အာဃာတအငြိုး
**************
® လူနှင့်အတ္တ ရှုံးပွဲချငို
အပိုတွေလုပ် အရှုတ်တွေကြား
အမုန်းတရား ကိစ္စများမြောင်
လူ့ဘောင်လောက အာဃာတနှင့်
မာနတံခွန် မိုးသို့ချွန်၍
မာန်စွယ်ကိုထုတ် အငြိုးယုတ်ဖြင့်
သင့်ကိုနင်းခြေ ပျက်စေရမည်
အာဃာတမီး ဘယ်မှာငြိမ်းအံ့-----။
® ဝါဒပြိုင်ဆိုင် မနိုင်သူ မဲ့
နိုင်ခဲ့သူ ပြုံး အရှုံးမခံ
ထပ်လှန်ပြန်ချေ ပြန်ဝယ်သူရှုံး
မုန်းသံသရာ ဘယ်မှာဆုံးအံ့
ငြိုးဝံ့သူတို့ ငိုသည့်ပွဲ-------။
® ငိုကြွေးပူဆွေး မငြိမ်းအေးသော
ဝါဒီဝါဒ ပြိုင်ဆိုင်ကြ၍
သောကထွေထွေ ရောက်ရလေပြီ-----။
® မပိုင်မဆိုင် အတ္တပြိုင်၍
မြိုင်မြိုင်ကြွေကျ သောကမျက်ရည်
မြစ်ချောင်းသဖွယ် ဖြစ်ရချေပြီ-------။
® အပူအအေး သောကပျောက်ဆေး
ပက်ဖျန်းပေးရန် ရှင်တော်ထံပါး
အသနားခံ ပန်ကြားစေလို
မလိုအငြိုး အာဃာတ မိုး
မရွားဖြိုးရစေသား ရှင်တော်ဘုရား-------။
===============================
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
28/3/2016/( mon ).12:20.pm/
===============================
No comments:
Post a Comment