***"ကိုရင်လေး"***
•••••••••••••
®|1| ကိုရင်လေး ကိုရင်လေး
အထင်မသေးနဲ့ ကိုရင်လေး---။
လောကကောက်ကွေ့ ဒုက္ခတွေ့လည်း
ရဲပေ့သတ္တိ ဇ;ရှိရှိနဲ့
စာကျက်စာအံ အရိုက်ခံလည်း
ဇွဲမလျော့ဘဲ အားတင်းခဲ၍
ထမ်းခဲ့ပေသည် ငါ၏ဓိဋ္ဌာန်
သာသနာ့ဝန်---
စိတ်သန်သန်ဖြင့် ငါလျှောက်လင့်---။
®|2| သင်္ကန်းညစ်ထေ ခေါင်းဝယ်ပွေးစွဲ
ဒက် ဝဲ ရံခြွေ နံစော်နေလည်း
အထင်မသေးနဲ့ ကိုရင်လေး---
ပေးဆပ်အတိ မြတ်ဗုဒ္ဓ၏
ချဘိလမ်းစဉ် ကျင့်ကြံနိုင်အောင်
သတိဆောင်၍ လူ့ဘောင်လောက
ကျင့်ခဲလှတဲ့ ပါတိမောက်ဝဂ်
ထမ်းရွတ်ဆောင်ကြည်---
ဒါသည်ငါ၏ မြင့်မြတ်ခြင်း---။
®|3| ကြမ်းပိုးကကိုက် ခြင်ကနှိပ်စက်
အပူလိုင်းဖြတ် အိုက်စက်ရာသီ
ချွေးတွေသီလည်း အေးဆေးစွာပင်
ရှင်တော်ရုပ်ပွား ထံတော်ပါးရှေ့
တိုးဝှေ့ထိုင်ခွေ မေတ္တာခြွေသည်
ဝေနေယျယသို့ မေတ္တာပို့--
ဒါကတို့ရဲ့ မပျက်မကွက်
နေ့တိုင်းဆက်တဲ့ မေတ္တာဓါတ်---။
®|4| အနှိမ်ခံရန် တုံ့ပြန်မပြော
စိတ်ထားစင်ဖြူ သည်လိုလူကို
မလိုအတ္တ မုန်းနေကြတာ
ဘာကြောင့်ပါလည်း---
သဘောတွေ့စွာ ကိုယ်ချင်းစာကြည့်
ငါ၏သားသာ ဤနေရာ၌
ရှိနေဖြစ်သော်---
စော်ကားမည်လား ပြောမည်လော---။
®|5| ဟေ့---
အသင်လူသား သင်မှားနေပြီ
ဝါဒီဝါဒ မခွဲကြနဲ့
အတ္တဖယ်ခွာ မကူညီသော်
မစော်ကားနဲ့ မြဲမြဲမှတ်ထား
ငယ်သာငယ်ငြား ဝန်ထုပ်များကို
လောကသားတို့ လမ်းမှန်လျှောက်ဖို့
ငါ၏ကိုယ်၌ တည်စေမင်း---။
•••••••••••••••••••••••••••••••••••••
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
17/5/2016/( Tue )/7:30.pm./
===============================
No comments:
Post a Comment