Wednesday, June 15, 2016

ကိုယ်နဲ့ ထိုက်တန်ရာ နေရာမှာ နေကြပါ

ကိုယ်နဲ့ ထိုက်တန်ရာ နေရာမှာ နေကြပါ
=========================
အသောကမင်းတရားက ဂျိန်းဘုန်းကြီးတွေကို ကိုယ်နဲ့
ထိုက်ရာ သင့်တော်ရာမှာ ထိုင်ကြပါလို့ ပြောလိုက်
တော့ ဂျိန်းဘုန်းကြီးတွေဆိုတာ အဝတ်မပါဘူး၊ဘယ်
တော့မှလဲ ရေမချိုးတော့ ညစ်ပတ်နေတယ်၊သူတို့ပုံစံနဲ့
သလွန်တွေပေါ် ကော်ဇောတွေပေါ် ထိုင်လို့ မတော်ဘူး
ဆိုပြီး နန်းတော်လှေကားရင်း ထိုင်ပြီး အစားအသောက်
တွေ စားသွားကြတာ ။

နိဂြောဓကိုရင်လေးကတော့ သင့်တော်ရာမှာ သီတင်း
သုံးပါလို့ လျှောက်တော့ ရာဇပလ္လင်ပေါ် တက်ထိုင်လိုက်
တယ်။အဲဒါပဲ တပည့်တော်တို့ ရဟန်းတော်များဟာလဲ
ကိုယ်နဲ့ထိုက်တန်တဲ့နေရာမှာ နေကြပါ၊ကိုယ်နဲ့ သင့်
တော်မဲ့နေရာမှာ နေကြပါဘုရား၊ကိုယ်နဲ့ မဆိုင်တဲ့မသင့်
တော်တဲ့ နေရာတွေမှာ မနေကြပါနဲ့ ။

(၁-၆-၂၀၁၆ ရက်နေ့ကျင်းပသည့် ဗုဒ္ဓဘာသာ တက္ကသိုလ် ကောလိပ်များဆိုင်ရာ အစည်းအဝေး၌ မိန့်ကြားသော သြဝါဒကထာ-မှ)
____________
Credit ; Dhamma Metta

No comments:

Post a Comment