Friday, June 24, 2016

ပုဂံခေတ်က စောင့်လေမျိုးနွယ်

ပုဂံခေတ်က စောင့်လေမျိုးနွယ်
*************************
ကျန်စစ်သားမင်းကြီး၏ သမီးတော်လေး ရွှေအိမ်စည်သည် ဘာသာမတူ အယူကွဲပြား လူမျိုးခြားနှင့် ချစ်ရည်ငံမိသည်။ ဤကဲ့သို့ ချစ်ကြိုက်နေကြသည်ကို အမြော်အမြင်ရှိသော အမြော်အမြင်ကြီးမားသော ၀န်ကြီးများသည် ကျန်စစ်သား မင်းကြီးအား သံတော်ဦးတင်လျှောက်ကြသည်။

အရှင်မင်းကြီး အရှင်မင်းကြီး၏သမီးတော်လေး ရွှေအိမ်စည်ဟာ ဘာသာမတူ အယူကွဲပြား လူမျိုးခြား(ကုလား)နဲ့သာ လက်ထပ်ထိမ်းမြား ပေးလိုက်မယ်ဆိုရင် ပုဂံမြို့ကြီးဟာ ကုလား ပြည်ကြီးဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အရှင်မင်း ကြီး၏ သမီးတော်လေးရွှေအိမ်စည်နဲ့ ဘာသာ မတူ အယူကွဲပြား လူမျိုးခြား(ကုလား)နဲ့ကျွန် တော်မျိုးတို့ လုံးဝသဘောမတူနိုင်ပါဘူး အရှင်မင်းကြီး မင်းသမီးလေးကိုဖျောင်းဖြနား ချပေးတော်မူပါ အရှင်မင်းကြီး......။

ဝန်ကြီးများက ကျန်စစ်သားမင်းကြီးအား ထိုကဲ့သို့ သံတော်ဦးတင်လျှောက်ကြသည်။

ကျန်စစ်သားမင်းကြီးသည် အနာဂတ်မြန်မာ နိုင်ငံတော်အတွက် မြော်တွေးဆင်ခြင်ကာ ချစ်သမီးဖြစ်သူ အားခေါ်ယူဆိုဆုံးမလေသည်။ မင်းသမီးလေးရွှေအိမ်စည်သည် ဖခင်ဖြစ်သူ ကျန်စစ်သားမင်းကြီး၏ ဆိုဆုံးမမှုကိုနာခံကာ ဘာသာခြား အယူကွဲပြား လူမျိုးခြားအား လက်မဆက်တော့ပဲ ဖခင်မင်းကျန်စစ်သား လက်ဆက်ပေးသော ဘာသာတူ အယူတူ လူမျိုးတူ ဖြစ်သော စောလူမင်း၏သားတော် စောယွန်းနှင့်လက်ဆက်ကာ အမျိုးဘာသာ သာသနာအတွက် စောင့်လေမျိုးနွယ် မျိုးစောင့် စည်းတားခဲ့လေသည်............။

No comments:

Post a Comment