" စီးပွားရေးလုပ်ငန်း စတင်ခြင်းပြိုင်ပွဲ "
>> ပထမဆု=သိန်း(၅၀)၊ ဒုတိယဆု=သိန်း(၃၀)၊ တတိယဆု=သိန်း(၂၀) တို့အပြင် စီးပွားရေးနည်းပညာပံ့ပိုးမှုများ ရရှိနိုင်မယ့် လုပ်ငန်းသစ်စတင်မှုယှဉ်ပြိုင်ပွဲ....
>> စာရွက်ပေါ်မှာတင်ပြ ယှဉ်ပြိုင်ရတဲ့ သာမန် Business Plan ပြိုင်ပွဲမဟုတ်ပါ
>> ရေရည်မှာ အောင်မြင်စွာရပ်တည်သွားနိုင်မယ့် လုပ်ငန်းသစ်စတင်မှု အတွက် အဆင်သင့်ဖြစ်မှုကို ယှဉ်ပြိုင်ရမှာပါ..
ဘယ်သူတွေဦးဆောင်တာလဲ ?
>> AAT Business Park က ဦးဆောင်စီစဉ်ပြီး Great Diamond ရတနာဆိုင်၏ ပူးတွဲစီစဉ်မှု၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (မန္တလေးတိုင်းဒေသကြီး) ၏ ကူညီပံ့ပိုးပေးမှု၊ မန္တလေးမြို့၏ ထင်ရှားကျော်ကြားသော လူမှုအကျိုးပြု စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖေါ်နေတဲ့ အသေးစား စီးပွားရေး လုပ်ငန်း များပေါ်ထွက်လာရေး ပံ့ပိုးမှုအစီအစဉ်တစ်ရပ် ဖြစ်ပါတယ်...
ဘယ်သူတွေကို ရည်ရွယ်တာလဲ ?
>> အသေးစား စီးပွားရေးလုပ်ငန်းရှင် ဖြစ်လိုသူ လူငယ်လူရွယ်များနှင့် ကိုယ်ပိုင်စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းကို စတင်ဖို့စိတ်ကူးသူထားများအတွက် ရည်ရွယ်သည့် ပထမဆုံးသော စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်လာရေး ပံပိုးမှု အစီအစဉ်ဖြစ်သည့် “အောင်မြင်မှုဆီ လက်တွဲညီ (Hands Together)”၏ ပထမဆုံးလှုပ်ရှားမှု "စီးပွားရေးလုပ်ငန်း စတင်ခြင်းပြိုင်ပွဲ" ဖြစ်ပါတယ်...
ဘယ်လိုအကျိုးအမြတ်တွေရမှာလဲ ?
--> (၁) အစီအစဉ်ပြီးဆုံးသွားလျှင် သင်လုပ်ကိုင်မည့် စီးပွားရေးလုပ်ငန်း အတွက် စီးပွားရေးစီမံချက်(Business Plan)တစ်ခုကို သင်ကိုယ်တိုင် ရေးဆွဲပြီးစီးသွားပြီး လုပ်ငန်းစတင်တည်ထောင် အကောင်အထည်ဖေါ်ရန် အဆင်သင့်ဖြစ်နေခြင်း၊
(၂) ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ ဆွတ်ခူးပြီး ငွေကြေးအထောက်အပံ့ ရရှိခြင်း၊
(၃) လုပ်ငန်းလုပ်ကိုင်ရန် အဆက်အသွယ်၊ အကြံဥာဏ်၊ အထောက်အပံ့များ ရရှိခြင်း။
ဘယ်လိုရွေးချယ် ချီးမြှင့်မှာလဲ ?
လျှောက်ထားသူများထဲမှ အမှန်တကယ် စီးပွားရေးလုပ်ငန်းကို စတင်လုပ်ကိုင်လို သူများကို ရွေးချယ်၍ ၊ ရွးချယ်ခံရသူများမှာ ပြည်တွင်းစီးပွားရေးပညာရှင်များနှင့် သင်တန်းဆရာများထံမှ လုပ်ငန်းအောင်မြင်နိုင်မည့် နည်းစနစ်သင်တန်းများ တက်ရောက်
ခွင့်ရရှိမည်ဖြစ်သည်။
သင်တန်း၏ နောက်ဆုံးအဆင့်တွင် စီမံဆာင်ရွက်သူတစ်ဦးအဖြစ် အကဲဖြတ် အဖွဲ့ထံ သင်တန်းကာလအတွင်း တင်ပြခဲ့သည့် သူ၏ တင်ဆက်မှုအစီအစဉ်များ၊ အကြောင်း အရာများအပေါ် အခြေခံ၍ ရွေးချယ်မည်ဖြစ် သည်။
နောက်ဆုံးအဆင့်ကိုတက်လှမ်းနိုင်သူများမှာ တနည်းအားဖြင့် ၄င်းတို့၏စီးပွားရေး လုပ်ငန်းကို စတင်ပြီးလည်း ဖြစ်သည်။ သြဂုတ်လ(၂၂)တွင် အစီအစဉ်တလျှောက်လုံးရှိ အဆင့်တစ်ခုချင်းစီတွင် အမှတ်အများဆုံးရရှိသူ (၃)ဦး ကို ရွေးချယ်ကာ ပထမ၊ ဒုတိယ၊ တတိယ ငွေသားဆုများ ချီးမြှင့်မည် ဖြစ်သည်။
ဘယ်လိုပါဝင်ယှဉ်ပြိုင်ရမှာလဲ ?
လျှောက်လွှာတစ်စောင်လျှင် ငွေကျပ် (၃၀၀၀)တည်းဖြင့် ဝယ်ယူဖြည့်စွက်၍ ယခုမှစတင်ပြီး၂၀၁၆ခုနှစ် ဇူလိုင်(၁)ရက်နေ့မတိုင်ခင် ပြန်လည်လျှောက် ထားနိုင်ပါပြီ။
ပါဝင်ယှဉ်ပြိုင်လိုသူများအတွက် လျှောက်လွှာများကို အောက်ဖော်ပြပါ နေရာများတွင် ဝယ်ယူ လျှောက်ထားနိုင်ပါသည်။
(၁) AAT Business Park: လမ်း (၈၀)၊ ၃၈လမ်းနှင့် ၃၉လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
(၂) Great Diamond GEMS &JEWELLERY :လမ်း (၈၀)၊ ၃၂လမ်းနှင့် ၃၃လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
(၃) UAB မန္တလေးဘဏ်ခွဲအားလုံး
(၄) Home Aid Electric Center: ၈၄ လမ်း၊ ၃၁လမ်းနှင့် ၃၂လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
(၅) ဇီဝကဆေးဆိုင် : လမ်း (၃၀)၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
(၆)အေဒင်စတိုး : ၆၂လမ်းနှင့် မနော်ဟရီလမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့
(၇) Global Wave Technology : အခန်း(၃၀၃)၊ တတိယထပ်၊ AKK Shopping Mall
လေးထောင့်ကန်လမ်း၊ သင်္ကန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။
“Hands Together Campaign” အကြောင်း ပိုမိုသိရှိလိုပါက
www.facebook.com/HandsTogetherMyanmar
နှင့် www.siyb.com.mm ၊www.facebook.com/SIYBMyanmar တို့တွင် ဝင်ရောက်ကြည့်ရူ့နိုင်သည်။
Hotline No. 09- 200 5347 / 09- 77 187 1844 / 09- 77 187 1833
==================================================
No comments:
Post a Comment