Friday, June 3, 2016

အပျိုစင်များဖတ်ရန် ***************** #စူးရစ်လေသောဆူး

အပျိုစင်များဖတ်ရန်
*****************
#စူးရစ်လေသောဆူး
===========
± 2016 ခုနှစ် ဆူးနစ်စေတဲ့ မဟာသက္ကရာဇ်---
@ ရင်သို့ချိန်ရွယ် ပစ်ခွင်းလိုက်သော မြှားဒါဏ်ကြောင့် နလံမထူနိုင်သော မဟာနာမ်သက္ကရာဇ်လို့ ကမ္ဗည်းတင်လိုက်
ပါရစေ။

® ဒီဇင်ဘာလမို့ အဖြူရောင်နှင်းငွေ့လေးများ တည်ငြိမ်အေး
ဆေးစွာ လောကဓါတ်တစ်ခုလုံး မှောင်ရိပ်ဖုံး၍ နှင်းမှုန်လေး
များ ကျဆင်းလို့နေချည်ရဲ့။

® တိုးမပေါက်နိုင်အောင် ထူပြားလှတဲ့ နှင်းငွေ့မှုန်များကို
အတင်းထိုးဖောက်၍ အားခဲစွာဖြာကျလာတဲ့ အရှေ့ယွန်းယွန်း
မှ နေမင်းရဲ့အလင်းတန်းကို ငေးမောစွာကြည့်နေခိုက်----
စူးရှသော မျက်ဝန်းတစ်စုံသည် မြူမှုန်ကြားမှ စူးစိုက်စွာကြည့်
နေသည်ကို သတိမူမိသည်။

® အသံဖျော့ဖျော့ဖြင့် တိုးဝင်လာသော သူ၏အသံလေးက
အေးစက်လှပေမယ့် မီးကျီးခဲနှယ် ပူပြင်းလှသည်။

"ကိုကို"ရယ်"ခေး"တို့ လမ်းခွဲကြရအောင်တော့နော်တဲ့။

မမျှော်လင့်ဘဲ ကြားလိုက်ရတဲ့ စကားလုံးကြားမှာ ဆို့နင့်စွာ
ခံစားယင်း ----

"ဘာလို့လေး "ခေး"/"ကိုကို"မှာ အပြစ်များရှိနေလို့လား?"

မဟုတ်ဘူး"ကိုကို"

တုန်ရီနေသော နှုတ်ခမ်းအစုံမှ ဖွင့်ဟဝန်ခံချက်---

"ကိုကို"မျှော်လင့်ထားတဲ့ အပျိုစင်ဘဝကို"ခေး"ဖျက်ဆီးမိပြီ
"ကိုကို"ရယ်။

® ပြင်းထန်တဲ့မုန်တိုင်းတစ်ခု ရင်ဝကိုစုန်ကန်လျက်တိုက်ခတ်
သည့်နှယ် လေဖိအားရပ်ဝန်းက ပြင်းထန်လှတယ်"ခေး"ရယ်-

© "ကိုကို"နဲ့"ခေး"အဝေးရောက်နေတဲ့အခိုက်မှာ "ခေး"ရဲ့
ရာဂအချစ်ကြောင့် အပျိုစင်ဘဝကို စွန့်လွှတ်မိတယ်"ကိုကို"
ရယ်။"ကိုကို"ရဲ့ သစ္စာသိမှုနှင့် သစ္စာရှိမှုအပေါ်မှာ"ခေး"မညာ
ရက်လို့ အခုလိုဖွင့်ပြောမိတာပါ။"ကိုကို"နားလည်ပေးနိုင်ပါစေ။

(မှတ်ရန်/တစ်ကယ်သစ္စာရှိပြီး မေတ္တာထုထည် ကြီးမားသူတစ်
ယောက်ကို တောင်းပန်ဖို့ဝန်မလေးကြပါနှင့်။အမှားတစ်ခု
အတွက် ဝန်ချမတောင်းပန်လိုက်ခြင်းက မိမိကိုအမြဲခြောက်
လှန့် နေတတ်သည်။)

