Wednesday, June 15, 2016

ပြိုင်တူ တွန်းပါမှ

ပြိုင်တူ တွန်းပါမှ
=========

မြန်မာပြည်လှည်းဘီးကြီး
ဒုက္ခနွံထဲ ကျွံနေတာ
နှစ်ပေါင်း ၅၀ ကျော် ကြာ..

အစိုးရသည် တန်ခိုးရှင်မဟုတ်
အစိုးရသည် ဣဒ္ဓိရှင် သိဒ္ဓိရှင်မဟုတ်
အစိုးရသည် နတ်ရေကန်မဟုတ်..
အစိုးရသည် တပ်ပျက် ဗိုလ်လုပ်...
အစိုးရသည် မြေးစမ်းခရမ်းပျိုး...

အရှိကို အရှိအတိုင်းမြင်ပြီး
ကိုယ်စီနိုင်ရာဝန်ကို ထမ်းကြမှသာ
ဝိုင်းကြမှသာ ဝန်းကြမှသာ တွန်းကြမှသာ..
လိုချင်တဲ့ ပန်းတိုင်ရောက်မည်သာ...။

အပြစ်ထိုင်ပြောနေလျှင်တော့
အပြစ်သာဖြစ်မည်..။

အနှစ်လည်း ဖြစ်လာမည်မဟုတ်
အချစ်လည်း ဖြစ်လာမည်မဟုတ်
အဖြစ်လည်း ဖြစ်လာမည်မဟုတ်..။
_____
Credit ; အရှင် သံဝရာလင်္ကာရ
             (ဓမ္မပိယဆရာတော်)

No comments:

Post a Comment