ပါမောက္ခချုပ်ဆရာတော်ကြီး၏အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးသြဝါဒ
******************
အရွယ်သုံးပါး
*********
ဘုန်းဘုန်းက ကလေးတို့နဲ့တွေ့တဲ့အချိန်လေးမှာ သြဝါဒစကားလေး
ပြောပါမယ်နော်။
အခု ဒီလိုလူ့လောကမှာ ရောက်လာတဲ့အခါ လူတွေမှာ အရွယ်သုံးမျိုးဆိုတာရှိတယ်။
ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်။
အဲဒီအရွယ် သုံးမျိုးထဲမှာ အခုလိုသက်တမ်းဆုတ်ယုတ်လာတဲ့ ကာလပိုင်းမှာ -
ဆိုကြပါစို့။ နှစ်အစိတ်စီပိုင်းလိုက်မယ်ဆိုလို့ရှိရင် မွေးဖွားတဲ့အချိန်ကနေစပြီးတော့ နှစ်ဆယ့်ငါးနှစ်အထိ။ ဒါကို ပထမအရွယ်လို့ ခေါ်ပါတယ်။
ပထမအရွယ်ဟာ လူ့ဘဝထဲစတင်ရောက်ရှိလာတဲ့အတွက်ကြောင့် ခန္ဓာကိုယ် ကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကြီးပွားတိုးတက်ဖွံ့ဖြိုးလာအောင်
တည်ဆောက်နေတဲ့ အချိန်ပိုင်း။ ဒီလိုတည်ဆောက်လို့ နောက်ဆုံး အသက်အစိတ်အရွယ်ရောက်သွားလို့ရှိရင် ပြည့်ပြည့်စုံစုံ
တည်ဆောက်ပြီးအပိုင်းလို့ ဒီလိုဆိုရမယ်။
နောက် နှစ်ဆယ့်ခြောက်နှစ်ကနေစပြီး ဟိုဘက်နှစ်အစိတ်။ ငါးဆယ်အထိပေါ့။ အဲဒါကို ဒုတိယအရွယ်လို့ သတ်မှတ်ရမယ်။ ဒုတိယအရွယ်ရောက်လာတဲ့အခါကျတော့ ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ့်လူမျိုး၊ အမျိုး၊ ဘာသာ၊ သာသနာလို့ဆိုတဲ့ အများကောင်းကျိုးဆောင်ရွက်ရမယ့် အချိန်အခါမျိုးဖြစ်တယ်။
နောက် ၅၁ နှစ်ကနေပြီးတော့ ၇၅ နှစ်နောက်ပိုင်း
ရောက်လာတဲ့အခါကျတော့ ဦးဆောင်မှုအပိုင်းကိုရောက်လာတယ်။
ဆောင်ရွက်လုပ်ဆောင်တဲ့ လုပ်ငန်းတွေဟာ အထွတ်အထိပ်ကိုရောက်
လာပြီးတဲ့နောက် အများကို ဦးဆောင်မှုအတွေ့အကြုံတွေကို ပြောဆိုပြီးတော့ လူ့လောကကြီးမှာ ရင့်ကျက်တဲ့အပိုင်းလို့ ဒီလိုပြောရမယ်။
ပထမအရွယ်နဲ့ အမျိုး၊ ဘာသာ၊ သာသနာ
***********************
အခု ကလေးတို့အရွယ်ဟာ ပထမအရွယ်ပိုင်းမှာရှိတဲ့အတွက်ကြောင့် ကိုယ်ကာယ အနေအထားရော၊ စိတ်ဓာတ်ရေးဆိုင်ရာရော၊ ပညာရေးဆိုင်ရာ လေ့လာသင်ယူနေကြရမယ့် အချိန်ပိုင်းဖြစ်တယ်။
လေ့လာသင်ယူရင်း လက်တွေ့ကျင့်သုံးနေကြရမယ့် အချိန်ပိုင်းလည်းဖြစ်တယ်။
