Thursday, June 30, 2016

တရား နှလုံးသွင်း တဲ့ ခေါင်းဆောင်ကောင်း ******

******  တရား နှလုံးသွင်း တဲ့  ခေါင်းဆောင်ကောင်း  ******

!!!   "ကျမ က  ဗုဒ္ဓဘာသာဝင်ဆိုတော့  လောကဓံတရား(၈)ပါးကို
အမြဲနှလုံးသွင်းပါတယ်။ လူဆိုတာတချိန်ချိန်အောင်မြင်မယ်
ရာထူးကြီးမယ်    ချီးမွမ်းခံရမယ်    ပျော်ရွှင်ရမယ်  နောင်တရချိန်မှာတော့
ရှုံးနိမ့်ရမယ်။  ရာထူးကိုစွန့်လွှတ်ရမယ်  ကဲ့ရဲ့ခံရမယ်  ဝမ်းနည်းရမယ်။

အရင်တုန်းက နိုင်ငံအနှံ့ဘယ်နေရာကို စည်းရုံးရေးခရီးသွားသွား
လူတွေက ကျမကို အသက်ရှည်ပါစေ  ကျန်းမာပါစေလို့  ဆုတောင်းပေးကြရင်
ကျမစိတ်ထဲမှာ  အသိတရားတစ်ခုဝင်လာတယ်။ ဒါတွေက
အမြဲတမ်းမဟုတ်ဘူး။ တစ်နေ့ကျတော့ ကျမကိုထောက်ခံတဲ့
သူတွေကပဲ  ဆန့်ကျင်ရင်ဆန့်ကျင်ကြမှာပဲ။  နိုင်ငံရေးဆိုတာ
ဒီလိုပဲလေ။  လူ့ဘဝဆိုတာကလည်းဒီလိုပါပဲ။ ကျမ ဒါကို
အမြဲ နှလုံးသွင်းထားပါတယ်။ ခေါင်းဆောင်လုပ်တဲ့လူဟာ
လူတွေရဲ့ စိတ်အပြောင်းအလဲဒဏ်ကို  အများဆုံးခံကြရတာပါပဲ " !!!

ဒီလိုစိတ်သဘောထားမြင့်မြတ်လွန်းတဲ့  ခေါင်းဆောင်ကို
ပိုင်ဆိုင်ထားတဲ့  တိုင်းပြည်မှာလူဖြစ်ခွင့်ရနေတဲ့သူတိုင်းဟာ
လူဖြစ်ရကျိုးနပ်လိမ့်လို့ယုံကြည်နေမိပါတယ်။         ။

                                                               ရန်ငြိမ်းသူ
.
Credit .... ရန်ငြိမ်းသူ (ဥာဏ်လှိုင်)

No comments:

Post a Comment