ကလေးဆိုတာအညွန့် တလူလူနဲ့ ပါ
သူတို့ ကို လူကြီးများက
မှန်မှန်ကန်ကန် ပြုစုပျိုးထောင်ပေးဖို့ 
အင်မတန်မှ အရေးကြီးလှပါတယ်
သူတို့ ကို ပြစ်တင်ဝေဘန်ရင်
သူတို့က ကဲ့ရဲ့ရှု တ်ချပြီး တုန့် ပြန်လိမ့်မယ်
သူတို့ ကို ရယ်သွေးသွမ်းရင်
သူတို့ မှာ ရှက်စိတ် ကြောက်စိတ်တွေ
ဝင်သွားလိမ့်မယ်
သူတို့ ကိုတရားမျှတစွာဆက်ဆံရင်
သူတို့ တရားမျှတမှူ့ သဘောကိုနားလည်
လာလိမ့်မယ်
သူတို့ ကိုခြောက်ရင် သူတို့ ရင်ထဲ
ကြောက်စိတ်ဝင်သွားမယ်
သူတို့ ကိုကြမ်းတမ်းစွာဆက်ဆံရင်
သူတို့ ကပြန်ပြီးတိုက်ခိုက်တုန့် ပြန်လိမ့်မယ်
မိမိကိုယ်မိမိယုံကြည်မှု အဆင့်အတန်း
မြင့်တဲ့လူငယ်တွေဟာ
စွမ်းဆောင်ရည်မြင့်မားတတ်ကြပါတယ်
ဒါ့ကြောင့် သူတို့ ရှေ့မှာ မလိမ်ဖို့ မခိုးဖို့ 
သူတို့ ကိုမခြောက်ဖို့ 
သူတို့ ကို ပင်ကိုယ်
သိက္ခာတည်ဆောက်ရေးဖြစ်တဲ့ ကိုယ်ကျင့်တရားတွေကို
လူကြီးတွေကရှေ့ဆောင်လမ်းပြအဖြစ်
သင်ပေးဖို့ နေပြဖို့ ဟာ
အင်မတန်မှ အရေးကြီးလှပါတော့တယ်
တကယ်တော့ မြန်မာနိုင်ငံဟာ
သယံဇာတ ပေါကြွယ်ဝပေမယ့်
ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်နေတာဟာ
အဲဒါကြောင့်ပါ
ရှေ့ကလူတွေက ခိုးပြတယ်
နောက်ကလူတွေက လိုက်ခိုးတယ်
သူခိုးများတဲ့နိုင်ငံတနိုင်ငံဟာ
ဘယ်လိုများ ချမ်းသာပါ့မလဲ
ခိုးရင်မွဲတယ်လို့ 
ဘုရားရှင်ဟောထားခဲ့တယ်လေ
ဦးမြင့်ခိုင်
No comments:
Post a Comment