ဒါကြောင့်မို့လို့ ဘုန်းဘုန်းအနေနဲ့ အခုပြောချင်တာက ဘုန်းဘုန်းတို့ မြန်မာစကားထဲမှာ အမျိုး၊ဘာသာ၊ သာသနာဆိုတဲ့ စကားရှိတယ်။
အမျိုး၊ဘာသာ၊ သာသနာဆိုရာမှာ ကိုယ့်ကိုယ်ကိုယ်ငါဘာလူမျိုးလဲလို့ ပြန်မေးကြည့်လို့ရှိရင် မြန်မာလူမျိုးလို့ ဒီလိုပြောရမယ်။ မြန်မာလူမျိုးဆိုလို့ရှိရင် ကိုယ့်အမျိုးကို ချစ်တဲ့စိတ်ရှိရမယ်။
ကိုယ့်အမျိုးကိုချစ်တယ်ဆိုတာ အခြားအမျိုးကို မုန်းရမယ်။ ဒီလိုဆိုတာမဟုတ်ဘူး။
ကိုယ့်အမျိုးကိုချစ်ပြီးတော့ ကိုယ့်ရဲTradition, ဓလေ့ထုံးတမ်းအစဉ်အလာများကို မြတ်နိုးတတ်ဖို့ကို ဆိုလိုတာပါ။
မြန်မာလူမျိုးတွေဟာ ကမ္ဘာမှာကြည့်မယ်ဆိုလို့ရှိရင် အလွန်ကောင်းတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေရှိတယ်။ ဘာဖြစ်လို့တုန်း
ဆိုတော့မြန်မာလူမျိုးတွေရဲ့ စိတ်ထဲ၊ နှလုံးသားထဲမှာအလွန်ယဉ်ကျေးတဲ့ ဗုဒ္ဓရဲ့တရားတော်တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာ သရေခေတ္တရာ
၊ ပြည်ခေတ်လောက်ကတည်းက ရှိနေခဲ့တယ်။
ရာစုနှစ်နဲ့ပြောမယ်ဆိုရင် ခုနစ်ရာစုနှစ်၊ ရှစ်ရာစုနှစ်လောက်ကတည်းက။
ဒီလို မြန်မာ
လူမျိုးတွေရဲ့ရင်ထဲ၊ နှလုံးသားထဲမှာ ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေ ကိန်းဝပ်လာခဲ့တဲ့အတွက်ကြောင့်မြန်မာ့ယဉ်ကျေးမှုနဲ
့ ဗုဒ္ဓရဲ့ယဉ်ကျေးမှုဟာ ခွဲခြားလို့ မရလောက်အောင် ယှဉ်တွဲပြီးတော့ နေတယ်။
မိမိထက်ကြီးတဲ့ ပုဂ္ဂိုလ်တွေကို ရိုသေလေးစားမှု၊ မိမိတို့ကိုးကွယ်တဲ့ ဘာသာတရားကို လေးစားလိုက်နာမှု၊ ရဟန်းသံဃာတော်များကို ရိုသေလေးစားမှု၊ အချင်းချင်းလေးစားမှု၊ ချစ်ခင်မှု၊ယှဉ်တွဲမှုဆိုတာ မြန်မာလူမျိုးတွေရဲ့ အင်မတန်ချစ်ခင်စရာကောင်းတဲ့ ကမ္ဘာမှာ အလွန်ရှားတဲ့Tradition တစ်ခုဖြစ်တယ်။
အဲဒီ ကိုယ့်လူမျိုးတွေရဲTradition, ကို ချစ်မြတ်နိုးတာကို အမျိုးချစ်တယ်လို့ ပြောရမယ်။
ကိုယ်Tradition, ကို ကိုယ်မထိန်းသိမ်းလို့ရှိရင် ဘယ်သူက လာထိန်းသိမ်းမှာတုန်း။ဘယ်သူကမှ မထိန်းသိမ်းဘူးနော်။
ကိုယ့်လူမျိုးရဲ့ဓလေ့ထုံးတမ်းအစဉ်အလာကိုကိုယ်ပဲထိန်းကြရမှာဖြစ်ပါတယ်။
