" ကာမီးကီယားတွင်ပြောကြားသည့်မိန့်ခွန်း"
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည်
(12-June-2016) ရက်နေ့ ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၊
ကာမီးကီယားပြည်နယ်ရှိ Victory Square တွင်
ကျင်းပသည့် Russian Day at the Republic of Kalmykia
တွင် မိန့်ခွန်းတစ်ရပ် ပြောကြားချီးမြှင့်ပေးခဲ့ပါသည်။
မိန့်ခွန်း >>>>>
" သီတဂူဆရာတော်ဒေါက်တာအရှင်ဉာဏိဿရ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ
ကာမီးကီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၊ Elista မြို့တော်
Victory Square တွင် Russian's Day ကို
ဂုဏ်ပြုပြောကြားသည့်မိန့်ခွန်း "
အဆွေတော်များအားလုံး မင်္ဂလာညနေခင်းပါ !
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာမီးကီးယားပြည်နယ်မြို့တော်
Elista ရဲ့ Victory Square မှာ ရုရှားအချုပ်အခြာအာဏာပိုင်ဖြစ်
ကြေညာတဲ့နေ့(Russian's Day) ကိုအကြောင်းပြုလို့
ဂုဏ်ပြုစကားပြောကြားရတဲ့အတွက် ကျွန်ုပ်အနေဖြင့်
အထူးပင် ဝမ်းမြောက်မိပါတယ်။
ရှေးဦးစွာ သာသနာပြုခရီးစဉ်အတွက်ဖိတ်ကြားတဲ့
ကာမီးကီးယား ဗုဒ္ဓဘာသာဂိုဏ်းအုပ် Venerable
Telo Tulku Rinpoche , Venerable Mutul-gelong
(The Abbot of the Main temple of Kalmykia
"Golden Abode of Buddha Shakyamuni) တို့နဲ့အတူ
ကျွန်ုပ်တို့ ခရီးစဉ်အတွက် စိတ်အားထက်သန်းစွာ
ဆောင်ရွက်ကြသော ကာမီးကီးယား အစိုးရ
ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးနှင့် ဝန်ထမ်းအားလုံးကို
အထူးပင် ကျေးဇူးတင် ဂုဏ်ပြုချီးကျူးရပါကြောင်း
လှိုက်လှဲစွာ ပြောကြားပါရစေ။
ရုရှားနိုင်ငံဟာ ကမ္ဘာ့ဧရိယာအကျယ်ဆုံးသော
တိုင်းပြည်နိုင်ငံဖြစ်ပါတယ်။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားတဲ့
ပြည်နယ်များ၊နိုင်ငံများစွာဖြင့် ဖွဲ့စည်းထားတဲ့
ကမ္ဘာမှာအင်အားတောင့်တင်းတဲ့နိုင်ငံလည်းဖြစ်ပါတယ်။
မြောက်များစွာသော လူမျိုးစုပေါင်းစုံတို့ စုစည်း မှီတင်း
နေထိုင်ရာလဲဖြစ်ပါတယ်။ဒီလို အမျိုးမျိုး အပြားပြားသော
လူမျိုး ဘာသာ ဓလေ့ ထုံတမ်းစဉ်လာများစုပေါင်း
ထားတဲ့နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တဲ့နေ့အဖြစ်
