" " သခင့်အတွက် ကျိန်စာ " "
မေတ္တာဖြင့် ရေလောင်းလို့ ပေါင်းသင်
သခင်နားလျှင် အအေးရ၊
သခင်မွှေးလျှင် ရနံ့ကြူ၊
သခင်ခြူလျှင် ပန်းဖြစ်၊
အကျွန်ပျိုးသည့် အရိပ်စစ်
သခင်အတွက်သာ ဖြစ်စေ. . .။
မောင်အလင်္ကာ
( မန်း - တက္ကသိုလ် )
လွဲပါရစေသား
*******
မေတ္တာဖြင့် ရေလောင်းလို့
ပေါင်းသင်ထားပါသတဲ့
ဖိတ်ခေါ်စာ ကာရန်မြောက်လေတော့
ငါသခင် အေး ရနံ့ ပန်းကြိုက်သူမို့
နား မွှေး ခြူ လှမ်းချင်ပါသော်လည်း
ဖန်ဝါရောင်
ကန့်လားကာ နောက်မှာဖြင့်
ပတ္တမြားရောင် ဆိုးရုပ်တွေ့သောကြောင့်
နား မွှေး ခြူ မလှမ်းချင်တော့ပါဘူး
သခင့်အတွက် ကျိန်စာသင့်စေတော့
လွဲပါရစေသား...........
( ပုံ- သခင့်ကိုယ်စာလှယ်/ သခင့်အကြံပေး/သခင့်ပြောရေးဆိုခွင့်ရှိသူ/ သခင့်ရဲ့ တဦးတည်းသော တက္ကသိုလ်စာသင်သား )
မှတ်ချက်--- ပတ္တမြားရောင် ဆန့်ကျင်ဘက် အမည်းရောင်ကို ရွဲ့မပြောပါ။ (ဆိုးရုပ် R ရုပ်ဆိုး)
No comments:
Post a Comment