တောကြက်ဥပမာ ဝေဒနာရှုနည်း
တရားရှုတယ် ဆိုတာ
တောကြက်ထောင်သလိုပဲ
တောကြက်ကို ဖမ်းချင်တော့
ဒီတိုင်းထောင် လို့ မရဘူး။
တည်ကြက် ရှိမှရတယ်။
တောကြက်ဆိုတော့ ဘယ်နေမှန်းမှ
မသိဘဲကိုး။
ကိုယ့်တည်ကြက်ကို တည် ရတယ်။
တည်ကြက်လည်း တွန်ရော
တောကြက်ဟာ မ နေဘူး။
သူ့ ပိုင် နက် က နေ
ခွပ်မလို့ ပြေးထွက်လာတယ်။
အဲတော့မှ တောကြက်ကို ရိုက် ရတယ်။
ယောဂီတို့ အခုထိုင် နေတဲ့ ရုပ်ဟာ
ဓာတ်ကြီးလေးပါးရုပ်
သူက တင်းမယ် တောင့်မယ်
ကိုက်မယ် ခဲမယ် ပူမယ် အေးမယ်နဲ့
အမြဲဖောက်ပြန်နေတဲ့ ရုပ်ကြီး။
တင်းတယ် တောင့်တယ်ပေါ်လာတယ်။
ဒါတည်ကြက်။ ဓာတ်ကြီးလေးပါးရုပ်ကြီးကိုး။
သတိထားကြည့် အမြဲရှိနေတယ်
အဲဒီရှိနေတဲ့ ဓာတ်ကြီးလေးပါးရုပ်
ကြီးကို ကြာကြာလေးထိုင် ခိုင်းတာ
ဘာဖြစ်လို့တုန်း။ တောကြက်ထောင်
မလို့ ။ ကြာကြာလေးထိုင် လိုက်တော့
တင်းတာတွေ တောင့်တာတွေ ညောင်း
တာတွေ မတက်လာဘူးလား။
ဒါကိုယ့်တည်ကြက်
တောကြက်ကို ထောင် နေတာ။
တင်းတာ တောင့်တာလည်း ပေါ်လာရော
စိတ် က လေးက ကိုယ်ထားတဲ့
နေရာ နေသလား။
သွားညွတ်တာပဲ ။
တောကြက်ထွက်လာပြီ။
တောကြက်က ပြေးခွပ်တာပေါ့
တည်ကြက်ကို ။
သူ့ ပိုင် နက် ဝင် လာတော့
ခံချင် ရဲ့လား။
မခံချင် တဲ့ ဒေါသ လေး ထွက်လာ
တာနော်။ မခံချင် ဘူး။
မခံချင် တဲ့ တောကြက်ကို
မဖမ်းဘဲနဲ့ ကိုယ့်တည်ကြက်ကြီး
တင်းတာ တောင့်တာကြီး
သွား လွတ်အောင် ကြံနေတယ်။
ကိုယ့်တည်ကြက် ပြန် ရိုက်နေတာနဲ့
အတူတူပဲ။
သွားညွတ်တော့ ခံချင် ရဲ့လား
မခံချင် တာကို ပြန်လှည့်ရှုရမှာ။
မခံချင် တဲ့ တောကြက်ကို။
ဝေဒနာနာမ် မခံချင် တာ ကို
ခံစားနေရတယ်။ အဲဒီခံစားတဲ့
သ ဘော ဝေဒနာကို ရှုရမှာ။
ဒီခံစားတဲ့ သ ဘော ကလည်း
တင်းတယ် တောင့်တယ် တည်ကြက်
ပေါ်မှ ဒီစိတ်က ပေါ်မှာ။
တင်းတယ် တောင့်တယ်က
ရုပ်တရား
သွားခံစားတာက နာမ်တရား။
တင်းတာ တောင့်တာကြီး
လွတ်အောင် ကြံနေတယ်။
လွတ်အောင် ကြံနေတာက
ဘယ်သူလဲ။ လောဘ။
ပေထား ကပ်ထားတာ
မခံချင် လို့  ဒေါသ။
အဲဒီစိတ်တွေ ပြန် ရှုရမှာ။
မခံချင် တာက ငါဖြစ်နေတယ်။
ဟိုမှာ တင်းတာက သူ့ ဟာသူ
အသာလေး တင်းပြ နေတယ်။
ကိုယ့်မှာ မခံနိုင် တာကြီးက စိုးနေတာ။
ညောင်းတာ ညာတာ မလွတ်တာ
အဲဒီနေရာမှာ လည်နေကြတယ်။
အ ကြောင်း အကျိုး မရှုတတ်လို့ 
လည်နေတာ။
တင်းတာ တောင့်တာ
ညောင်းတာ ညာတာက
တည်ကြက်။ သွားညွတ်ပြီး
မခံချင် တာ လွတ်အောင်ကြံနေတာ
တောကြက်ထွက်လာတာ။
လွတ်အောင် ကြံနေတဲ့စိတ်ကို
ရှုရမှာလား။
တင်းတာ တောင့်တာကြီး ရှုရမှာလား။
မခံချင် တဲ့စိတ့်
လွတ်အောင်ကြံတဲ့စိတ်
ဟိုကြံ ဒီကြံ ကြံတဲ့စိတ်။
ဟိုကပ် ဒီကပ် ကပ်တဲ့စိတ်
အဲဒီစိတ်ကို ရှုရမှာ။
အဲဒီစိတ်က ငါဖြစ်နေတယ်။
ငါလေး တစ်လုံးကွယ်ထားတော့
မ တွေ့ဘူး။ ဒိဋ္ဌိကိုးဗျ။
အယူကွယ်ထားတယ်။
ငါပဲ ဖြစ်နေတယ်။
တင်းတာ တောင့်တာ
ရုပ်ကတင်းနေတာ
သွားခံစားတာ ဘယ်သူလဲ။
နာမ်က ခံစားတာ။
နာမ် အ ကြောင်း
သမုဒယကို ရှုမှ
ရုပ်အကျိုး ဒုက္ခငြိမ်းမှာ။
နာမ်မလိမ်မာလို့ ရုပ်ခွေးဖြစ်တာ။
သူ့ ဘာသူ နေတာ
သွားညွတ်တော့ မခံချင် တာခံစားတယ်။
မခံချင် တဲ့ စိတ်ကို ရှု၊
သွားညွှတ်တယ် ညွှတ်တဲ့စိတ်ကိုရှု၊
စိတ်ကို မရှုဘဲနဲ့။
ပေါ်တာရှုဆိုတော့ ဘာများပေါ်မလဲလို့
အကဲခတ်တယ်။
အကဲခတ်တဲ့စိတ် ပေါ်နေတာမသိဘူး။
အကဲခတ်တဲ့စိတ် ရှု။
အဲနားမှာ လည်နေကြတာနော်။
ကပ် ရှုပ်နေတဲ့အတွက်
တရားတွေ ကြာနေကြတယ်။
တရားအားထုတ်တယ်ဆိုတာ
ခန္ဓာထဲ ဥာဏ်သွင်းပြီးတော့
သတိနဲ့ စောင့်ရှုတာ။
သူခိုးနောက် စုံထောက်လိုက်သလို
လိုက်ရတာ၊ ရှုရတာ။
ဝေဒနာတက်လာရင်
ဝေဒနာတက်တာကြီးကို
တောင့်ခံ၊ ပေခံ၊ ဟိုကြံ ဒီကြံတွေ
လုပ်နေကြတယ်။
မခံစားချင်တဲ့စိတ်ကို၊ မရှုကြဘူး။
တင်းတာ၊ တောင့်တာကြီး၊
သွားသတ်နေတာက၊ အကျိုးသတ်၊
တင်းတဲ့ တောင့်တဲ့ အပေါ်မှာ၊
သွားညွှတ်ပြီးတော့၊ မခံချင်တဲ့ စိတ်၊
လွတ်အောင်ကြံတဲ့ စိတ်ကို
ပြန်လှည့်ရှုတာ အကြောင်းသတ်၊
အကြောင်းသတ်မှ အကျိုးရပ်မယ်။
ဓမ္မဒါနဖြင့်
credit : ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ page
သာသနာပြုအဖွဲ့(စင်္ကာပူ)
No comments:
Post a Comment