ရွှေအင်ပင်ကျောင်း သမိုင်း
~~~~~~~<><>~~~~~~
မန္တလေးမြို့တွင် ရွှေအင်ပင်
ကျောင်းတိုက်မှာ ပထမရွှေအင်ပင်၊
ဒုတိယ ရွှေအင်ပင်၊တတိယ
ရွှေအင်ပင် ဟူ၍ ကျောင်းတိုက် (၃)ခု
ရှိလေသည်။
ထိုကျောင်းတိုက် (၃ )ခုတွင် ဒုတိယ ရွှေအင်ပင်ကျောင်းတိုက်အား
နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ၊
မြန်မာပြည်တွင်းမှ ဘုရားဖူးများ၊
ရှေးဟောင်းယဉ်ကျေးမှု လက်ရာ အနုပညာလေ့လာ လိုက်စားကြ
သူများက ဒုတိယ ရွှေအင်ပင်ကျောင်း တိုက်ရှိ ရှေးဟောင်းလက်ရာ
သက်သားကျောင်းကြီးကို အထူး
စိတ်ဝင်တစား လာရောက်၍ လေ့လာတတ် ကြသည်။ ဒုတိယ ရွှေအင်ပင်ကျောင်းတိုက်သည်
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်
၈၉-လမ်း၊၃၇+၃၈ လမ်းကြားတွင်
တည်ရှိ၍နေပေသည်။
ဒုတိယရွှေအင်ပင် ရှေးဟောင်း
ကျောင်းတော်ကြီးသည် သစ်သား
ပန်းပုလက်ရာ ပန်းခက် ပန်းညွန့်
ပန်းနွယ် ရုပ်လုံးကြွသော အထူး
လက်ရာမြောက်ခြင်း စသည်တို့ဖြင့်
ရှုမြင်သူ ဧည့်သည်အပေါင်းကို
ဖမ်းစားနိုင်စွမ်းရှိပေသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာနိုင်ငံ အသီးသီးက စိတ်ဝင်တစား
လာရောက်လေ့လာ ကြည့်ရှုပြီး အံသြရပေသော ရှေးအနုပညာ
လက်ရာများ ရှိသလို ခေတ်အနုပညာ လက်ရာများလည်း များစွာရှိပါသည်။
ရွှေအင်ပင် ကျောင်းတော်ကြီး၏
သစ်သား ပန်းပုအနုပညာ
လက်ရာများကို အထက်မြန်မာပြည်ရောက် နိုင်ငံခြားဧည့်သည်တိုင်းလိုက
မြေပုံကြည့်၍ လာရောက် လေ့လာကြသည်။မြန်မာနိုင်ငံသူ၊
နိုင်ငံသား ရဟန်းရှင်လူများ
အနေဖြင့်လည်း ဂုဏ်ယူဖွယ်ရာ ကောင်းလှပါသည်။
အများအားဖြင့် ရွှေအင်ပင်
ရှေးဟောင်းကျောင်းကြီး၏ အနုပညာ လက်ရာနှင့် စိတ်ကူးစိတ်သန်း
ဒီဇိုင်းလက်ရာများကိုသာ လေ့လာတတ်ကြပြီး ရွှေအင်ပင်ကျောင်းတော်ကြီး၏ သမိုင်းကို သိကြသူ စိတ်ဝင်စားကြသူက
အနည်းငယ်မျှသာ ရှိတတ်ကြသည်။
ရွှေအင်ပင်ကျောင်းဆောက်လုပ် လှူဒါန်းသွားကြသော အလှူရှင် အလှူ့အမတို့၏ ကမ္ဗည်းကျောက်စာ မရှိခြင်းကြောင့်လည်း ဖြစ်ခြင် ဖြစ်ပေမည်။ ရွှေအင်ပင် ကျောင်းဆောက် လုပ် လှူဒါန်းသူ အလှူရှင် အလှူ့အမတို့၏ သမိုင်းကျောက်စာ
မှတ်တမ်းများက ရွှေင်အင်ကျောင်းနှင့်
