Wednesday, June 15, 2016

ရုတ်တရက်မို့ နှုတ်မဆက်ချင်သူ

ရုတ်တရက်မို့ နှုတ်မဆက်ချင်သူ
======================
ဇရာအို ဝါးမျိုပေါ့ ဒီခန္ဓာ
ဝေဒနာအတိုထွာ ဗရပွရယ်နဲ့
မဖြေသာ မနေသာ လူးလွန့်ကာနေရတယ်
သေရွာသာ ခုန်ကူးချင်လှပါဘိ
ဝဋ်ကြွေးကယ်ငင်…။
လွတ်ရေးရယ် ဘယ်မမြင်တယ်
ကြမ္မာငင် ဝေဒနာဆိုးရယ်ကြောင့်
ငါ့စိတ်ကို ငါမနိုင်
ဘဝနေဝင်ချိန် တိုင်ခဲ့ပါပေါ့
ကိုသိုလ်ကံကုန် ခဏတာ အတွင်းမှာတော့
တသောသော ခရီးနှင်
တပည့်တွေ ဝင်နုတ်ဆက်ကြပေမဲ့
ငါ လက်မပြနိုင်တော့ပါဘူး
ရေစက်ကျ ဘုံဌာနဆီသို့
ငါ တစ်ယောက်ထဲ
သွားပါရစေတော့ …တပည့်တို့။
______________
Credit ; Ko Yaw

No comments:

Post a Comment