ဒီကနေ့ တောရွာတွေကို သွားပြီးကြည့်ကြည့်လိုက်ရင် မြန်မာလူမျိုးစစ်စစ်တွေရဲ့ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီမှု၊ တစ်ယောက်ကိစ္စကိုတစ်ယောက် ဝိုင်းဝန်းကူညီမှု၊ တစ်ရွာလုံး တစ်ဦးကိစ္စပေါ်ရင် အားလုံးဝိုင်းဝန်းကူညီနေကြတဲ့ မြန်မာတွေရဲ့ ထုံးတမ်းအစဉ်အလာတွေဟာ ဒီကနေ့ထိတချို့နေရာတွေမှာ ရှိနေတုန်းပါ။
အဲဒီအစဉ်အလာတွေ ပျောက်ပျက်ပြီးတော့ မသွားအောင်ထိန်းသိမ်းရမယ်။
အခု ကလေးတို့ဟာGenerationတစ်ခုပေါ့နော်၊ ကိုယ့်ရဲTradition,တစ်ခု၊ မျိုးဆက်သစ်တစ်ခု ဖြစ်လာတာ။
ဒီမျိုးဆက်သစ်တစ်ခု ဖြစ်လာတဲ့အချိန်မှာ အင်မတန်ကောင်းတဲ့ အမွေအနှစ်တွေ မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်။
ဒါကိုအမျိုးချစ်တယ်လို့ ပြောတာပါ။
ကိုယ့်အမျိုးချစ်ပြီးတော့ ကိုယ့်ရဲTradition, ကို ထိန်းသိမ်းပြီးတော့ကမ္ဘာမှာ ကိုယ့်လူမျိုးကို ဂုဏ်ယူဝင့်ကြွားနိုင်တဲ့အနေအထားမျိုးရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်။
ကမ္ဘာမှာမြန်မာ
*********
အေး - ကမ္ဘာမှာမြန်မာဆိုတာ အင်မတန်ကောင်းတဲ့ အစဉ်အလာရှိတဲ့လူမျိုး။ ညံ့တဲ့လူမျိုးမဟုတ်ဘူး။ အဲလို အစဉ်အလာကောင်းတွေ ရှိနေတယ်။ ဘုန်းဘုန်းတို့ နိုင်ငံခြားသွားတဲ့
အခါ တွေ့ခဲ့သမျှမြန်မာလူမျိုးတွေ Bright ဖြစ်တယ်ဆိုတာ
တစ်ကမ္ဘာလုံးကသိတယ်။ လက်ခံထားပါတယ်။
မြန်မာလူမျိုးတွေဟာ တက်ကြွတယ်။ ပင်ကိုယ်အရည်အချင်းတွေ ကောင်းတယ်ဆိုတာ အများက အသိအမှတ်ပြုတယ်။
အဲတော့ ကိုယ့်ကိုယ်ကိုယ်လည်း တို့ဟာ လူညံ့မဟုတ်ဘူး။ မညံ့တဲ့လူတွေဟာ ညံ့မနေစေရအောင် တို့ကြိုးစားအားထုတ်ကြရမယ်။
ကိုယ့်ရဲ့အရည်အသွေးကို ကိုယ်သတိထားနေတာလည်း အမျိုးချစ်တယ်လို့ ခေါ်တာပေါ့နော်။
ကိုယ့်ရဲ့လူမျိုး၊ ကိုယ့်ရဲ့ဘာသာ၊ကိုယ့်ရဲ့သာသနာကို ထိန်းသိမ်းစောင့်ရှောက်တာဟာ အမျိုးချစ်တာပဲ။
ဘယ်နေရာသွားသွား ကိုယ့်ရဲTradition ကို မဖျောက်ဖျက်တာမျိုးပေါ့။
နီတိကျမ်းမှာဆိုတဲ့ စကားလေးတစ်ခုရှိတယ်။ မြတ်လေးပန်းကို ကလေးတို့ မြင်ဖူးကြလိမ့်မယ်ထင်ပါတယ်။ မြတ်လေးပန်းဟာ နှစ်မျိုးရှိတယ်လို့တော့ပြောတယ်။ အဲဒီမြတ်လေးပန်းပွင့်လေးတွေမှာ ဘယ်တော့မှကြွေမကျတဲ့ မြတ်လေးပန်းရှိတယ်။ မြတ်လေးပန်းပွင့်လေးတွေဟာ ခေါင်းပေါ်မှာ တယုတယပန်မယ့်လူရှိလို့ရှိရင် အဲဒီခေါင်းပေါ်မှာနေတယ်။ အဲလို ပန်မယ့်လူမရှိလို့ရှိရင်အပင်မှာပဲ အခြောက်ခံတယ်ဆိုတဲ့ စကားလေးရှိတယ်။
