စာမေးပွဲကျလို့ကတော့=====
{လူထွက်ပါတော့ ပျိုတို့မောင်}
အနောက်တောင် တိမ်ညိုစောင်းတော့
မိုးကောင်းလိမ့်ကိုရင်ရယ်။
ဒီတစ်ခါ ဝါမဆက်နဲ့
လူထွက်ခဲ့ကွယ်။
မိဘအတွက် နှစ်ဝါရယ်
ကိုယ့်တွက်တာ တစ်ဝါပေါ့။
မယ့်တွက်တာ ဝါမဆက်ပါနဲ့
လူထွက်ပါတော့။
လိင်ပြန်လျင် စီးဖို့လို့
ဗျက်ကြီးကြီး ဖိနပ်ကျယ်။
မြို့တက်ကာ ဘုရားဖူးရောက်တော့
ဈေးလျှောက်လို့ဝယ်။
ဝါးခမောက်ထယ်ထယ်
အနံကျယ် လုံကွင်း။
ပျိုတို့မောင် တောင်ယာခုတ်ဖို့
ဓားက တစ်စင်း။
ထင်းစည်းကို မောင်ခုတ်တော့
ဆူးငုတ်တို့ ဆူးပါမယ်။
ရှင်လိင်ပြန် လူပျိုလှမို့
စိတ်မချတယ်။
မောင့်နှမ လိုက်လို့ရယ်
ခုတ်ပါ့မယ် ကြံရဲ့။
ပျို့မောင်မှာ ယာစောင်းက
နွားကျောင်းနေခဲ့။
ပျိုတို့မောင် လယ်ထွန်ထွက်တော့
ထမင်းချက် ထုပ်ခဲ့မယ်။
ထွန်ရေးငင် မောင်မဖြောင့်တယ်လို့
စိတ်နှောင့်နဲ့ကွယ်။
မောင်က အမှိုက်သယ်
မယ်ကထွန်မောင်း။
ထွန်ဖြုတ်ချိန် နေစောင်းမှ
နွား မောင်ကကျောင်း။
မောင့်နှမ နွားနို့ညှစ်တော့
ပျို့ချစ်သူ ဘေးကထိုင်။
ဆေးလိပ်တိုကို ပါးစောင်ခဲလို့
ခွက်မြဲမြဲကိုင်။
နို့ခွက်မနိုင်
ဖင်ထိုင်လို့ လဲမည်စိုး။
ပျို့မောင်ကို နွားကန်ပါ့မယ်
မဒန်းမ ဗွေဆိုး။
တောမီးကို မောင်ရှို့တော့
ပိုးမွှားတို့ ပါလိမ့်မယ်။
တရားရှင် ကိုရင်ထွက်မို့
စိတ်ပျက်နဲ့ကွယ်။
အမှိုက်ကိုသယ်
ယာခင်းလယ် ပုံခဲ့။
ထွန်ဖြုတ်ချိန် နေညို့တော့
မေရှို့မယ်ကွဲ့။
ထွန်ဖြုတ်ချိန် နေစောင်းတော့
ညောင်းသပ ဆိုပါလျင်။
ပျို့မောင်ကို ချွေးသိပ်လို့
နင်းနှိပ်မယ့်ခင်။
ရွာဦးက နတ်စင်
အပြန်တွင် ဝင်လို့။
သီးနှံတွေ အထွက်ကောင်းအောင်
ဆုတောင်းပါစို့။
အနောက်တောင် တိမ်ညိုစောင်းတော့
မိုးကောင်းလိမ့်ကိုရင်ရယ်။
ဒီတစ်ခါ ဝါမဆက်ပါနဲ့
လူထွက်ခဲ့ကွယ်။
မိဘအတွက် နှစ်ဝါရယ်။
ကိုယ့်တွက်တာ တစ်ဝါပေါ့။
မယ့်တွက်တာ ဝါမဆက်နဲ့
လူထွက်ပါတော့။
ထူးဆရာတော်
No comments:
Post a Comment