Thursday, June 23, 2016

ကြောက်စရာအကောင်းဆုံးသတင်း

ကြောက်စရာအကောင်းဆုံးသတင်း
---------------------------------------

မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲဖို့  ကြိုးစားသူမှန်သမျှ ဘယ်အရာကို အရင်ပြင်ရမှာလည်းလို့ မေးရင် တော်တော်များများကတော့ ပညာရေး အရင်ပြင်ရ
မယ်လို့  ဖြေဆိုကြလိမ့်မယ်ထင်ပါတယ်

တိုင်းပြည်တပြည် တိုးတက်ချင်ရင် ပညာရေး
အဓိက ကျတယ် ဆိုတာကလည်း မှန်တာပါပဲ

ဒါပေမဲ့

အခု မြန်မာနိုင်ငံရဲ့ အခြေအနေဆိုးတွေထဲက
တခုကတော့

ရဟန်းသံဃာ များ တနှစ်ထက်တနှစ် အဆမတန် လျှော့နည်းလာခြင်းပါပဲ

ရဟန်းသံဃာကွယ်ရင် ဘုရားသာသနာတော်
ကွယ်ပါပြီ

၂၀၁၀ ခုနှစ်က မြန်မာနိုင်ငံမှာ ရဟန်းသံဃာ
၆ သိန်းရှိပါတယ်

၂၀၁၄ စစ်တမ်းအရ ရဟန်းသံဃာ ငါးသိန်းပဲ ရှိပါတော့တယ်

သုံးနှစ်အတွင်း ရဟန်းသံဃာ တစ်သိန်း လျှော့သွားတာဟာ ကြောက်စရာကောင်းလှပါတယ်

အခု လက်ရှိစစ်တမ်းအရ မြန်မာနိုင်ငံမှာ
တနှစ်ကို ခုနစ်သောင်းလောက် လျှော့နည်းသတဲ့

ဒီနုန်းအတိုင်းဆို ရဟန်းသံဃာငါးသိန်းဆိုတာ
ဘယ်လောက်ထိခံတော့မှာလည်း စဉ်းစားကြည့်ကြပါ

ဘာသာခြားတွေရဲ့ဖိအား

မိရိုးဖလာဗုဒ္ဓဘာသာအဆင့်ပဲရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့တန်ဘိုးမထားမှု့

အုပ်ချုပ်ခဲ့တဲ့ခေါင်းဆောင်တွေရဲ့ ညံ့ဖျင်းမှု့

အားလုံးပေါင်းလိုက်တော့
သာသနာကွယ်ဖို့ အကြောင်း ဖြစ်လာတာပါပဲ

ဝမ်းနည်းစရာကောင်းလှပါတယ်

FB ကိုပဲ လေ့လာကြည့်လိုက်ပါ ရဟန်းသံဃာကို
ကြည်ညိုတက်ဖို့ ရေးတာတောင်

မဘသ လား

ဝိနည်းမလိုက်နာနိုင်ရင် လူထွက်

သာသနာတော်ကိုဖျတ်စီးတာ ရဟန်းသံဃာတွေ

စတဲ့စကားလုံးတွေနဲ့ က တုန့် ပြန်တာများပါတယ်

စနစ်ဆိုးတခုကြောင့် လူတွေအသိဥာဏ်နည်းတာ
မှန်ပါတယ် ဒါပေမဲ့ ဘာသာတရားကြည်ညိုမှု့ကတော့ အသိဥာဏ်နည်းမှု့က အဓိကမကျပါဘူး

ခေတ်ပညာတွေ ဘယ်လောက်ပဲ တတ်နေပေါစေ
မိမိကိုးကွယ်တဲ့ဘာသာအပေါ် ကြည်ညိုတတ်ပါမှ
တန်ဘိုးရှိမှာပါ

အခု မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲဖို့ 
လုပ်တော့မယ်ဆိုရင်
ရဟန်းသံဃာတော်တွေပြန်များလာဖို့ က
နံပါတ်တစ်ဖြစ်ပါတယ် ပြီးတော့မှ ပညာရေးကို
နံပါတ်နှစ်နေရာထားပါ