အောက်ကိုတော့ ကြွေမကျဘူးတဲ့။ ဒါမြတ်လေးပန်းရဲ့ ဂုဏ်သတ္တိလေးပေါ့။
မြန်မာလူမျိုးဟာလည်း ထို့အတူပဲ။ ဘယ်နေရာ၊ ဘယ်နိုင်ငံပဲရောက်ရောက်၊ ဘယ်လူမျိုးတွေရဲ့ ကြားမှာပဲနေနေ ကိုယ့်ရဲTradition ကိုယ့်ရဲ့ဇာတိမာန်ကိုမစွန့်လွှတ်ဘူး။ ပင်ကိုယ်အရည်အချင်းတွေ ပျက်ယွင်းသွားအောင် မလုပ်ဘူး။ ဒါကို အမျိုးချစ်တယ်လို့ ပြောတာနော်။
သာကီမျိုးဟေ့ တို့ဗမာ
***************
ဘာသာဆိုရာမှာ မြန်မာလူမျိုးတွေဟာယဉ်ကျေးမှုနဲ့ ခွဲမရလောက်အောင် ကိုးကွယ်လာခဲ့တဲ့ ဘာသာဟာ ဗုဒ္ဓဘာသာပဲ။
ရှေးမြန်မာလူမျိုးကြီးတွေက 'သာကီမျိုးဟေ့ - တို့ဗမာ' ဆိုပြီးကြွေးကြော်ခဲ့ကြတယ်။ မြန်မာလူမျိုးနဲ့ သာကီယလူမျိုး ဘယ်လိုဆိုင်လဲလို့ဆိုလို့ရှိရင် လွန်ခဲ့တဲ့အတိတ်ကို မကြည့်နဲ့။ ဒီကနေ့ သကျ၊ သူတို့အသံနဲ့ဆိုရင် ဆကျ (ဆတ်ကယ)လို့ ခေါ်တယ်။
ဟိုး - နီပေါနိုင်ငံမှာ သကျလူမျိုးတွေရှိတယ်။
အဲဒီလူမျိုးတွေဟာ မြန်မာလူမျိုးတွေနဲ့ တစ်ထေရာတည်း တစ်ပုံစံတည်းတူတယ်။
ရေကြည်ရာ မြက်နုရာ
ပြောင်းရွှေ့ပြီးတော့လာကြတာ။
ဘုန်းဘုန်းတို့ နီပေါနိုင်ငံရောက်တဲ့အခါကျတော့ အဲဒီသကျလူမျိုးတွေဟာ ဘယ်ကနေဆင်းသက်လာတာတုန်းလို့ မေးလိုက်တော့ တီဗက်တိုဘားမင်းဆိုတဲ့ အမျိုးအနွယ်က ဆင်းသက်လာတယ်လို့ပြောတယ်။
ဘုန်းဘုန်းတို့ မြန်မာသမိုင်းကို ပြန်ကြည့်လိုက်မယ် ဆိုလို့ရှိရင်လည်းပဲ မြန်မာလူမျိုးဟာ တိဗက်တိုဘားမင်းက ဆင်းသက်လာတယ်။
နောက်ပြီး တစ်ခဏလောက် လေ့လာကြည့်တာနဲ့ အများသုံးတဲ့ ဘာသာစကားတွေတူနေတာ
တွေ့ရတယ်။
ဘာတွေတူလဲဆိုရင် -မြန်မာလူမျိုးတွေက လမ်းလို့ပြောတာကို သူတို့ကလည်း လမ်းပဲ။ ဒီကမီးဆိုတာ သူတို့လည်းမီးပဲ။ ဒီကငါး၊ ရေထဲကငါးပဲဖြစ်စေ၊ နံပါတ်ငါးပဲဖြစ်စေ သူတို့လည်းငါးပဲ။ စကားတွေ လုံးဝတူနေတာရှိတယ်။
ဒီလိုလုံးဝတူနေတာရှိတော့ ရှေးလူကြီးတွေပြောခဲ့တဲ့ 'သာကီမျိုးဟေ့ တို့ဗမာ'ဆိုတာအလဟဿပြောခဲ့တာ မဟုတ်ဘူး။
တစ်နည်းအားဖြင့် မြန်မာ
လူမျိုးတွေဟာ ဟိုး တိဗက်တိုကုန်းမြင့်ကနေMigrate လုပ်ပြီးတော့ ဒီဘက်ကို တဖြည်းဖြည်းရွေ့လျားပြီးတော့ ရောက်ရှိလာတာ။
အဲတော့ ပင်ကိုယ်
