Wednesday, June 15, 2016

ဘုရားကို ဖူးတွေ့မြင်နေရသူ

ဘုရားကို ဖူးတွေ့မြင်နေရသူ
====================
၁။ ဓမ္မံ ပဿန္တော- လူတိုင်းလူတိုင်း တရားဓမ္မကို
ဥာဏ်ဖြင့်မြင်အောင်  ကြည့်ဖို့လို၏။ (လိုက်နာကျင့်သုံး
တတ်ဖို့ လို၏။)

၂။ မံ ပဿ     တိ-ဒါမှ ဘုရားရှင်ကို (ဘုရားရှင်၏ ဂုဏ်
တော်ကို)တကယ် ဖူးမြင်တတ်၏ ။ဖူးမြင်ရာ ရောက်၏။

၃။ မံ ပဿ     န္တော ဘုရားရှင်ကို (ဘုရားရှင်၏ဂုဏ်တော်
ကို) ဥာဏ်ဖြင့်မြင်အောင် ကြည့်တတ်ဖို့လို၏။

၎။ ဓမ္မံ ပဿ     တိ-ဒါမှ တရားဓမ္မကို ဥာဏ်မျက်စိဖြင့်
မြင်တတ်၏။ ညာဏ်မျက်စိဖြင့် ကြည့်ရာရောက်၏။လိုက်နာကျင့်သုံးတတ်၏။

မိမိ၏ ရူပကာယတော်၌ တဏှာမျက်စိဖြင့်ကြည့်၍
တွယ်တာ တပ်မက်နေသော ဝက္ကလိမထေရ်အား
ဟောကြားခဲ့သည့် မြတ်ဗုဒ္ဓ၏ ဒေသနာတော်ဖြစ်၏။

ဆိုလိုရင်းကား-
တရားကို မမြင်လျှင်(တရားမရှိလျှင်) ဘုရားကို ဖူးမြင်
နေသော်လည်း(ဘုရားပေါ်ရောက်နေသော်လည်း)
ဘုရားကို ဖူးမြင်ရာမရောက် တရားကိုမြင်မှ(တရားရှိ
နေမှ) ဘုရားကို မရောက်ဖြစ်သော်လည်း ဘုရားကို
တကယ်ဖူးမြင်ရာရောက်၏-ဟုဆိုလို၏။

၁။ တချို့က ဘုရားကျောင်းကန်ကို ဟန်ပြဗန်းပြ အနေ
ဖြင့်  ဖူး၏၊သွား၏၊ရောက်၏။ သို့သော် ဘာသာတရား
ကိုကား လုံးဝမယုံကြည်၊မသိ၊နားမလည်၊မလိုက်နာ ၊
မကျင့်သုံး။ (ဘုရားကို မဖူးမတွေ့ မမြင်ရသူသာတည်း။)

၂။ တချို့က ဘာသာတရားကို နှစ်နှစ်ကာကာ သိနား
လည်၏။(လိုက်နာကျင့်သုံး၏။) သို့သော် ဘုရားကျောင်း
ကန်သို့ကား  အကြောင်းတစုံတရာကြောင့် ရောက်ဖြစ်
ချင်မှ ရောက်ဖြစ်မည်။ (ဘုရားကို ဖူးတွေ့မြင်နေရသူ
တည်း။)

( " နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် "ကို ရည်ရွယ်ဂုဏ်ပြု
သည်။ )
_____________
Credit ; အရှင်ခန္တီစာရာဘိဝံသ မစိုးရိမ်တိုက်သစ်
( ဓမ္မကာမကျောင်း နာယကဆရာတော် )

No comments:

Post a Comment