Saturday, June 25, 2016

သုံးခါမရှုံးပါစေနဲ့ 

သုံးခါမရှုံးပါစေနဲ့ 
---------------

ကွန်းမန့် တွေမှာ ဘာသာခြားတွေနဲ့  ဆဲဆိုနေတာတွေ
သံဃာတော်တွေကို ဆဲဆိုနေတာတွေတွေ့ တော့
များစွာစိတ်မကောင်းဖြစ်ရပါတယ်

ကိုယ့်အမျိုးဘာသာကိုထိလို့ မခံမရပ်နိုင်ဖြစ်တာ
သဘာဝကျပေမဲ့

ဘဝတစ်ခုမှာ မအေနဲ့ တပ်ပြီးဆဲခဲ့လို့ ပြန်ပေးဆပ်ရတော့
မိခင်ကမယားကြီး သမီးကမယားငယ် သားက
လင်လုပ်ပြီး ဘဝတစ်ခုတည်းမှာ ပြန်လည်
ပေးဆပ်နေကြရတဲ့ ပိဋကတ်သုံးပုံထဲက
ထေရီမကြီးအကြောင်း ဖတ်လိုက်ရတော့
မျိုးချစ်စိတ်ရှိသူတွေ အမျိုးဘာသာသာသနာ
စိတ်ရှိသူတွေအတွက် များစွာစိတ်မကောင်း
ဖြစ်ရပါတယ်

ဘုရားရှင်ကလည်း ပါးစပ်ကထွက်တဲ့ စကားလုံးတိုင်းဟာ
အကျိုးမခံစားရပဲ ပျောက်ပျက်မသွားဘူးလို့ 
ဟောထားပါရဲ့

မျိုးချစ်စိတ်ရှိလို့ ပဲဖြစ်ဖြစ် ဘာသာသာသနာစိတ်
ရှိလို့ ပဲဖြစ်ဖြစ် ဒေါသနဲ့ ဆဲလိုက်ပြီဆိုတာနဲ့ 
သုံးခါရှုံးပါတယ်

ကိုယ်ဒေါသထွက်လို့  ပူလောင်ရမှာကတခါ

ကိုယ့်လူမျိုးကိုယ့်ဘာသာကို အထင်သေးခံရမှာကတခါ

သံသရာမှာ ပြန်လည်ပေးဆပ်ရမှာကတခါ

လူငယ်တွေ သုံးခါမရှုံးကြပါစေနဲ့ 

            
            ဦးမြင့်ခိုင်

share

No comments:

Post a Comment