ထေရဝါဒနှင့်မဟာယာန
*********************
ထေရဝါဒ ဆိုသည်မှာ---
============
ဗုဒ္ဓဟောခဲ့သည့်အတိုင်း တစ်လုံးတစ်ပါဒမျှပင် ပြင်ဆင်ဖြည့်
စွက်ခြင်း နှုတ်ပါယ်ခြင်းမရှိဘဲ မထေရ်ကြီးများက သယ်ဆောင်
လာတဲ့ ဝါဒ။
*****************************************************
မဟာယာန ဆိုသည်မှာ
============
မဟာ = ကြီးမြတ်သော
ယာန = နိဗ္ဗန်ကို ပို့ဆောင်သောယာဉ်
(ဘုရားလောင်း၏ ကျင့်စဉ်ကိုဦးစားပေးသောဝါဒ) ဒီလိုပဲအကြမ်းအားဖြင့် မှတ်ထားကြပါ။
******************************************************
ဘာကြောင့်ဒီလို ကွဲပြားသွားရတာလေး
====================
ဗုဒ္ဓပညတ်တော်မူခဲ့သည့် ဝိနည်းကြောင့် ဒီလိုပြဿနာပေါ်လာ
ရခြင်းလို့ တစ်ချို့ကျမ်းဂန်များ၌ ဖော်ပြကြသည်။
********************-*******-**********-**-*********
အနည်းငယ်ရှင်းပြအံ့
===========
ဂေါတမမြတ်စွာဘုရား (45)ဝါတိုင်တိုင်လူနတ် ဗြဟ္မာတို့အား
မအားမလတ်တရားတော်များကို ဟေတော်မူပြီး သက်တော် (80)၌ ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တွင်
ပရိနိဗ္ဗာန်စံတော်မူလေသည်။ထိုသတင်းကို ကြားသိရသောအ
ခါ ပုထုစဉ် သောတာပန် သကဒါဂါမ်ရဟန်းတို့သည် ယူကျူံးမ
ရ ငိုကြွေးကြလေသည်။
သုဘဒ္ဒ အမည်ရှိသောရဟန်းကြီးက ငါ့အရှင်တို့ဘာကြောင့်ပူ
ဆွေးငိုကြွေးကြသနည်း။မငိုကြနဲ့တော့ ငါတို့သည်ဂေါတမရဲ့
ချုပ်ချယ်မှုအောက်မှ လွတ်ကြရပြီဘဲ "ယ္ခုအခါငါတို့သည် ပြုလိုရာပြုနိုင်ကြပြီ "ဝါဒဖြန့်ချိလေတော့သည်။
ထိုသတင်းကို ရှင်မဟာကဿပ ကြားသိရ၍တော်တော်လေး
တော်တော်လေးထိတ်လန့်သွားခဲ့ရသည်။"သူတော်ကောင်းတရားတွေ မပျောက်ကွယ်မီ မသူတော်တရားတွေ မထွန်းကားမီ
သံဃာယနာတင်အံ့။"ဟုဆိုကာ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူ
အပြီး (3)လအကြာတွင် ရှင်မဟာကဿပ အရှင်ဥပါလိ
အရှင်အာနန္ဒာ တို့ဦးဆောင်၍ ဝါတော် သိက္ခတော်ကြီးရင့်သော
မထေရ် ၅၀၀တို့သည် ဘုရင်အဇာတသတ်၏ အထောက်အပံ့
ဖြင့် သတ္တပဏ္ဏိလိုဏ်ဂူ၌ သင်္ဂါယနာစတင်ခဲ့ကြသည်။
*****************************************************
ကွဲပြားလာပုံ
======
သာသနာပြည့် ၁၀၀ခန့်တွင် သံဃာယနာတင်စဉ် မကျေမနပ်ခဲ့
သောရဟန်းတို့၏အနွယ်သာဝကတို့သည် နလန်ပြန်ထူလာကြ
သည်။ဒေဝဒတ်၏ရဟန်းတို့သည် ဝိနည်းသိက္ခာပုဒ်များကို အ
လိုမကျဖျက်သိမ်းခြင်း ဖြည့်စွက်ခြင်းများပြုလုပ်လာကြတော့
သည်။
အရှင်မဟာယသမထေရ် ဦးဆောင်၍ ကာလသောကမင်းကြီး
အထောက်အပံ့ဖြင့် ရဟန္တာအပါး ၇၀၀တို့သည် ဘုရားဟောပါ
ဠိတော်များကို ၈လတိုင်တိုင် နှုတ်ဖြင့်ဆို၍ ဝေသာလီပြည်
ဝေဠုကာရုံကျောင်းတိုက်တွင်ဒုတိယသံဃာယနာတင်ပြန်သည်။
(ထိုသံဃာယနာတင်၌ ဘုရားဟောပါဠိစာပေများကို တစ်လုံး
တစ်ပါဒမျှ မဖြည့်/မနှုတ်ကြရန်ထပ်၍ သတိပေးသဘောတူ
လိုက်ကြသည်။)
ထိုမူရင်းကိုလက်မခံသော ဝဇ္ဇီတိုင်းသားရဟန်းများကို သံဃာ
တော်များ ပြည်သူလူထုများ စုပေါက်းပြီးတိုင်းပြည်မှနှင်ထုတ်
လိုက်ကြသည်။နှင်ထုတ်ခံရသော ရဟန်းတို့သည် သူတို့ကို
ထောက်ခံသူများပြားသည့် ကောသမ္ဗီပြည်တွင် စုရုံးနေထိုင်ပြီး
ဗုဒ္ဓတရားတော်များကို ပြင်ဆင်မှုပြုလုပ်ကာ သံဃာ ၁၀၀၀
ကျော်သော ရဟန်းတို့ကသူများနည်းတူ သံဃာယနာတင်လိုက်
ကြသည်။"မဟာသံဃိကဂိုဏ်း"ဟူ၍ အမည်ပေးလိုက်ကြ
တော့သည်။
(ဤသည်မှာကား--- "ထေရဝါဒ"နှင့်"သံဃိတဂိုဏ်း"ခေါ်"မဟာယာန"တို့ကွဲပြား
လာပုံအကျည်းပြီး၏။)
===============================
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
29/3/2016/(tue).4:57.pm/
===============================
No comments:
Post a Comment