ခပ်လှမ်းလှမ်း ကျောင်း၏ မြောက်ဘက် ပဲပုတ်တန်းရပ်ကွက်
တောင်ကုန်းအရပ် နေအိမ်ကြို နေအိမ်ကြားတွင် ရှိ၍နေပေသည်။
ပဲပုတ်တန်းရပ်ကွက်မှ ရှေးမှီ နောက်မှီ အသက်ကြီးကြီး အဘိုးအို
တစ်ယောက် ပြောပြချက်အရ
ရွှေအင်ပင်ကျောင်းအနီးဝန်းကျင်ရှိ
ပဲပုတ်တန်းရပ်ကွက်လေးသည် ရွှေအင်ပင်ကျောင် အလှူရှင် အလူ့အမတို့၏ ဥယျာဉ်မြေ
ဖြစ်ကြောင်း သိရှိရသည်။
ရွှေအင်ပင်းကျောင်းကြီး၏ ကျောင်ဒကာမှာ သူဌေးကြီး ဦးစက်ရွှင်
ဖြစ်ပေသည်။
ရွှေအင်ပင်ကျောင်တကာ
ဖြစ်လာမည့် ဦးစက်ရွှင်သည်
တရုတ်ပြည် ယူနန်နယ် ထိမ်ရင့်ခေါ်
မိုးမြင်းမြို့ကြီး၏ စီရင်စု ယိလောရွာ
ချစ်မြုပ်ဇာတိဖြစ်လေသည်။
မြန်မာသက္ကရာဇ် ၁၂၁၀ခုနှစ်၊
ကဆုန်လဆန်း ၆-ရက်၊စနေနေ့တွင်
မွေးဖွားခဲ့သည်။ ၁၂၂၁-ခုနှစ်တွင် တရုတ်ပန်းသေးလူမျိုးတို့ ပုန်ကန်ထကြွ သောင်းကျန်းကြသည့်အတွက်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ
ဗန်မော်မြို့သို့ အဘ၊ဘထွေးများနှင့် အတူတကွ ၇-နှစ်သားအရွယ်
ကပင်လျင် နေထိုင်ခဲ့သည်။
မောင်စက်ရွှင်သည် ငယ်ငယ်
ရွယ်ရွယ်ဖြင့်ပင် အဘ၊ဘထွေးတို့နှင့်
ကူးသန်းရောင်းဝယ်ခြင်း အတတ်ပညာကို လေ့လာ လိုက်စားပြီး
အတူတကွ စီးပွားရေး ကူးသန်း
ရောင်းဝယ်ကာ နေကြသည်။
၁၂၂၈-ခုနှစ်တွင် အဘနှင့်
ဘထွေး တို့သည် ကွယ်လွန် အနိစ္စ ရောက်သွားကြသည်။
ယင်းအချိန်းတွင်မောင်စက်ရွှင်သည် (၁၄)နှစ်အရွယ်သို့ ရောက်၍
နေပေပြီ။ မောင်စက်ရွှင်သည်
မိမိ ကိုယ်တိုင်လည်း အဘ၏
အမွေဥစ္စာ အလုပ်အကိုင်တို့ကို
တတ်သိနားလည် ကျွမ်းကျင်သည့်
အလျောက် အလုပ်ကိစ္စ
မှန်သမျှတို့ကို ကိုယ်တိုင် အုပ်ချုပ် လုပ်ကိုင်လေသည်။
မောင်စက်ရွှင်သည်
ဗန်မော်မြို့တွင်သာ အရောင်းအဝယ် ပြုလုပ်နေခြင်းမဟုတ်တော့ဘဲ
မန္တလေး ရတနာပုံ ရွှေမြို့တော်ကြီးသို့တက်ကာ ကူးသန်းရောင်းဝယ်
လုပ်ကိုင်လာလေသည်။
မောင်စက်ရွှင်သည် အလုပ်ကြိုးစား ပြုလုပ်သည့်အလျောက် စီးပွားရေး ဥစ္စာဓန ရွှေငွေ ရတနာများမှာလည်း
ပေါများပြည့်စုံ ကြွယ်ဝလာလေသည်။
၁၂၃၅-ခုနှစ်တွင် ပုဂံမင်းတရားကြီး
ဘုရားလက်ထက် ရမည်းသင်းမြို့စား
တောင်ဆောင်တော် မိဖုရား၏
မောင်တော် မောင်ကြီး၏ သမီး မဘွား
ဆိုသူနှင့် အိမ်ထောင်ကျလေသည်။
