မ . ဘ . သ ဟုခေါ်သည် . . .
ကုသိုလ်အမျှ ပေးဝေငှသည်
ကိုယ်စီ ရရှိကြပါစေ
*******************
ယနေ့ ( 20 - 6 - 2016 )
ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်
ပန်ပက်အုပ်စု ရွမ်းကူကျေးရွာမှာ
ဆင်းရဲနုံချာလှတဲ့ ဒေသခံ
ကယန်း( ပဒေါင် ) တိုင်းရင်းသားတွေကို
ဦးဇင်း( အရှင်ရာဇိန္ဒ )ဦးဆောင်ပြီး
ကယားပြည်နယ် မဘသ အစီအစဉ်ဖြင့် အဝတ်အထည်များ သွားရောက်လှူဒါန်းခဲ့
ဝေးခေါင်လွန်းခြင်း ဆင်းရဲခြင်း ဒေသမဖွံ့ဖြိုးခြင်းက ပညာမတတ်သူတွေပေါများစေတယ်
ဗုဒ္ဓဘာသာ အဆုံးအမနဲ့ ကင်းလွတ်စေတယ်
ကြေးကွင်းစွတ်တဲ့ ရိုးရာဓလေ့ကို ထိန်းသိမ်းထားတဲ့ ပန်ပက်အုပ်စုက ဝေနေယျတွေကို ဗုဒ္ဓသာသနာနဲ့ နီးစပ်ထိတွေ့စေချင်တယ်
ကိုယ့်ဗုဒ္ဓဘာသာက မလုပ်ပေးရင်တော့
အခြားဘာသာက လုပ်သွားလိမ့်မယ်
အခုတော့ အဲ့ဒီဒေသအပါအဝင်
ကယားဒေသခံတိုင်းရင်းသားတွေ ဗုဒ္ဓအရိပ်ကို
ရောက်ရှိအမောပြေစေဖို့ ဒို့ဗုဒ္ဓဘာသာတွေ
အင်နဲ့အားနဲ့ နွေးထွေးစောင့်ရှောက် ထောက်ပံ့လှူဒါန်းကူညီကြဖို့ လိုအပ်တယ်
အခုလောလောဆယ်တော့ အဲ့ဒီဒေသကို
ဗုဒ္ဓဘာသာအဆုံးအမရရှိစေဖို့
ယဉ်ကျေးလိမ္မာဓမ္မစကူလ်း ဖွင့်လှစ်ထားပေးတယ်
ဦးဇင်းနဲ့အတူ လက်တွဲပြီး ဓမ္မစကူးလ်သင်ပေးနေတဲ့ ဆရာဆရာမတွေကို
အထူးကျေးဇူးတင်ပါတယ်
ဝမ်းသာစရာက --- အဲ့ဒီဒေသမှာ
ဟိတဓရဆရာတော်ဘုရားက မေတ္တ္တာထားပြီး
ပရဟိတဟိတဓရဓမ္မဝိဟာရကျောင်းတိုက်
တည်ဆောက်ပြီး ဒေသခံတွေရဲ့ ပညာရေး ကျန်းမာရေး စတာတွေ တိုးတက်ဖို့ လှူဒါန်းကူညီမယ်
လေးစားဖွယ်ရာ ထေရ်ဆရာရဲ့ မေတ္တာရိပ်မှာ
ကယားဒေသခံ ဒကာ/ဒကာမတွေလည်း ပူးပေါင်းပေးကြဖို့ ပြောပါရစေ
၎င်းဒေသ ဟိတဓရပရဟိတဓမ္မဝိဟာရကျောင်းတိုက်အတွက် ဝိုင်းဝန်းလှူဒါန်းပေးကြပါရန်လည်း အထူးတိုက်တွန်းလိုပါသည် ။
မဝေးတော့တဲ့ အနာဂတ်မှာ
အဲ့ဒီဒေသ တစ်ခုလုံး ကုသိုလ်တရားတွေ ထုံမွမ်းပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့
ပြည့်စုံပါတော့မယ်
ဒီနေ့အလှူအတွက် ကူညီပေးကြပါသော
* မဘသ ဆရာတော်သံဃာတော်များ
* ဒေါ်မြင့်မြင့်မော် ဦးကျော်ဆန်းလွင် ဒေါ်အေးအေးသန့် အဂွန်းတို့ ဦးဆောင်သောဓမ္မစကူးလ် ဆရာ / ဆရာမများ
* ဝစ္စကုဋီ သံဃာ့ဝေယျာဝစ္စအဖွဲ့ဝင်များ
* ပုညသဟာယအဖွဲ့ဝင်များ
* ကန္တာရဝတီလူမူကူညီရေးအသင်းသူများ
* မိုးဗြဲမြို့မှ ဆရာတော်သံဃာတော်များ နှင့်
ဒကာ ဒကာမများ
အားလုံး အားလုံးကို
အရှင်ရာဇိန္ဒ ( ကယားမဘသ ) မှ ကျေးဇူးအထူးတင်ရှိပါသည် ။
အရှင်ရာဇိန္ဒ ( ကယား မဘသ )
No comments:
Post a Comment