သာသနာ့ ညီးတွားသံ
***
သာသနာဆိုတာ ဘုရားရှင်ကြောင့် ပေါ်လာတာပေါ့။ သာသနာဆိုတာ ဘုရားအဆုံးအမလေ၊ အဆုံးအမတွေက (၂)မျိုးရှိတာပေါ့ ဓမ္မနဲ့ဝိနယတဲ့။ ဓမ္မဆိုတာက သုတ္တန်နဲ့အဘိဓမ္မာ၊ ဝိနယဆိုတာက ဝိနည်း။ အတိုချုပ်ကတော့ ပိဋကတ်(၃)ပုံပေါ့ ပိဋကတ် (၃)ပုံ ဆိုတာ ဘုရားရှင်တွေပါဘဲ။ ဒီဘုရားရှင် တွေကို သံဃာတော်များက စောင့်ရှောက်ကြတာ ပိဋကတ်(၃)ပုံစောင့်နတ်သမီးဆိုတာ ဗုဒ္ဓဝါဒမဟုတ်ဘူး။
ဥတ္တမကြီးကပြောတယ်၊ သ န္တိသုခနဲ့ပတ်သက်ပြီး အရှိန်တွေတက်နေတယ်တဲ့ ဖမ်းဆီးတာ တရားစွဲတာတွေဖြစ်နေတယ်တဲ့ မီဒီယာတွေမှာ “နိုင်ငံတော်နဲပတ်သက်တယ်” “သမ္မတကြီးက စေခိုင်းတာမဟုတ်ဘူး” ဆိုတာက တစ်မျိုး “ညကြီးသန်းခေါင် ရဲတွေအများကြီးနဲ့ အဓမ္မဖမ်းဆီး သိမ်းပိုက်တယ်” “ရဲတွေက အပြင်စည်းနေရာယူထားတာ အထဲမ၀င်ဘူး အထဲဝင်တာက သံဃာတွေနဲ့ သာသနာရေးဌာန တာဝန်ရှိသူတွေ သတင်းတွေကမှားနေတယ်” ဆိုတာက တစ်ဖုံ “သူခိုးတွေ ပါရာဇိကကျသူတွေ “ဆိုတာက တစ်နည်း စသည်ဖြင့် မျိုးစုံနေတာဘဲတဲ့ “သန္တိသုခ” က “သန္တိဒုက္ခ” ဖြစ်နေတာပေါ့။
ဘုရားရှင်က “အဓိကရဏ” (အဓိကရုဏ်း၊ ငြင်းခုံမှု)တွေကို “သမထ” (ငြိမ်းစေနည်း)တရား (၇)ပါးနဲ့ ငြိမ်းစေရမယ်လို့ ဟောထားတယ် ဒါပေမဲ့ အချိန်ကာလတွေကြာညောင်းလာတော့ ခေတ်အဆက်ဆက်တွေ ပြောင်းလာတော့ ဆုမ္မရတာတွေ ကံမြစ်ရကာတွေဟာ ခက်ခဲလာကြပါ တယ်။ ဒါတွေကို ကျော်လွန်နိုင်ဘို့ဆိုရင် ဥပဒေတွေ နည်းဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ လုပ်ထုံးလုပ်နည်းတွေ ရှိမှဖြစ်တော့မယ်လို့ သဘောပေါက်လာကြတယ်။ အဲဒါတွေ ပြဋ္ဌာန်းနိုင်ဖို့ဆိုရင် သံဃာများညီညွှတ်မှဖြစ်မယ်။ ဂိုဏ်းတွေ ဂဏတွေကွဲနေလို့မရဘူး “နွားကွဲရင် ကျားဆွဲ” ခံရမှာဘဲ။ အဲဒီအတွေးအမြင်ကို အစပြုပြီး “ဆရာ ဒကာ” ညီညာစွာနဲ့ ဆောင်ရွက်လိုက်တာ ဒီနေ့ မြန်မာပြည်မှာ ရှိနေတဲ့ “သံဃာအဖွဲ့အစည်း “ကြီး ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။
အုပ်ချုပ်သူ အုပ်ချုပ်ခံရသူဆိုတာ ကမ္ဘာဦးစကပင် ရှိလာခဲ့တယ်။ ဒီနေ့ခေတ်မှာ တည်ရှိနေကြတဲ့ “စနစ်” အမျိုးမျိုးမှာလဲ ရှိနေတယ်။ နောင်လဲရှိနေဦးမှာဘဲ။ မရှိချင်ရင်တော့ “သန္တိသုခ” (နိဗ္ဗာန်ချမ်းသာ)ရဖို့လိုတာပေါ့ သန္တိသုခဆိုတာ လောဘ၊ ဒေါသ၊ မောဟငြိမ်းမှရနိုင်တာ ဖြစ်ပါတယ်။ မငြိမ်းနိုင်သေးရင်တော့ အုပ်ချုပ်သူတွေ၊ အုပ်ချုပ်ခံရသူတွေ ဖြစ်နေဦးမှာဘဲ။