® "ကိုကို"ပြောပါရစေ"ခေး"။"ကိုကို"က အပျိုစင်ဆိုတဲ့
ဘောင်စည်းလေးကို ရာဂတဏှာကြောင့် သတ်မှတ်ထားခဲ့ခြင်း
မဟုတ်။ငါ့အပေါ်မှာ ဘယ်လောက်ထိ သစ္စာရှိပြီး စောင့်စည်း
နိုင်မလဲဆိုတာ သိချင်လို့ သတ်မှတ်ထားခဲ့ခြင်းသာ။

® "ကိုကို"တို့ ယောက်ျားသားတွေက ကိုယ်ယူမဲ့မိန်းမကို
အပျိုစင်ပဲ ဖြစ်ချင်ခဲ့ကြပါတယ်။အပျိုစင်ဘဝကို ရတဲ့ယောက်ျား
သားတွေကလည်း ပီတိဖြစ်မိသလို စိတ်ချမ်းသာစွာ ယုံကြည်မှု
အပြည့်ဖြင့် အချစ်ဆိုတဲ့ ဝေါဟာရကို တန်ပြန်ပေးဆပ်နိုင်ကြ
တယ်လေ။

® တစ်ကယ်ချစ်လို့ မျက်စိစုံမှိတ်ပြီး ယူလိုက်ကြတဲ့ ချစ်လူမိုက်အိမ်ထောင်သည်တွေကို "ခေး"ကြည့်လိုက်ပါ။
"စိတ်ကလုံခြုံမှုမရှိဘဲ အဖုထစ်တစ်ခုတားဆီးစွာ အချစ်ခရီး
လမ်းကို ဖြတ်သန်းနေကြတာကို "ခေး"တွေ့လိမ့်မေ။"

® အပြင်ပန်းသဏ္ဌာန်က သာယာလှတယ်လို့ ထင်ကြပေမယ့်
"ယုံကြည် စိတ်ချမှုမရှိ တော့တဲ့ အိမ်ထောင်ရေးတစ်ခုသာ
ဖြစ်ရပါလိမ့်မည်။

® တစ်ကယ်တော့"ခေး"က တဏှာရာဂတစ်ခုတည်းအတွက်
"ကိုကို"ရဲ့ သစ္စာတရားကို ရိုက်ချိုးသွားတယ်။ဒါပေမယ့်"ခေး"
ကို စိတ်မနာရက်ပါဘူး ချစ်တဲ့စိတ်ကလေးနဲ့ပဲ ခွင့်လွှတ်ခဲ့ပါ
တယ်။

® ငါပေးဆပ်ခဲ့ရတဲ့ အချိန်တွေရယ် ရင်ကိုခွဲပြီးပုံအောခဲ့တဲ့
အချစ်တွေအတွက် "ခေး"ရဲ့မျက်ရည်နဲ့ ပေးဆပ်ရလိမ့်မည်။
နားလည်နိုင်ပါစေ"ခေး"ရယ်---

®[တစ်ကယ်တော့ လက်ထက်ခြင်းဟူသည်မှာ ချစ်ခြင်းရဲ့
လင်္ကာသာဖြစ်တယ်။တဏှာရာဂ အတွက်မဟုတ်ရပါ။
လင်္ကာမပါတဲ့ ကာရံကဗျာတစ်ပုဒ်ကို မခံစားတတ်သူမို့----

နှုတ်ပိတ်ကာ မျက်ရည်စဖြင့်သာ နှုတ်ဆက်ခဲ့ရပါစေတော့---
===============================
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
16/4/2016/(Sat)/(သင်္ကြန်အတက်နေ့)/8:03.am/
===============================

(မှက်ချက်/  အန္ဓပုထုစဉ်တို့သည် အဆိပ်ပါသောပျားရည်ကို
သေစေတတ်သည့် အရာဟုသိသော်ငြားလည်းပဲ အချိုအရသာ
ကိုတွယ်တာမက်မောသောကြောင့် တစ်ခဏချမ်းသာကို တစ်
ဘဝစာအတွက် လဲဝံ့တက်ကြသည်။တိုက်ဆိုင်မှုရှိလျင် ခွင့်
လွှတ်ကြပါရန်-----/)

===============================

No comments:

Post a Comment