Thursday, June 30, 2016

ဗုဒ္ဓ၏ အံ့ဖွယ်တော် ၁၈ ပါး

ဗုဒ္ဓ၏ အံ့ဖွယ်တော်  ၁၈  ပါး
----------------**-*----

၁  သင်္ကန်းကို အဖွတ်မလျော်ရခြင်း နွမ်းရိမှု့ 
      မရှိခြင်း

၂ ဆံတော်သည်လက်နှစ်သစ်၌သာ အမြဲတည်တော်မူခြင်း

၃ ပရိက္ခရာဆောင်ရာ၌ ကိုယ်တော်နှင့် လက်လေးသစ်
    မျှ ကွာနေခြင်း

၎ လက်တော်ဆေးလျှင်သပိတ်ပါစင်ကြယ်ပြီး
    သပိန်ဆေးလျှင်လက်ပါစင်ကြယ်ခြင်း

၅ ရောင်ခြည်တော်ခြောက်ပါးလွှတ်လျှင်
    အရပ်ဆယ်မျက်နှာသို့ ပြန့် နှံ့ ခြင်း

၆ ကိုယ်တော်၏ပုံတူကို အသိန်းအသန်းမက
    ဖန်ဆင်းနိုင်ခြင်း

၇ မုန့် ညင်းစေ့ခန့် ကြုတ်အတွင်းသို့ ဝင်နိုင်တော်
    မူခြင်း

၈ ခောတ်သုံးပါးတို့ ၌ အမိုက်တိုက်ကိုဖန်ဆင်းနိုင်ခြင်း

၉ ကိုယ်တော်ကိုအထက်ကောင်းကင်မှ လဝန်း
     ပေါ်သကဲ့သို့ ဝင်နိုင်တော်မူခြင်း

၁၀ တရားဟောလျှင် ပရိတ်သတ်အားလုံးကြားစေနိုင်ခြင်း

၁၁ အာသယ နုသယ ဥာဏ် ရှိတော်မူခြင်း

၁၂ ကျွတ်မည့်သူကိုသိတော်မူသည့် မဟာကရုဏာ
       သမာပတ္တိဥာဏ်တော်ရှိတော်မူခြင်း

၁၃ မည်သည့်အချိန်အခါကို ကျွတ်လိမ့်မည်ဟု
      သိတော်မူသော က္ကုန္ဒိယပရောပရိသတ္တိ ဥာဏ်
       တော်ရှိတော်မူခြင်း

၁၄ သင်္ခါရ
၁၅ ဝိကာရ
၁၆ လက္ခဏာ
၁၇ နိဗ္ဗါန်
၁၈ ပညတ်  စသည်တို့ ၌ သိတော်မူသော
       ဥာဏ်တော်ရှိတော်မူခြင်း

No comments:

Post a Comment