Thursday, June 23, 2016

ဗုဒ္ဓဘာသာကိုတည်ထောင်ခဲ့သော ဗုဒ္ဓ၏အကြောင်း (ဘီစီ ၅၆၃-၄၈၃ ခန့်)

ဗုဒ္ဓဘာသာကိုတည်ထောင်ခဲ့သော ဗုဒ္ဓ၏အကြောင်း (ဘီစီ ၅၆၃-၄၈၃ ခန့်)

ဗုဒ္ဓသည် အိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ရှိ နီပေါနယ်စပ်အနီး ကပ္ပိလဝတ် မြို့တော်ကို အုပ်ချုပ်သည့် ဘုရင်တစ်ပါး၏ သားတော် ဖြစ်ပါသည်။ ငယ်စဉ် ကတည်းကပင် လောကီစည်းစိမ်ကို တပ်မက်မှုမရှိပါဘဲ တရားကိုရှာလိုသော သဘော သာရှိ၏။ အသက် တစ်ဆယ့်ခြောက်နှစ်အရွယ်တွင် အိမ်ထောင်ကျခဲ့ပြီး ပထမသားဦးကို ရချိန် အသက် သုံးဆယ်ခန့်တွင် တောထွက် ခဲ့ပါသည်။ ငါးနှစ်အတွင်း တရားကိုရရန် ပြင်းထန်စွာ ကျင့်ကြံအားထုတ်ခဲ့ပြီး မရသည့်အဆုံး အလယ်အလတ်လမ်းစဉ်ဖြင့် ကျင့်ကြံအားထုတ်ရာ လူသားတိုင်း ကျင့်ကြံအားထုတ်နိုင်ပြီး နိဗ္ဗာန်သို့ ရောက်နိုင်သော သစ္စာတရားလေးပါး၊ မဂ္ဂင်ရှစ်ပါး တရားတော်ကို သဗ္ဗညုတဥာဏ်တော်နဲ့ သိခွင့်ရခဲ့ ပါသည်။  ထို့နောက် လောဘ၊ ဒေါသ၊ မောဟ တို့ ကင်းငြိမ်းရာ သစ္စာတရားလေးပါး၊ မဂ္ဂင်ရှစ်ပါး တရားတော်တို့ကို လှည့်လည် ဟောကြားခဲ့ပြီး နောက်လိုက်များလည်း ရှိလာကာ သက်တော်ရှစ်ဆယ် အရွယ်တွင် ပျံလွန်ခဲ့ပါသည်။
ဗုဒ္ဓပျံလွန်ပြီး ဗုဒ္ဓဘာသာသည် ဂိုဏ်းငယ်လေးတစ်ခုအသွင်အဖြစ်သာ နှစ်ပေါင်းသုံးရာခန့် တည်ရှိနေပါသော်လည်း ဘီစီသုံးရာခန့်တွင် အိန္ဒိယ နိုင်ငံကို အုပ်ချုပ်သော အာသောကဘုရင်မင်း နန်းတက်ခဲ့ ပါသည်။ ထိုဘုရင်မင်းမြတ်သည် သူကိုယ်တိုင် ဗုဒ္ဓကို ကိုးကွယ်ရုံတင်မက သူ့တိုင်းသူပြည်သား အားလုံးကိုလည်း ကိုးကွယ်စေခဲ့ပါသည်။ ဒါတင်မက အိမ်နီးချင်းနိုင်ငံများသို့လည်း သာသနာပြုများ စေလွှတ်ခဲ့ပါသည်။ အာသောကဘုရင် ကွယ်လွန်ပြီးနောက်ပိုင်း ဘုရင်များက ဗုဒ္ဓဘာသာကိုလက်မခံဘဲ နှိပ်ကွပ်ခဲ့ပြန် ပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် ယခုအခါ ဗုဒ္ဓဘာသာဝင်များမှာ မရှိသလောက်ပင် ဖြစ်ပါသည်။ သို့သော် အိမ်နီးချင်းနိုင်ငံများ အချို့တွင်တော့ ဗုဒ္ဓသာသနာထွန်းကားခဲ့ပြီး ယနေ့ကမ္ဘာပေါ်တွင် ဗုဒ္ဓကို သက်ဝင် ယုံကြည်ကိုးကွယ်သူလူပေါင်း သန်းလေးရာခန့် ပင်ရှိပြီဖြစ်ပါသည်။ ဗုဒ္ဓဘာသာကို ဗုဒ္ဓကတည်ထောင် ခဲ့သည်ဟု ဆိုနိုင်သော်လည်း ဗုဒ္ဓသာသနာကို ပြန့်ပွါးဖို့ အဓိကလုပ် ဆောင်ခဲ့သူမှာ အာသောကဘုရင်မင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ နောက်ထပ် မှတ်သားစရာ တစ်ခုအနေဖြင့် ဗုဒ္ဓသည် မည်သည့်စာပေ ကျမ်းဂန် တစ်ခုကိုမျှ ရေးသားမထားခဲ့ပါ။  ဗုဒ္ဓလွန်ပြီး ၄၅၈ နှစ်အကြာမှ သီဟိုရ်ကျွန်း(သီရိလင်္ကာ)တွင် မင်းကြီနှင့် ရဟန်းများက ပြန်လည်ပြုစု ရေးသားခဲ့ကြခြင်းဖြစ်ပါသည်။ ထိုကျမ်းတို့ကို လူသားအစဉ်အဆက် လက်ဆင့်ကမ်းအာဂုံဆောင်ခဲ့ကြသည်ဟုလည်း ဆိုထားပါသည်။

No comments:

Post a Comment