Thursday, June 30, 2016

ကတုံးဆို အမုန်းပိုနေကြပြီလား

ကတုံးဆို အမုန်းပိုနေကြပြီလား
=====================
* ကတုံးဆို အမုန်းပိုနေကြတဲ့ ဒီခေတ်မှာ
ရဟန်းဖြစ်ရတာ တယ်မလွယ်ပါလား ။

* သူ့အပြစ်ဆို မြင်လွယ်
်ကိုယ့်အပြစ်ဆို ဖုံးကွယ်
ပုထုဇဉ်တို့နယ်ပယ်
တယ်ခက်ပါလားကွယ်။

* ရှေးတုန်းက စာဆိုအကျော်
တောင်မြို့ဂန္ဓာရုံဆရာတော်ရဲ့ စာသား
တယ်လည်းမှတ်သားစရာ ကောင်းပါတယ်

* ရဟန်းဘဝ အလွယ်မမှတ်နဲ့
တကယ်ကျပ်သကွဲ့ ဒကာတို့ရေ. . .
အနယ်နယ်အရပ်ရပ် ငါတို့ပြည်မှာ
ဝါ လို့နေအောင် သံဃာများ။
လုပ်-ကြောက်  စား-ရဲ
အလကားနေသည်
အလွဲအမှားတွေ ထင်ကြလေ၏ဒကား။

* ကာမဂုဏ်ယုတ် ခွါဆုတ်ကာနော်
စာအုပ်ကိုသာ အဖေါ်ထား
မသမာအလုပ်ဆိုတာ မတော်ပါကလားရယ်လို့
အပျော်အပါးမလိုက်ပေ။
သပိတ်ပိုက်ကာ လမ်းတကာသွားလို့
ဆွမ်းရှာစားရ
ပဲနဲ့ ချဉ်ပေါင်ရေ။

* မဝ တဝ မျှတလေသည်
ရသမျှ သောင်းပြောင်ရောလို့
ဘာကမျှ မချန်ပေါင်
ပါသမျှ ပန်းကန်ပြောင်
စားပြီးစာကျက် နှုတ်တက်ဆောင်တယ်
အမြုတ်ထွက်အောင် စာအံရသဗျလေး . . .တဲ့။

* ဆရာတော်ရေးတဲ့စာ
ဖတ်ကြည့်လိုက်စမ်းပါ
ငါတို့နဲ့ ဘယ်လိုကွာနေသလပေါ့။

* ဝါးလုံးရှည် အကုန်စွဲ
သံဃာမြင် ဆဲနေသမျှတော့
ဝစီဘေဒ ထိတိုင်းရှ
ဘယ်လို ချမ်းသာကြပါ့မလဲကွယ်။

* ဒုက္ခမှန်သမျှ ရင်ဆိုင်ကြ
သဘာဝကပေးတဲ့ အန္တရာယ်
ဒဏ်ခတ်ခံရတတ်တယ်ဆိုတာ သတိထား
ရမ်းသမ်း မပြစ်မှားမိကြပါစေနဲ့။

***မေတ္တာဖြင့်ရန်ကင်းစံရာ***

မူရင်းအား ceadit ပေးပါသည်

No comments:

Post a Comment