Tuesday, June 21, 2016

သံဃာတွေ ဘာလို့လူထွက်ကုန်တာလဲတဲ့

သံဃာတွေ ဘာလို့လူထွက်ကုန်တာလဲတဲ့
=======================

အကြောင်းများစွာထဲက
မိမိရဲ့ အမြင်တစ်ခုကို ပြန်ဖြေပေးလိုက်ပါတယ်

"မျော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရလို့" လို့

တစ်နှစ်လဲ မအောင်နိုင်
နှစ်နှစ်လဲ မအောင်နိုင်တဲ့ စာမေးပွဲကြီးကိုဖြေရင်း
ကြာတော့ အောင်ဂေဇတ်ထွက်တိုင်း
အထင်သေးစွာ ကြည့်နေတဲ့
မျက်လုံးတွေကို အားနာလွန်းလို့
လူသာ ထွက်ပစ်ချင်မိတော့တယ်

သာသနာကို မချစ်ဘူး
ပြောချင်သေးလို့လား

ငယ်ငယ်ကတည်း
နှစ်သက်လာခဲ့တဲ့ သင်္ကန်းသံယောဇဉ်က
ဝေဿန္တရာမင်း
သားစွန့်ခန်းထက်တောင် ခက်သေးသဗျာ့
ရဟန်းတစ်ပါးအတွက်
လူထွက်ဖို့ လွယ်မှတ်လို့

ရလဲ မအောင်နိုင်တဲ့ စာမေးပွဲ
သံသယတွေနဲ့ ဖြေရတဲ့ စနစ်ကြီးကိုသာ
ပြောင်းလဲစေချင်တော့တယ်

         လင်းသူအိမ်-အောင်လံ

No comments:

Post a Comment