အားဖြင့် ဘယ်လိုပဲဖြစ်ဖြစ် အနေအထားဟာ ဗုဒ္ဓမြတ်စွာရဲ့ ဆွေတော်မျိုးတော်တွေလို့ ဒီလိုပြောနိုင်ပါတယ်နော်။
တစ်နည်းအားဖြင့်ကိုယ့်ရဲ့ရင်ထဲ၊ နှလုံးသားထဲ၊ သွေးသားထဲမှာ ဗုဒ္ဓရဲ့ယဉ်ကျေးမှုတွေ ကိန်းအောင်းပြီး မိမိတို့ရဲ့နှလုံးသားထဲမှာ ယဉ်ကျေးမှုတစ်ခုအနေနဲ့ လက်ခံထားကြတာ။ အဲဒီကိုယ့်ဘာသာဟာ ဘာတုန်းဆိုရင်ဗုဒ္ဓဘာသာပဲ။
ဘုရားမှန်ရင်
*********
အဲဒီဗုဒ္ဓဘာသာဟာ ကိုးကွယ်မှုဆိုတဲ့ အခြားဘာသာတွေနဲ
့တူသလားလို့ဆိုတော့ တချို့ကပြောလေ့ရှိတယ်။
လောကမှာ ဘုရားဆိုတာတစ်ဆူတည်းပဲ ရှိတယ်။ အကုန်တူတူပါပဲလို့ပြောတတ်တယ်။
ကလေးတို့စဉ်းစားရမှာက ဘယ်ဘုရားကို ရည်ညွှန်းတာလဲ
လို့ မေးဖို့လိုတယ်။
ဘုရားလို့ နာမည်ခံတာတွေ အများကြီးရှိတယ်နော်။
ဘုရားဆိုတာမျိုးဟာ ကရုဏာရှိရမယ်။ပညာရှိရမယ်။
အေး - ကရုဏာဆိုတဲ့နေရာမှာသာမန် ကရုဏာမဟုတ်ဘူး၊ မဟာကရုဏာ။
ပညာကလည်း မဟာပညာ၊ ပညာရှိတယ်၊ကရုဏာရှိတယ်။
ကရုဏာမရှိလို့ရှိရင် ရက်စက်တတ်တယ်။ ကရုဏာသာရှိပြီး ပညာမရှိလို့ရှိရင်လမ်းမှန်ကို မပေးနိုင်ဘူး။ ကရုဏာရော ပညာရောနှစ်ပါးစုံရမယ်။
တခြားအရည်အသွေးတွေလည်းရှိသေးတယ်နော်။
ရက်စက်ပြီးတော့ ဒဏ်ခတ်တယ်ဆိုတာဘုရားမဟုတ်ဘူး။
မြတ်စွာဘုရားဟာ ဆင်းရဲဒုက္ခရောက်နေတဲ့ သတ္တဝါတွေအားလုံးအပေါ်မှာ အကြင်နာထားတာ ကရုဏာပဲ။
ထိုဆင်းရဲဒုက္ခတွေက လွတ်မြောက်အောင် လမ်းမှန်ကိုညွှန်နိုင်တာပညာ။
အေး - ကရုဏာ၊ ပညာ နှစ်ခုပေါင်းစပ်လိုက်မှ တကယ့်ဘုရားစစ်။
လူ့လောကမှာ ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ကရုဏာ လည်းရှိရမယ်။ ပညာလည်းရှိရမယ်။
ပညာတော့ရှိတယ်၊ ကရုဏာမရှိဘူးဆိုရင်ကောက်
ကျစ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ရက်စက်တယ်။
ကရုဏာတော့ရှိတယ်၊ ပညာတော့မရှိဘူးဆိုရင်လမ်းမှန်ကိုမသိဘူး။ တလွဲတွေလုပ်တယ်။
အေး - အဲဒါမျိုးမဖြစ်ရအောင် တို့ဗုဒ္ဓမြတ်စွာဟာ ပညာရှိတယ်။ ကရုဏာလည်းရှိတယ်။
မဟာကရုဏာနဲ့ မဟာပညာပြည့်စုံတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် အများအပေါ်မှာလည်း အကြင်နာတရားကြီးမားတယ်။ အကြင်နာတရားကြီးမားတဲ့
အတိုင်း မှန်ကန်တဲ့လမ်းကိုလည်း ညွှန်ပြနိုင်တယ်။
(ဆက်ပါဦးမည်)
မဘသ(ဗဟို)
Online Media
No comments:
Post a Comment