Tuesday, June 21, 2016

ခရေ

🍀🌼 ခရေ 🌼🍀

တစ်ပွင့်တည်းလည်းမွှေး

တစ်ခိုင်လုံးလည်းမွှေး

ဘယ်နှစ်ပွင့် ဆိုင်ဆိုင်

မယိုင်မလဲ ရဲတဲ့သတ္တိ

သူ့မှာ ရှိတယ် ....

အပင်ပေါ်လည်း ..မွှေး

ကြွေလျှင်သော်လည်း မွှေး

ဝေဟင်မှာလည်း ရနံစွဲခဲ့

သူ့ရဲ့ ..သတ္တိ

မြေပြင်ပေါ်လည်း ..အမြဲရှိတယ်

ကုံးသီလည်း ..မွှေး

အထုံးပြေလည်း ..မွှေး

မပြုံးမရီ တည်ကြည်လိုစိတ်

အရိပ်တစ်ခု ထုဆစ်ပုံဖော်

သူ .မျှော်တတ်တယ်

ပန်ထားလည်း ..မွှေး

ချန်ထားလည်း ..မွှေး

အတွေးမှာစွဲ ..အသဲမှာ ခို

ဗဟိုရ်မှာရစ် အချစ်သခင်နဲ့

ယဇ်ပလ္လင်လည်း ..သူစွန့်ရဲတယ်

   Yel Yint Thu

No comments:

Post a Comment