ကြေညာတဲ့ ဒီနေ့ ဇွန်လ(၁၂)ရက်နေ့ဟာ ရုရှားပြည်သူ
ပြည်သားအပေါင်းတို့အတွက် အလွန်ပဲမင်္ဂလာရှိတဲ့နေ့
ဂုဏ်ယူဖွယ်ရာနေ့ဖြစ်ပြီး ကျွန်ုပ်အနေနဲ့လည်း
ရုရှားလူမျိုးတို့ရဲ့ စည်းလုံးချစ်ခင်မှု ရင်းနှီးဖော်ရွေမှုစတဲ့
ကောင်းခြင်းမင်္ဂလာ အဖြာဖြာတွေအတွက် အထူးပဲ ဂုဏ်ပြူအပ်ပါတယ်။
လေးစားချစ်ခင်ရပါသော ရုရှားပြည်သူ/ပြည်သားများ၊
ကာမီးကီးယားပြည်သူ/ပြည်သားများတို့
ဒီကနေ့ ကျွန်ုပ်တို့တတွေဟာ နိုင်ငံရေးစနစ်
စီးပွားရေးစနစ်နှင့် ယဉ်ကျေးမှု ကိုးကွယ်သည့်ဘာသာ
စသည်ဖြင့် မတူကွဲပြားခြားနားသော ကမ္ဘာကြီးမှာ
နေထိုင်နေကြရတာဖြစ်ပါတယ်။ဒါကြောင့်
မတူညီနိုင်သောအချက်အလက်တွေကို ငြင်းခုံ၍မနေကြပဲ
တူညီသောအချက်အပေါ်မှာ ငြိမ်းချမ်းစွာ
လက်တွဲသွားကြဘို့ ဖြစ်ပါတယ်။
ဤယနေ့ကမ္ဘာပေါ်က အမျိုးမျိုးကွဲပြားနေကြသော
လူသာတွေမှာ အမျိုးမျိုးကွဲပြား ခြားနားသော
ပြဿနာများနှင့် အမျိုးမျိုးကွဲပြားခြားနားသော
သဘောထား အတွေးအခေါ် အယူအဆ
ခံယူချက်တွေရှိနေကြပါတယ်။ဒါပေမယ့်
" ပြဿနာတွေရှိတယ်" ဆိုတဲ့နေရာမှာ အားလုံးတူတယ်။
အခြေရှာနေကြတယ်ဆိုတဲ့အချက်မှာလည်း
အားလုံးတူတယ်။ဒါပေမယ့် ဒီလူ့ဘဝပြဿနာတွေရဲ့
အပြီးသတ်အဖြေဆိုတာ တကယ်ရှိလိမ့်မယ် မဟုတ်ဘူး။
ဒါ့ကြောင့် " ကွဲပြားခြင်းထဲမှာ ညီညွှတ်ခြင်း"
ရှိတယ်ဆိုတဲ့ အချက်ကို ကျွန်ုပ်တို့ လက်ခံရလိမ့်မယ်။
ဥပမာ ကုန်းမြေပေါ်မှာ မြစ်တွေဟာ အမည်အမျိုးမျိုးကွဲနေတယ်။
သိမ်းမြစ်၊ရိုင်းမြစ်၊နိုင်းမြစ်၊ဗော်လဂါမြစ်၊ဂင်္ဂါမြစ်၊ဧရာဝတီမြစ်
စသည်ပေါ့။
အဲ့ဒီလို ကွဲပြားနေတဲ့အမည်တွေထဲမှာ
ရေကိုမြင်အောင်ကြည့်လိုက်လျှင် ကွဲပြားခြင်းထဲက
တူညီခြင်းကို ရပါတယ်။အဲ့ဒီလို တူညီမှုတို့ကို
စုစည်းနိုင်မှသာ အားလုံး လက်ခံနိုင်မယ့်
လမ်းကြောင်းတစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
Common Platform တည်ဆောက်နိုင်မှလည်း
ပြဿနာအားလုံးကို ဖြေရှင်းနိုင်ပြီး ငြိမ်းချမ်းရေးနှင့်
လုံခြုံရေးတို့ကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
ဤမျှလောက် များပြားသော ဘာသာရေး ယဉ်ကျေးမှု
နိုင်ငံရေး လူမျိုးရေးတွေ ကွဲပြားနေကြစေကာမူ
အားလုံးသော ဘာသာရေး
နိုင်ငံရေး လူမှုရေးခေါင်းဆောင်တွေဟာ
