Thursday, June 30, 2016

အိပ်ယာဝင် အမှတ်စဉ် ၂

အိပ်ယာဝင် အမှတ်စဉ် ၂

အတိတ်ကို ပြန်လှန်ကြည့်တယ်
ငါတို့ပြင်ခဲ့တဲ့လမ်းတွေကို
မိုးနတ်မင်းကြီးက
မညှာမတာဖျက်စီးပစ်တယ်
မတရားသူကြီးတွေများတဲ့ခေတ်မှာ
ငါတို့ဟာ
ဘယ်လိုစွဲချက်တွေနဲ့မိုးနတ်သားကို
အပြစ်ဖွဲ့ကြမလဲ
မနှစ်ကလိုပဲ
မိုးကုန်ရင်
ငါတို့တတွေလမ်းပြင်ရဦးမယ်
မြေနိမ့်ရာကိုမှ
လှံစိုက်ရက်တဲ့မိုးနတ်မင်းကြီးရယ်
(အစ္ဆရိယ)

No comments:

Post a Comment