Wednesday, June 1, 2016

ရုရှားနိုင်ငံ၏ ကမ္ဘာကျော် လက်နက်

#အထူးတပ်ဖွဲ့များအတွက် #AK – 400 ချေမှုန်းရေး ရိုင်ဖယ်သစ်

ရုရှားနိုင်ငံ၏ ကမ္ဘာကျော် လက်နက်ကုမ္ပဏီတစ်ခု ဖြစ်သည့် #Kalashnikov သည် ရုရှား အထူးတပ်ဖွဲများအတွက် ချေမှုန်းရေးရိုင်ဖယ်သစ်တစ်မျိုးကို ထုတ်လုပ်သွားမည်ဟု ယခုလအတွင်း ကြေငြာခဲ့ပါသည်။

ထိုရိုင်ဖယ်သည် အဆိုပါ ကုမ္ပဏီ၏ ယခင်ကထုတ်လုပ်ခဲ့သော လက်နက်များထက် များစွာသာလွန်မည် ဖြစ်ပါသည်။

#AK – 400 ရိုင်ဖယ်သစ်သည် AK – 74 နှင့် AK – 12 ချေမှုန်းရေး ရိုင်ဖယ်များထက် တိကျမှုနှင့် ကျည်စု တွင် ပိုမိုကောင်းမွန်စေရန် ကြိုးပမ်း အားထုတ်ထားပါကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

#AK – 400 ရိုင်ဖယ်သစ်အား ၂၀၁၅ခုနှစ်အတွင်း သမ္မတလုံခြုံရေးတပ်ဖွဲ့က ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် စတင်ပြသခဲ့ပါသည်။

၂၀၁၄ခုနှစ်က ရုရှားတပ်မတော်တွင် စတင်တပ်ဆင်ခဲ့သော AK – 12 ချေမှုန်းရေးရိုင်ဖယ်များသည် အထူးတပ်ဖွဲ့များ၏ လိုအပ်ချက်များအား အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိကြောင်းလည်း ပြောကြားပါသည်။

#AK – 12 သည် ခြေလျင်၊ လေကြောင်းချီနှင့် ကင်းထောက်တပ်ဖွဲ့ဝင်များအတွက် အသုံးဝင်သော ချေမှုန်းရေးရိုင်ဖယ် ဖြစ်ပါသည်။

သို့သော် အထူးတပ်ဖွဲ့ဝင်များအတွက်ကိုမူ ပိုမိုကျစ်လစ်ပြီး တိကျမှုနှင့် ကျည်စုတို့တွင် AK – 12 ထက် မညံ့သော ရိုင်ဖယ်သစ်တစ်မျိုးလိုအပ်လာပါသည်။

အဆိုပါ ရိုင်ဖယ်သစ်သည် အဆောက်အဦးများ၊ လေယာဉ်ပျံများ၊ ရထားနှင့် ဘတ်စ်ကားများကို ဝင်ရောက်စီးနင်းရာတွင်လည်းကောင်း၊ လေထီးခုန်ခြင်းနှင့် တောတွင်း ချီတက်သွားလာရာတွင်လည်းကောင်း လွယ်ကူစေရန် ကျစ်လစ်မှုရှိရမည် ဖြစ်ပါသည်။

#AK – 400 နှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို မသိရှိရသေးသော်လည်း သေနတ်၏ အလျားမှာ ၉၄၀ မီလီမီတာ ရှိပြီး အလေးချိန် ၃ ကီလိုဂရမ်ခန့် ရှိပါသည်။

၇.၆၂ မီလီမီတာနှင့် ၅.၄၅ မီလီမီတာကျည်များ ပစ်ခတ်နိုင်ရန် Version မျိုးစုံထုတ်လုပ်မည်ဖြစ်သည်။

#AK – 400 ရိုင်ဖယ်သစ်တွင် “Cuffoff” mode ကို တပ်ဆင်ထားပါသည်။

သေနတ်ဒင်သည်လည်း စက္ကန့်ပိုင်းတွင်း အသွင်းအထုတ်ပြုလုပ်နိုင်သည့် retractable telescopic butt-stock ဖြစ်သောကြောင့် ကားအတွင်းတွင်သော်လည်းကောင်း၊ အဝတ်အစားအတွင်းတွင်သော်လည်းကောင်း လျို့ဝှက်စွာ သယ်ဆောင်သွားနိုင်ပါသည်။

#AK – 400 တွင် Picatinny Rail တပ်ဆင်ထားသောကြောင့် ဆိုဒ်အမျိုးမျိုး (Sights)၊ မီးများ (Pens and Flashlights) ၊ လေဆာ ပစ်မှတ်ရှာ ကိရိယာများ (laser target designators) ကို အဆိုပါ Rail တွင် တပ်ဆင်နိုင်ပါသည်။

#AK – 400 ချေမှုန်းရေး ရိုင်ဖယ်သစ်အား သမ္မတ လုံခြုံရေး တပ်ဖွဲ့ (Presidential Security Service) နှင့် အထူးတပ်ဖွဲ့များ ဖြစ်သည့် Alpha, Vympel နှင့် Federal Security Service (FSB) လက်အောက်ခံ အခြား အထူးတပ်ဖွဲ့များတွင်လည်း တပ်ဆင်သွားမည်ဖြစ်သည်။

Dr. နိုင်ဆွေဦး
#ThayNinGa_Institute_for_Strategic_Studies®
(31/05/2016)
Ref; www.RT.com, www.spuniknews.com

No comments:

Post a Comment