Wednesday, June 15, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ပေးခဲ့သော သြဝါဒ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ပေးခဲ့သော သြဝါဒ
===================================
မေး ။   ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လို အကြောင်
းအရာတွေ ပြောဖြစ်ကြပါသလဲ အရှင်ဘုရား ။

ဖြေ ။    ။ အောင်ဆန်းစုကြည်က အဲဒီတုန်းက သွားတဲ့
နေရာ အပစ်ခံရတာကိုးကွ ၊ပြိတ္တာမတစ်ယောက်အ
ကြောင်း ငါက ပြောလိုက်တယ် ၊ဘုန်းကြီးတစ်ပါးက
တရားအားထုတ်တယ်ပေါ့ ၊တရားအားထုတ်တော့
ပြိတ္တာမကြီးက သူ့နေရာမို့ ထင်ပါရဲ့ ၊ဒီ့ပြင် နေရာပြောင်
းအားထုတ်မယ်ပေါ့ ၊အဲဒီနေရာလည်း ပြိတ္တာမကြီးက
လိုက်နှောင့်ယှက်တာပဲ ၊အဲဒီတော့ နှောင့်ယှက်တယ်
ဆိုတာ ပြိတ္တာရဲ့ အလုပ်ပဲ ၊သူတို့ နှောင့်ယှက်ရင် နှောင့်
ယှက်ပလေ့စေပေါ့ ၊ညည်းကလည်း ကိုယ့်အလုပ် လုပ်ရ
မှာပဲလို့ ၊ငါက အဲဒီလို ပြောတာ ။

အဲဒီလိုပြောတော့ အကြီးအကျယ် ထိတာပေါ့ကွာ ၊သူ
တို့က နှောင့်ယှက်တာကိုး ၊အောင်ဆန်းစုကြည် သွား
လေရာ သူတို့က နှောင့်ယှက်တာ ၊သူတို့က ပြိတ္တာဖြစ်
သွားတာပေါ့ ၊ငါ နိုင်ငံခြားထွက်တော့ ပတ်စ်ပို့က သူ
တို့ဆီ ယူရတာကိုး ၊သူတို့က အဲဒီတိပ်ခွေ ဖွင့်ထားတာ၊
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြိတ္တာမအကြောင်းပြောတဲ့
ခွေ ဖွင့်ထားတာ ၊အခွေကလည်း ပျံ့သွားတယ်လေ ၊
ဆရာတော် သိလားဘုရားတဲ့ ၊သိတာပေါ့ ၊အဲဒါ ငါပဲ
ဥစ္စာလို့ (ရယ်လျက်) ၊ငါကလည်း အပြတ်ပဲ (ရယ်လျက်)
ငါပဲကွလို့ ၊မင်းတို့ မပေးချင်ဘူးလားလို့ ၊မပေးချင် ပြန်
မယ်ကွာလို့ ၊ဟာ မဟုတ်ပါဘူးဘုရား ၊ပေးမှာပါဘုရား
တဲ့ ၊ငါက အတွင်းဝန်ရုံးသွားပြီး ပတ်စ်ပို့ယူရတာ ၊
သူများဆို ပတ်စ်ပို့ရုံး သွားယူစရာ မလိုဘူး ၊စနေနေ့ကြီး
ပေးတာ ၊သူတို့ ပေးတဲ့ထုံးစံ မရှိဘူးလေကွာ ။  ။

ကျေးဇူးတော်ရှင်
(အဂ္ဂမဟာပဏ္ဍိတ)
မန္တလေးမြို့ ၊မစိုးရိမ်တိုက်သစ်ကြီးများ၏
အဓိပတိ မဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသမထေရ်မြတ်
_________
" ဦးဝင်းဖေမောင်- လျှောက်ထားမေးမြန်းခြင်းစာအုပ်မှ "

No comments:

Post a Comment