*** လောကသာရ ***
` °°°°°°°°°°
|1|_အသက်ရှည်စွာ အနာမဲ့ကြောင်း
ကောင်းလှစေချင်
ပဲ့ပြင်နိစ္စ ကွပ်ဆုံးမသော
မိဘဆရာ စကားနာ၍
ကျမ်းစာသိမြင် တတ်အောင်သင်လော့-။
ပေါ်လွင်မပြု ကောင်းရာတုလျက်
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စေမင်း---။
|2|_မိခင်ဖခင် ကျေးဇူးရှင်ကို
ချစ်ခင်မြတ်နိုး
ဂူပထိုးသို့ ရှိခိုးဦးတင်
ကြည်လင်မြတ်လေး သိမ်းမြန်းမွေး၍
လုပ်ကျွေးခယ ရိုတုပ်ကွလျက်
ကြီးသထက်အို မျိုးဆွေကိုလည်း
ကြည်ညိုညွတ်တိမ်း ပိုက်ထုပ်သိမ်း၍
မယိမ်းစင်းလျင်း ငြိမ်းစေမင်း---။
|3|_ထုံးတီးနည်းနာ အဖြာဖြာ၌
ပညာရှာမှီး မကြီးသက်ရွယ်
အငယ်သော်က ကြိုးလုံ့လလျက်
တုပ်ကွပုဆစ် ဆရာစစ်၌
ကြောက်ချစ်ရိုသေ လုပ်ကျွေးထွေဖြင့်
စာပေတတ်ကြောင်း တချောင်းချောင်းလျှင်
ခြိမ်းမောင်းသည့်ခံ ဆရာ့ထံ၌
သင်အံကျက်လေ့ တစ်နေ့တစ်ပါး
မှတ်သားလေလေ ဝမ်းတွင်းခွေ၍
အထွေအထူး ဂုဏ်ကျေးဇူးကို
ဆည်းပူးသိမြင် ကြွယ်စေမင်း---။
ပျို့ ရခိုင်သူမြတ်
===============================မင်္ဂလာနေ့သစ်လေးမှာ မင်္ဂလာရှိသော ကဗျာလေးနဲ့ နှုတ်ဆက်
လိုက်ပါတယ်။အမျိုးများ အားလုံးကို ထာဝရ လေးစားလျှက်--
===========================
No comments:
Post a Comment