ငါးသိန်းဆိုတာ တနှစ်ခုနှစ်သောင်းလျှော့ရင်
ဘယ်နှစ်နှစ်ခံမလဲ တွက်ကြည့်ကြပါ

ပညာရေးကောင်းလို့  ကမ္ဘာ့အဆင်းမီနိုင်ငံကြီး
ဖြစ်သွားပါစေ
ဗုဒ္ဓဘာသာဝင်အဖြစ် မခံယူနိုင်တော့ဘူးဆိုရင်တော့ ချမ်းသာတဲ့လူ့ ဘဝရလည်း အလကားပါပဲ
ဒါကို ဗုဒ္ဓဘာသာဝင်တွေသိပါတယ်

ဒါ့ကြောင့် ပညာရေးကိုဦးစားပေးပြီး ကြိုးစားရင်
အနည်းဆုံး နှစ်သုံးလေးဆယ်လောက်တော့
အချိန်ယူရပါလိမ့်မယ် အဲဒီလောက်အချိန်ပေးမှ
မြန်မာနိုင်ငံဟာ ကမ္ဘာအဆင့်မီနိုင်ငံဖြစ်မှာပါ

တနှစ်ခုနှစ်သောင်းနုန်းနဲ့ ရဟန်းသံဃာတော်တွေ
လျှော့နေရင် ငါးသိန်းဆိုတာ နောက် လေးငါး
နှစ်ဆိုရင် ကုန်ပြီ

ကဲ

နံပါတ်တစ်နေရာမှာ
ပညာရေးလား
ရဟန်းသံဃာ မလျှော့ရေးလားဆိုတာ

စဉ်းစားကြပါ

ဒီလိုရေးတဲ့အခါ
တုန့် ပြန်မှု့တွေ လာကြပါလိမ့်မယ်

ဒီလိုဖြစ်တာ အရင်အစိုးရ လုပ်ခဲ့လို့ ပါ

ဒီပို့ စ်ကို အရင်အစိုးရလက်ထက်မှာ ရေးပါလား
စတဲ့ တုန့်ပြန်မှု့တွေ လာကြပါလိမ့်မယ်

ဘာပဲဖြစ်ဖြစ်ပေါ့လေ

အခု နံပါတ်တစ်အရေးကြီးတာက

ရဟန်းသံဃာတော်များ ထပ်ပြီးမလျှော့ပေါ့အောင်
ကြိုးစားကြဖို့ ပါပဲ

တနှစ်ကို ခုနှစ်သောင်းလျှော့တယ်ဆိုတာ
ကျွန်တော့အတွက်တော့ ကြောက်စရာအကောင်းဆုံးသတင်းပါပဲ

ဗုဒ္ဓဘာသာဝင်တိုင်းမှာတာဝန်ရှိပါတယ်

လွှတ်တော်ထဲမှာ အဲဒီကိစ္စ အဆိုတင်သွင်းကြပါ

ကိုရင်သာမဏေလေးတွေကို ပျော်ရွှင်အောင်
ထားကြပါ

ရဟန်းသံဃာများကို ပစ္စည်းလေးပါးနဲ့ 
နိုင်သလောက်ထောက်ပံ့ကြပါ

ရဟန်းဆိုးတွေ ရဟန်းအတုအယောင်တွေ တွေ့ ရင် သက်ဆိုင်ရာ သံဃာ့ယကအဖွဲ တို့ တာဝန်ရှိသူတို့ ကို အကြောင်းကြားပေးကြပါ

ဆရာ ဒကာ တက်ညီလက်ညီကြိုးစား
ကြဖို့ ရန် ဆန္ဒပြုပါ၏

                  ဦးမြင့်ခိုင်

-   -   -   -   -   -   -   -   -   -   -   -   -   -   -

ဗုဒ္ဓဘာသာဝင်တိုင်း share ကြပါရန်

No comments:

Post a Comment