမာအနေနဲ့ ပြောရ ရင် လွှတ်တော်ထဲမှာ
အမတ်တွေကို တရားဓမ္မ ဟောကြားပေးတာမျိုး
ဋ္ဌာန ဆိုင်ရာတွေကို ဝိပဿနာသင်တန်းဖွင့်ပြီး
မဖြစ်မနေ ထိုင်ခိုင်းတာမျိုးတွေ လုပ်သင့်ပါတယ်

ဒီလိုလုပ်တဲ နေရာမှာ အကြီးအကဲတွေ အုပ်ချုပ်
သူတွေနေရာမှာ ဘာသာခြားတွေပါတဲ့အတွက်
မဖြစ်နိုင်ဘူးလို့  ပြောစရာရှိပေမဲ့
ဗုဒ္ဓဘာသာဝင်နိုင်ငံဖြစ်တဲ့အတွက် ဗုဒ္ဓရဲ့ လမ်းစဉ်
အတိုင်းချီတက်ဖို့  လိုပါတယ်

ဒီအဆိုပြုချက်ဟာ ဖန်ဆင်းရှင်ဝါဒ ယူနေသူတွေအတွက် အဆင်မပြေပေမဲ့
လက်တွေ့ ကျတဲ့ ဗုဒ္ဓဘာသာအတွက်တော့
ကြီးမားတဲ့အောင်မြင်မှု့မျိုး ရ ရှိမှာ အသေအချာပါပဲ

နေရာတကာ
နိုင်ငံတကာနဲ့ မညှိပါနဲ့ 
နိုင်ငံတကာက ဖန်ဆင်းရှင်အယူရှိသူတွေပါ

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး
ကိုယ့်ဘာသာတရား နဲ့ သာ အဆင်ပြေအောင်
ညှိနိုင်မယ် ဆိုရင်
နိုင်ငံတွင်း ပဋိပက္ခတွေ အဆင်ပြေနိုင်သလို
ပြည်သူတွေဟာလည်း တဦးနဲ့ တဦး ရန်လိုမှု့တွေ
နည်းပါးလာပါလိမ့်မယ်
အဲဒီအခါ စည်းလုံးမှု့ အလိုလို ရလာပါလိမ့်မယ်

အဲဒီစည်းလုံးမှု့က
နိုင်ငံအဖက်ဖက်က တိုးတက်အောင်
စွမ်းဆောင်ပေးပါလိမ့်မယ်

နေရာတကာ
ပြည်ပအယူအဆတွေ အကြံဥာဏ်တွေချည်းပဲ
အသုံးပြုနေရင်တော့
အကန်းတွေအားကိုးသလိုဖြစ်နေပြီး
ဗုဒ္ဓဘာသာပြည်သူတွေနဲ့ 
ဘယ်တော့မှ အဆင်ပြေနိုင်မယ် မထင်တော့ပါဘူး

တခုပဲ ပြောချင်ပါတယ်
တိုင်းပြည်တိုးတက်အောင်လည်း
အဆင့်မြှင့်ပါ
ဘာသာရေးကိုလည်း
မြှင့်တက်လာအောင် သာသနာဝန်ထမ်း
ရှင်ရဟန်းတွေကို ကူညီပါ ထောက်ပံ့ပါ
ဖေးမပါ
ဓမ္မစကူးတွေ ယဉ်ကျေးလိမ္မာတွေကို များများ
ပြုလုပ်ဖြစ်အောင် ထောက်ပံ့ပါ

ရဟန်းသံဃာတော်တွေလျှော့နည်းလာတာဟာ
ဘာသာသာသနာအတွက် စိုးရိမ်စရာအခြေအနေပါ

ဥရောပကတိုင်းပြည်တွေလို
ကမ္ဘာ့အဆင့်မီ မနေရ ရင်နေပါစေ

ထမင်းချမ်းခဲကို ယပ်ခပ်စားပြီး
ဗုဒ္ဓဘာသာလို့ တော့
ပြောခွင့် ရ ပါရေစေ

              ဦးမြင့်ခိုင်

No comments:

Post a Comment