❀ စာပေတွေတတ်လာပြီဆိုရင် တပည့်ပရိတ်သတ်တွေ များလာတယ်။ စာတတ်ပုဂ္ဂိုလ်ဆိုတော့ တပည့်ခံချင်တဲ့ပုဂ္ဂိုလ်တွေ များလာတယ်။ ဒကာ၊ဒကာမတွေကလည်း ပေါများတော့ လာဘ်လာဘတွေ များလာတယ်။
❀ အဲဒီလို အခြံအရံပရိတ်သတ်များလာခြင်း၊ တပည့်တွေ ဒကာတွေ များလာခြင်း ဆိုတာကို အကြောင်းပြုပြီးတော့
တရားကိုသိပြီးတော့ ကျင့်ရမယ့်အစား ဘာဖြစ်သွားသလဲဆိုရင် ပညာမာန်တွေ တက်လာတယ်။ ပညာမာန်တွေ တက်လာပြီး ကျန်တဲ့ရဟန်းတွေအပေါ် အထင်သေး အမြင်သေး ဖြစ်လာတယ်။
❀ ဒါကြောင့်မို့ ဘုရားက `အလဂဒ္ဒူပမာ´ ပရိယတ္တိစာသင်တဲ့ အခါမှာ မြွေဖမ်းမတတ်တဲ့သူ မြွေဖမ်းသလို စာမသင်ရဘူးတဲ့။ မြွေတဲ့အခါမှာ မဖမ်းတတ်လို့ရှိရင် မြွေကိုက်တာနဲ့ပဲ သေရတယ်။ ထို့အတူပဲ စာသင်ပြီး မကျင့်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မြွေကိုက်ပြီး သေရသလိုပဲ ကိုယ့်ကို ပြန်သတ်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးပြောတာဖြစ်တယ်။
❀ မြွေဖမ်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မြွေရဲ့လည်ပင်းကို ဆုပ်ကိုင်ပြီးတော့ ဖမ်းမှ မြွေကိုက်မခံရမှာ။ မြွေဖမ်းတဲ့အခါ မဖမ်းတတ်ဘဲ အမြီးကနေ သွားဖမ်းလို့ရှိရင် မြွေကိုက်တာနဲ့ သေတာပဲလေ။အဲဒီလိုပဲ စာသင်ပြီး မကျင့်တဲ့ ပုဂ္ဂိုလ်ဟာ မြွေကို အမြီးကကိုင်ပြီး ဖမ်းတဲ့ပုဂ္ဂိုလ်နဲ့ အတူတူပဲတဲ့။
❀ သင်ထားတဲ့ ပရိယတ္တိစာပေ ပညာတွေကလာတဲ့ အကျင့်တရားကို မကျင့်ဘဲနဲ့ တတ်သိလိမ္မာတဲ့ ဗဟုသုတကို အထင်ကြီးပြီး မာန်ယစ်လာတဲ့အခါမှာ သူတစ်ပါးတွေကို အထင်သေး အမြင်သေး ဖြစ်လာတယ်။ မောက်မာလာတယ်တဲ့။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
__________
Credit ; Dhamma Knowledge
No comments:
Post a Comment