Wednesday, June 15, 2016

မေလ ၃၀ ဒီပဲယင်း.

မေလ ၃၀ ဒီပဲယင်း...
=============
ဒီနေ့ဟာ မြန်မာ့သမိုင်းရဲ့ အကျည်းတန် အရုပ်ဆိုးတဲ့
နေ့တစ်နေ့ပါပဲ..။သို့သော်လည်း တမြေ့မြေ့နဲ့ နာကျင်
ခံစားနေရမှာ မဟုတ်သလို လွယ်လွယ်ကူကူနဲ့ မေ့ပစ်
ရမည့်အရာလည်း မဟုတ် ။

ကျွန်ုပ်တို့အနေဖြင့် သမိုင်းကိုမေ့ပစ်လိုက်ခြင်းသည်
နောက်တစ်ကြိမ် လူဆိုးလူမိုက်တွေအတွက် အခွင့်
အရေးပေးလိုက်တာနဲ့အတူတူပဲဆိုတာကို သတိပြုမိ
ဖို့လိုပါ၏ ။

ဥပမာ..ဟစ်တလာက ဂျူးတွေနဲ့ အခြားသူတွေအပေါ်
racial cleaning(genocide)မလုပ်ခင် ပြောခဲ့တဲ့
စကားတစ်ခွန်းက ကျုပ်တို့အတွက် သင်္ခန်းစာယူစရာ အကာင်းဆုံးဆိုတာကို သမိုင်းက အခိုင်အမာသက်သေ
ထူလျက်ပါပဲ ။

သူ ဘာပြောခဲ့လဲဆိုတော့..
``ခုဆို အာမေးနီးယန်းသတ်ဖြတ်မှုကို ဘယ်သူတွေ
ကများ သတိရသေးလို့တုန်း´´တဲ့ ။

ကဲ... ဒါက သမိုင်းကိုမေ့ပစ်ပြီး ပေါ့ပေါ့ဆဆနေတတ်
တွေကြောင့် နာဇီဟစ်တလာ အခွင့်အရေးရသွားတာပါ။
ကျုပ်တို့ပြည်သူတွေအနေနဲ့ သမိုင်းဆိုတာ နေမြင့်လျှင်
လွင့်ပျယ်သွားမည့် နှင်းပွင့်လေးတွေလို့ သဘောထားမိ
ခဲ့ရင်တော့ နောက်ထပ်ဟစ်တလာတွေအများကြီး ကျုပ်
တို့ ကြုံတွေ့နေရဦးမှာပါပဲလို့ ။ ။

အရှင်ဉာဏ်၊ မစိုးရိမ်၊ ပါဠိ ။
___________
( သည်နေ့သည်ကား လွန်ခဲ့သည့် ၂၀၀၃ခုနှစ် ၊
မေလ၃ဝ ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ၊NLDပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး
(ယခုပါတီနာယက)နှင့် ပါတီဝင်များသည် စစ်ကိုင်း
တိုင်း ၊ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် အကြမ်းဖက်နှိမ်
နင်းခြင်းခံရသော (၁၃)နှစ်ပြည့်နေ့ပင်ဖြစ်သည် ။ )

Credit ; Dhamma Metta

No comments:

Post a Comment