ဒီနေ့ နိုင်ငံအသီးသီးမှာ လူတွေကို အုပ်ချုပ်ဖို့ မင်းအစိုးရဆိုတာတွေ ရှိနေကြတယ်။ ဘုရင်စနစ် ကတော့ မင်း ဆိုရှယ်လစ်၊ ကွန်မြူနစ်ကြတော့ အစိုးရ ဒီမိုကရေစီကျတော့ ပြည့်သူ့အစိုးရတဲ့ ဒီနေ့ မြန်မာပြည်မှာတော့ ပြည်သူမှ တင်မြှောက်တဲ့ ပြည်သူ့အစိုးရက လွှတ်တော်မှအတည်ပြုသော ဥပဒေ များနှင့်အညီ အုပ်ချုပ်နေတာပေါ့။ ဒီအပေါ်မှာ ပြည်သူ့အသံတွေလဲ ဆူညံနေကြတာပေါ့ အဲဒီလိုဘဲ “အနာဂါရိက”လို့ ခေါ်တဲ့ အိမ်ယာမထောင် ရဟန်းတို့ဘောင်မှာလဲ (သူကတော့အုပ်ချုပ်သူလို့ မပြောဘူး၊ အချင်းချင်း ကြီးကြပ်ထိန်းသိမ်းတာလို့ဆိုတယ်) သံဃာ့အဖွဲ့အစည်းဆိုတာရှိတယ်။ (တစ်နည်း)ပြောရရင် ဘုန်းကြီးအစိုးရပေါ့ အဲဒီအဖွဲ့အစည်းက သံဃာတော်များ ညီညွှတ်စွာ ရေးဆွဲအတည်ပြုပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အုပ်ချုပ်နေကြတာပေါ့ ဒီအုပ်ချုပ်မှု မှာလည်း အသံတွေဟာဆူညံနေကြတာပေါ့။
ဒီနေရာမှာ စဉ်းစားကြည့်ကြရင် အုပ်ချုပ်သူကလည်း အုပ်ချုပ်နေတာမဟုတ်ဘူး အုပ်ချုပ်ခံရသူ တွေကလည်း အုပ်ချုပ်ခံနေရတာမဟုတ်ဘူး။ အုပ်ချုပ်သူတွေရော အုပ်ချုပ်ခံရသူတွေရော အားလုံးဟာ အုပ်ချုပ်ခံနေရတာဘဲ။ အုပ်ချုပ်သူအစစ် အမှန်ကတော့ ဥပဒေတွေ နည်းဥပဒေတွေ စည်းမျဉ်း စည်းကမ်းတွေ လုပ်ထုံးလုပ်နည်းတွေပါဘဲ။ ဒီဟာတွေကလည်း လူတွေက သံဃာတော်များက ဗုဒ္ဓ ဘုရားရှင်က ရေးဆွဲအတည်ပြု ပြဋ္ဌာန်းတာတွေ ဟောကြားသွန်သင် တားမြစ်ပိတ်ပင်ခဲ့ကြတာပေါ့ ဗုဒ္ဓရဲ့ “ဓမ္မ၀ိနယ”ကို ပြင်ဆင်ဖြည့်စွက် နှုတ်ပယ်ခွင့် မရှိပေမဲ့ ဓမ္မ၊ ၀ိနယမှတစ်ပါး ဥပဒေ စတာတွေကိုတော့ ပြင်ဆင်ဖြည့်စွက်နုတ်ပယ်လျက် ရှိနေကြပါတယ်။ ဒါကလည်း အများဆန္ဒဘဲပေါ့။
သန္တိသုခကျောင်းကိစ္စမှာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများအရ အုပ်ချုပ်သူရော အုပ်ချုပ်ခံရသူတွေရော ပါဝင်ပတ်သက်သူများကို စီမံနေတာ စီရင်တော့မှာ ဒီတော့ အုပ်ချုပ်သူ အုပ်ချုပ်ခံရသူ (ပါဝင်ပတ်သက်သူ)တွေက ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်း ဓမ္မ၀ိနယ တွေနဲ့အညီ ရှင်းလင်းကြရမှာ လျှောက်လွှဲကြရမှာ နောက်ဆုံးတော့ ဥပဒေ လုပ်ထုံး၊ စည်းမျဉ်း၊ စည်းကမ်း၊ ဓမ္မ၊ ဝိနယက ညီညွှတ်မျှတစွာ စီရင်မှုကို ခံကြရမှာ။ ဒီလိုဘဲသဘော ထားရှိရမှာပေါ့။
ဒီနေ့မီဒီယာမှာ အရှိန်တက်နေတဲ့ သန္တိသုခကျောင်းတော်ကြီးကိစ္စမှာ ညဥ့်နက်သန်းခေါင်း ဝင်စည်းလို့ “သူခိုးတွေလို့ ပြောသူကပြော သူတစ်ပါးပစ္စည်း အဓမ္မသိမ်းလို့ ၄၇-ပါးရော ပါဝင် ဆောင်ရွက်သူ သံဃာအားလုံးကို “ပါရာဇိကကျပြီ”ဟု ဆိုသူကဆို (ဒီအပြော ဒီအဆိုတွေဟာ အင်မတန်မှ အပြစ်ကြီးပါတယ်)။ “သူနဲ့သာဆိုင်တယ် ငါနဲ့မဆိုင်ဘူး ” လွှဲသူကလွှဲ (ဒါတွေက တာန်ခံမှု တာဝန်ယူမှု မရှိဘူး) ဖြစ်နေတော့ “သာသနာ့”က ညည်းတွားမိတယ်။ “အင်း…ခက်တော့တာပါဘဲ”
သာသနာဆိုတာ အဆုံးအမ၊ အဆုံးအမဆိုတာ ဗုဒ္ဓဘုရားရှင်သာ ဖြစ်ပါတော့သတည်း။
သာသန (သီရိလင်္ကာ)
Thursday, June 23, 2016
သာသနာ့ ညီးတွားသံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment