*** သင်သိပါစေ***
==========
• တိုက်တာအုပ်ချုပ် ဆရာလုပ်၍
ဂုဏ်ပုဒ်ထင်ပေါ် ဆရာတော်ဟု
နယ်ပေါ်ကျော်ကြား ဘုန်းကြီးများကို
အများတကာ ကားနှင့်လာ၍
လိုတာပြောပါ လျှောက်ထားရှာ၏---။
•• တိုက်တာမရှိ နတ္ထိဂုဏ်ရှိန်
သပိတ်ကိုလွယ် အိမ်စဉ်လည်ကာ
ရလာသည့်ဆွမ်း ဝမ်းဖြည့်စွမ်း၍
ကျမ်းဂန်စာပေ ရှာဖွေသင်ကြား
ရှားပါးစာအုပ် ဟောင်းနွမ်းသင်္ကန်း
ဝတ်ဆင်မြန်းလျက် ဆင်းရဲနက်လှ
သောတုဇန တို့ဘဝကို
လှူရကောင်းမှန်း သင်သိပါစေ---။
( ရွှေပေါက်ဆိန် • ဣစ္ဆာသယ ဂမ္ဘီရဂျာနယ် )
==============================
No comments:
Post a Comment