Sunday, June 26, 2016

အချစ်

သက်ရှိသတ္တဝါ မှန်သမျှ အချစ်နဲ့မကင်းကြသူများဖြစ်ပါသည်။ ''အချစ်''ဟူသောမြန်မာဝေါဟာရကို ပါဠိလို ''ပိယ''ဟုခေါ်ဆိုပါသည်။လူသားတို့သည် အချစ်ကိုအမျိုးမျိုး ပုံဖော်ကာ မြတ်နိုးတန်ဘိုးထားကြသည်။မိဘနှင့်သားသမီး/လင်နှင့်မယား/ညီအကိုမောင်နှမ/ဆရာနှင့်တပည့်/မိတ်ဆွေအချင်းချင်း/အချစ်တော်ကြောင်ကလေး-စသည်စသည်ဖြင့် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံမှု့ကိုအကြောင်းပြု၍''အချစ်''ကိုသက်သေပြ ဖော်ကျူးကြသည်။ တန်ဖိုးထားမှု့/လိုက်လျောမှု့/ပေးဆက်မှု့/ ဂရုစိုက်မှု့တို့ဖြင့် မိမိတို့၏ချစ်ခင်မှု့ကို ပုံဖော်ကာပြသကြသည်။ ''ပိယမနာပါ''ဆိုသည့်ပါဠိစကားအရ အချစ်မှန်လျှင် မြတ်နိုးဖွယ်ရာသာဖြစ်ပါသည်။ သက်မဲ့ဝတ္ထုပစ္စည်းဖြစ်နေစေကာမူ မိမိမြတ်နိုးလျှင် အချစ်သက်သေပြ ဒြပ် ဝတ္ထုအဖြစ် သေချာစွာ သိမ်းဆည်းထားမည်သာဖြစ်ပါသည်။

No comments:

Post a Comment