သက္ကရာဇ် ၁၂၄၁-ခု နှစ်တွင် ရတနာပုံ မြို့တည် နန်းတည်
ပဉ္စမ သင်္ဂါယနာတင် မဟာလောက မာရဇိန် စေတီတော် ဒါယကာ
မင်းတရားကြီးဘုရား လက်ထက်တော်မှသည် သားတော်
မာန်အောင်ရတနာ စေတီတော် ဒါယကာ စနေမင်းတရား၊ဒုတိယ နေဝန်းထွန်းတောက်ပသော
လက်ထက်တော်တိုင်အောင် ထင်ပေါ် ကျော်ကြားသော သတိုးမင်းကြီး မဟာမင်းထင် စည်သူဟူသော အမတ်ကြီးသည် ဦးစက်ရွှင်၏ အကြံဉာဏ်နှင့် လုံ့လ ဝီရိယကို သိသဖြင့် သီပေါဘုရင်နှင့် မိတ်ဆက်ပေးရာ အလွန်ဝမ်းမြောက် ဝမ်းသာ ဖြစ်တော်မူ၍ ဦးစက်ရွှင်အား
ကျောက်စိမ်းအလုပ်၊ကြက်ပေါင်းစေး အလုပ်များကို အခွန်တော်
ထမ်းဆောင်၍ ကောင်းမွန်းစွာ ကူးသန်းရောင်းဝယ်စေ ဟူသော အမိန့်တော်မြတ် ခန့်အပ်တော်မူခံရသည်။ ၁၂၄၇-ခုနှစ် အင်္ဂလိပ် အစိုးရမင်းလက်ထက်တွင်
မိုးကောင်းမြို့ပိုင် ကလုံခေါ်သော အရပ်တွင် ခိုင်ခန့် ကောင်းမွန်သော သစ်စစ်ကြီးတည်ထောင် ဖွင့်လှစ်၍
ကူးသန်းရောင်းဝယ်ခြင်းကိစ္စ ပြုလုပ်ပြန်ပါသည်။
၁၂၅၁-ခုနှစ်တွင် သူဌေးကြီးဦးစက်ရွှင်
သူဌေးကတော် ဒေါ်ဘွားတို့သည်
ရင်၌ဖြစ်ကြသော သားသုံးယောက်တို့ကို ရှစ်ပါးပရိက္ခရာ စုံစုံလင်လင်ဖြင့်
သာသနာ့ဘောင် သွတ်သွင်း၍ သာသနာ့အမွေခံယူကာ သာသနာ့ဒါယကာ၊ သာသနာ့ဒါယိကာမ အဖြစ်ကို ခံယူခဲ့သည်။
၁၂၅၇-ခုနှစ်တွင် မန္တလေးမြို့ ဒေးဝန်းအရပ်တွင် တည်ရှိသော ဥယျာဉ်တစ်ခုကို အဘိုးအခပေး၍
ဝယ်ယူကာ အရာမ်တိုက်တာပြုလျက်
ရွှေအင်ပင် ကျောင်းကြီးနှင့်တကွ
ဇရပ် သိမ် တန်းဆောင်းတို့ကို ဆောက်လုပ်ပြီး တိပိဋကဓရ
ရွှေအင်ပင်ကျောင်း မူလပထမ
ဆရာတော်ဘုရားကြီး ဦးဇဝနဓဇကို
ကျောင်းသို့ပင့်၍ ကိုးကွယ်ခဲ့သည်။
၁၂၆၁-ခုနှစ်တွင် သမီးဖြစ်သော မယ်ရှင်ကို နားသခြင်းမင်္ဂလာနှင့်
တကွ ရွှေအင်ပင်ကျောင်း၊ သိမ် ၊ဇရပ်
တို့ကို ခမ်းခမ်းနားနားပြုလုပ်၍
ရေစက်ချကာ လှူဒါန်းခဲ့သည်။
၁၂၆၉-ခုနှစ်တွင် ဆံတော်ရှင်ဘုရား
ကိန်းဝပ် စံပယ်တော်မူရာ ပြည့်မြို့
ရွာဘဲ ခေါ် ရန်ပယ်ရပ်၌ မြဝတီစက်ကြီးကို အဘိုးအခ ပေးဝယ်၍ သားဖြစ်သူ မောင်အန်ကို ဆန်စပါး စသည်တို့ကို အရောင်းအဝယ်ပြုလုပ်ကာ ရောင်ချစေခဲ့သည်။
၁၂၇၈-ခုနှစ်၊တပေါင်းလဆုတ် ၅-ရက်တနင်္လာနေ့တွင် ရွှေအင်ပင်