ဘာသာရေးတစ်ခုနှင့်တစ်ခုအကြား
ယဉ်ကျေးမှုတစ်ခုနှင့်တစ်ခုကြား ပေါင်းကူးတံတားများ
တည်ဆောက်နိုင်ကြမည်ဆိုလျှင် ကျွန်ုပ်တို့လူသား
အချင်းချင်း ပို၍ကောင်းမွန်သော နားလည်မှု
ယုံကြည်စိတ်ချမှုတွေ ရရှိကြပါလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါတယ်။
ထို့ပြင်ပဋိပက္ခတွေကို ရှောင်းရှားပြီး စိတ်ဓာတ်တင်းမာမှုတွေလည်း
လျော့ပါးသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။
မြတ်ဗုဒ္ဓ၏ လက်ထက်တော်ကာလက
ကိုးကွယ်ရာအမျိုးမျိုးရှိကြသော လူတို့သည်
ဗုဒ္ဓရှင်တော်သို့ ချည်းကပ်လာသောအခါ "ဟေ့
မတူကွဲပြားတဲ့အပေါ်မှာ
မဆွေးနွေးကြစို့နဲ့၊ တူညီတဲ့အပေါ်မှာ ဆွေးနွေးပါစို့
တို့သဘောတူတဲ့အပေါ်မှာဆွေးနွေးပြီး အနှစ်သာရထုတ်ယူကြပါစို့ "
ဟူ၍
ဗုဒ္ဓရှင်တော်မိန့်ဖူးပါသည်။ဒါ့ကြောင့် သဘောမတူနိုင်တဲ့
အချက်တွေကို ပြောဆိုနေကြပြီး ငြင်းခုံနေကြခြင်းဖြင့်
ဘာအကျိုးရှိအံ့နည်း။
-ရန်ငြိုးဖွဲ့ခြင်းကို မေတ္တာမြင့်ဖြေရှင်းရ၏။
- အကြမ်းဖက်ခြင်းကို သည်းခံခြင်း ခွင့်လွှတ်ခြင်း ဖြေရှင်းရာ၏။
-အကြမ်းဖက်ခြင်းကို အကြမ်းနည်းဖြင့်ဖြေရှင်းခြင်းသည်
ပို၍ကြမ်းတမ်းလာစေ၏။
-မုန်းတီးခြင်းကို မေတ္တာဖြင့်ချုပ်ငြိမ်းစေရာ၏။
-ဤသည်တို့ကား ဘာသာရေးမပေါ်မီကပင်ရှိခဲ့သော ကမ္ဘာဦးတရား
ဘာသာတရားအားလုံး၏ Common Core ဖြစ်သည်။
ဤသည်ကား ဓမ္မ...... ဓမ္မဟူသည် သစ္စာတရား။
-ဗုဒ္ဓ၊ ဟိန္ဒူ၊ဂျိန်း၊ခရစ်ယာန်၊အစ္စလာမ်၊ဆစ်
မည်သည်ဘာသာမဆို ဤမွန်မြတ်သော သစ္စာတရားတို့ ရှိပါသည်။
သစ္စာတရားကို နားလည်ကျင့်သုံးခြင်းသည် ကျွန်ုပ်တို့
ဘဝပြဿနာအားလုံး၏ အဖြေဖြစ်ပါတယ်။
သစ္စာဟူသည် ကျွန်ုပ်တို့ကိုယ်မှာရှိပါတယ်။
ထို့ကြောင့် သစ္စကိုသိလျှင် သန္တိဟူသော
ငြိမ်းချမ်းရေးကိုလည်း ကိုယ်တွင်းမှာတွေ့ရမည်။
ကိုယ်တွင်းမှာတွေ့ရသော သစ္စာတရားနှင့်သန္တိတရား
တို့ကို အပြင်ကမ္ဘာသို့ ဖြန့်ချီကြပါစို့။
သစ္စာတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။
ကျွန်ုပ်တို့ နေရာ ဤကမ္ဘာ ငြိမ်းချမ်းသာယာ ရှိကြပါစေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
{ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး}
Credit
No comments:
Post a Comment