ကြယ်တွေကြွေရင်
ကောင်းကင်ကြီး
အထီးကျန်လိမ့်မယ်..
စာမေးပွဲကျလို့တော့
လူ့ဘဝထဲ မဆင်းကြပါနဲ့ ဘုရား..
မြင့်မြတ်တဲ့ဘဝကနေ
နှိမ့်ကျတဲ့ဘဝကိုဆင်းတာဟာ
ဘယ်လိုမှ မကောင်းစားနိုင်ဘူး ဘုရား
ဖိအားဆိုတာ
ဘယ်လိုဘဝမှာနေနေ ခံရမှာပဲ ဘုရား...
သင်္ကန်းဝတ်နေတာလေးကိုပဲ
ကြည်ညိုလို့မဆုံး ဖူးလို့မဝပါဘူး ဘုရား
ကဲ့ရဲ့သံတွေညံနေလည်းခဏပေါ့
အောင်မြင်တဲ့သူတွေကြား
မသွားရဲ မစားရဲ စကားနည်းခဲ့ရတဲ့
အခိုက်အတန့်တွေကို
တပည့်တော်တို့လည်း ရင်ဆိုင်ကြိတ်မှိတ်ဖြေခဲ့ရဘူးပါတယ်ဘုရား..
လူ့ဘဝရဲ့လွတ်လပ်တဲ့စာမျက်နှာကို
စိတ်ကူးယဉ်ရေးသားချင်စိတ်တွေလည်း
တဖွားဖွားပေါ်ပေါက်ခဲ့ဘူးတယ်ဘုရား.
သို့ပေမယ့်
လူသားအများစုဟာ
သူ့တို့ဘဝကိုလှပပီသအောင် မရေးနိုင်
ငေးမှိုင်ရင်း တထွေထွေနဲ့
အချိန်ကုန်နေကြရတယ် ဘုရား.
တပည့်တော်တို့က လူ့ဘဝကိုခဏချင်း
ဘယ်လိုအလင်းပေးလို့ ရေးနိုင်မလဲ ဘုရား.
လူသားတွေမှာ ဒုက္ခများလှ(များကြ)ပါတယ်ဘုရား..
စိတ်မခိုင် စိတ်မနိုင်လို့
ယိမ်းယိုင်းလဲကျမိလည်း တွဲမထူပေးချင်မိပါသည် ဘုရား..
သာသာနာမှာ အရည်အချင်းရော
အရေအတွက်ပါ နည်းပါးရှားပါးနေကြပါပြီ ဘုရား..
အရှင်တို့သာ လူထွက်ကုန်ရင်
သာသနာ့အရည်အသွေးကို
ဘယ်လို မွေးယူလို့ရတော့မလဲ ဘုရား..
တောရောမြို့ပါ
သာသနာ့အတွက် မငဲ့ကွက်ကြတော့ဘူးဘုရာ
ကျရှုံးမှုတခုအတွက်နဲ့တော့
ဘဝတွေဓမ္မတွေကို သစ္စာမဖောက်ကြပါနဲ့ဘုရား
အောင်မြင်မှုဆိုတာ အမြဲသေနေတဲ့ အရာမဟုတ်လို့ တနေ့တော့ရောက်မှာပေါ့ဘုရား..
သာသနာ့နယ်မြေက
အမြဲလန်းဆန်းနေတဲ့ ပန်းတွေ
နွမ်းပြီးလမ်းဘေးကြွေမှာစိုးမိပါသည်
အရှင်တို့ဘုရား...
သကျငယ်
No comments:
Post a Comment