အနန္တဂရုဏာတော်ရှင်;----
***မဟာဝီရ***
========
® မဟာဝီရ ကြီးလှသတ္တိ
အရှုံးမရှိ အတိပေးဆပ်
မွန်မြတ်အရှင် မငြိုငြင်ဘဲ
ဆင်းရဲတွင်းမှ သုခရအောင်
ဖန်ဆောင်ပေမယ့် ကောင်းမမြင်တာ
ဘာကြောင့်လိမ့် ငါ၏အရှင်------။
® မြန်မာ့အရေး ဇာနည်သွေးကို
စိုးကြောက်မနေ ထိုးဖောက်ဝင်လွှဲ
သူပေးခဲ့ပြီ ရဲရဲတောက်လှ
အာဂမျိုးချစ် နှစ်တစ်ရာမှာ
တစ်ယောက်သာပေါ် ထိုလူတော်ကို
ဘယ်လိုအငြိုး ဝါဒီဆိုးတွေ
ငြိုငြင်ငြင်းဆန် ပုန်ကန်နေကြ
ဘာကြောင့်လိမ့် ငါ၏အရှင်-------။
® သစ္စာကိုသာ အနှစ်အဖြစ်
အံကြိတ်ခံယူ နေပူမရှောင်
ပြုံးတောင်မပျက် ဇွဲလက်နက်ဖြင့်
အမြင်မတူ မသူတော်ကြား
ရဲဝံ့စွန့်စား ထုတ်ဖော်ပြော၍
ဟောခဲ့လေသော မျိုးစောင့်တရား
လက်ကိုင်ထားဖို့ ထုတ်ပြောသူကို
မကြည်ဖြူစွာ တော်လှန်နေတာ
ဘာကြောင့်လိမ့် ငါ၏အရှင်--------။
® အမှန်တရား သစ္စာစကား
မေတ္တာထား၍ လမ်းပြသွားသူ-
ဒီဇမ္ဗူမှာ မသမာသူ
များပြားလူကြောင့် စိတ်နှောင့်ယှက်များ
ဖြစ်သွားလေသလား ---။
® အရှင်အတွက် အသင့်ပေးဆပ်
မားမားမတ်မတ် ရပ်တည်ပေးပြီး
ရှေ့ဆက်ခရီး မငြီးငွေ့စွာ
တပည့်တော်တို့ လှော်ခတ်ကြစို့
မျိုးစောင့်သူတို့ လမ်းစဉ်မို့-----။
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
15/4/2016/(fri)/(သင်္ကြန်အကြတ်နေ့)/3:35.pm/
===============================
( သွားမပါတဲ့ ခွေးများကိုက်၍ တို့အတွက်ကား ဘာမှဖြစ်မသွား
ဘူးဟေ့--)
===============================
No comments:
Post a Comment