ကျောင်းဒကာ သူဌေးကြီးဦးစက်ရွှင် ကွယ်လွန်အနိစ္စရောက်၍ ၁၂၁၇-ခုနှစ်ပြာသိုလ်လပြည့်ကျော် ၁၅-ရက်၊အင်္ဂါနေ့ဖွားမြင်သော ဒေါ်ဘွားသည်လည်း
၁၂၈၈-ခုနှစ်
တပိုတွဲလပြည့်ကျော် ၁၂-ရက် တနင်္လာနေ့ အရောက်တွင်
ကျောင်းဒကာမကြီး ဒေါ်ဘွား
ဘဝတပါး ကွယ်လွန် အနိစ္စရောက်ခဲ့ ပြန်ပါသည် ။ ရွှေအင်ပင်
ကျောင်းဒကာ သူဌေးကြီး ဦးစက်ရွှင်နှင့် ရွှေအင်ပင် ကျောင်းဒကာမ သူဌေးကတော် ဒေါ်ဘွားတို့၏ အုတ်ဂူများကို သူတို့ပိုဆိုင်သော
ဒေးဝန်းအရပ် ဥယျာဉ်ထဲတွင်
ပြုလုပ်၍ ရွှေအင်ပင် ကျောင်းတော်ကြီး၏ သမိုင်းအချက်လက်နှင့်တကွ
သမိုင်းတင် ကမ္ဗည်းရေးထိုးခဲ့သည်။
ယခုအခါ ကျောင်းဒကာနှင့်
ကျောင်းဒကာမတို့၏ ဥယျာဉ်သည် အိုးအိမ်းတိုက်တာများ ဆောက်လုပ်၍ လူများနေထိုင်ကြသည့်အတွက်
အိမ်ကြိုအိမ်ကြား တိုက်ကြိုတိုက်ကြားများတွင် အုတ်ဂူများနှင့်တကွ သမိုင်းကျောက်စာများမှာ ကွယ်ပျောက်လုနီးပါး ဖြစ်၍နေပေသည်။
သမိုင်းရှိပြီး သမိုင်းမသိက မေးသူရှိလာလို့ မပြောတတ်
မဖြေတတ်လျှင် အ အလို့ ပြောခံရပေမည်။ သမိုင်းအရှိကို
သမိုင်းသိဖို့အတွက် တစ်ကယ်တော့ ရွှေအင်ပင် ကျောင်းတော်ကြီး၏ သမိုင်းကမ္ဗည်းကျောက်စာသည် လူအများသိရှိ လေ့လာရအောင် ရွှေအင်ပင်ကျောင်းတိုက်ထဲတွင် အသစ်ပြုလုပ်၍သော်လည်းကောင်း ထားရှိသင့်သော အရာဖြစ်ပေသည်။
ရွှေအင်ပင်ကျောင်း သမိုင်းရေးသား ရာတွင် စာရေးသူအနေဖြင့် ပြောမှားဆိုမှား ရှိ၍သော်လည်းကောင်း၊စာရေး
သားခြင်း အမှားအယွင်း ရှိခဲ့သော်
လည်းကောင်း စာဖတ်သူ
ပရိသတ် မိတ်ဆွေ အပေါင်းသင်း
သူငယ်ချင်းများအနေဖြင့် နားလည်း
ခွင့်လွှတ်ပေးဖို့ အထူးပဲ မေတ္တာရပ်ခံ တောင်းပန် အပ်ပါသည်။
စာဖတ်သူ မိတ်ဆွေ အပေါင်းသင်း သူငယ်ချင်းများလည်း မန္တလေးမြို့သို့
ဘုရားဖူးရောက်လို့ပဲဖြစ်ဖြစ်၊
အလည်အပတ်ရောက်လို့ပဲဖြစ်ဖြစ် ရောက်သည့်အချိန်အခါမှာ တစ်ခေါက်တစ်ခါများ အရောက်သွားလို့
ခမ်းနားထယ်ဝါပြီး ရှုချင်ဖွယ်ရာ
အနုပညာလက်ရာမြောက်လှသော ရွှေအင်ပင်ရှေးဟောင်းကျောင်းတော်ကြီးကို လေ့လာကြည့်ရှုကြဖို့ရန်လည်းအထူးပဲတိုက်တွန်း
အပ်ပါသည်။
Thursday, June 23, 2016
ရွှေအင်ပင်ကျောင်း သမိုင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment