ဒီလူကြီးလုပ်ချလိုက်မှဖြင့်
ရင်တွေကိုဗြောင်းဆန်လို့ ဗျာ
ကြည့်ပါဦး
သူရေးလိုက်တဲ့ အမည်ကလေးက
" နောက်ဆုံးကျန်သော ပြည့်ရတနာ"
တိုင်းပြည်အဝှမ်း သစ်တောလွှမ်းလည်း
လက်တဆုပ်စာ မသမာလို့
ရေမြေဆုံးရှုံး တောင်ကတုံးနှင့်
လွင်တီးခေါင်ပြင် ဖြစ်ခဲ့ပြီ.....
တိုင်းပြည်တခွင် ကျောက်မျက်ရွှင်လည်း
လက်တဆုပ်စာ မသမာကြောင့်
ရွှေငွေဆုံးရှုံး သယံတုံးလို့
ပြည့်ဝမ်းဟောင်းလောင်းဖြစ်ခဲ့ပြီ.....
တိုင်းပြည်ပညာ ထင်ရှားပါလည်း
မတော်မသစ် ဖိနှိပ်ရစ်ကြောင့်
လူငယ်ဆုံးရှုံး အချိန်ဖြုန်းလို့
ပြည့်အနာဂတ် ညိုးခဲ့ပြီ......
အဆိုးမှပြန် အကောင်းကျန်လို့
ဉာဏ်နှင့်ပညာ မြင့်မားစွာလျှင်
နောင်လာနောက်သား ပြည်ကြီးပွားဖို့
စွမ်းထားဆောင်ရွက် ပြည့်ကျောက်မျက်တည့်...
မီးရှုးတန်ဆောင် ပြည့်ဂုဏ်ဆောင်သည်
အံ့ဘွယ်တန်ဖိုး မပျက်တိုးနှောင်
ပြည်ကျိုးဆောင်တည့်.....
တိုင်းပြည်ရင်နှစ် ပြည်သူချစ်သည်
နောက်ဆုံးကျန်ရာ ပြည့်ရတနာတည်း.....။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ၂၀၁၆ ဇွန်လ ၂၃ ရက်နေ့မှ
၂၅ ရက်နေ့အတွင်း တရားဝင်အလည်အပတ်ခရီး ရောက်ရှိ
နေသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အမှတ်တရ ဂုဏ်ပြုပြီး
စပ်ဆိုပါ၏။
ကိုဇော်
၁၅:၁၀
၂၃/၀၆/၂၀၁၆
By Ko Zaw Minn Htun
Photo by AP
No comments:
Post a Comment