မျက်ကန်း(6)ယောက် ဥပမာ
===============
ဆင်တစ်ကောင်လုံးကို သူတို့ရဲ့ ထင်မြင်ချက်ပေးသွားပုံ---
***************************************************
၁။ပထမအကန်း ဆင်စွယ်ကို လှံတဲ့
၂။ဒုတိယအကန်း ဆင်နှာမောင်းကို မြွေတဲ့
၃။တတိယအကန်း ဆင်နားရွက်ကို ယပ်တောင်တဲ့
၎။စတုတ္ထအကန်း ဆင်ကိုယ်လုံးကို အုတ်နံရံတဲ့
၅။ပဉ္စမအကန်း ဆင်ခြေထောက်ကို ကျွန်းတိုင်တဲ့
ဤပုံကိုထောက်ရှု၍ မိမိတို့သိမြင်သမျှကို အမှန်ဟူ၍ တယူသန်
စိတ်ဖြင့် ထင်ကြေးမပေးသင့်ကြောင့် သင်ခန်းစာယူကြကုန်
လော့။
ဒီလောက်အဖိုးနဂ္ဃထိုက်တန်လှတဲ့ ရတနာဆင်ပြောင်ကြီးကို
တစ်ယောက်တစ်စစီ အယူလွဲပြစ်ကြတာ ဆင်ခမျာ ရစရာကို
မကျန်ခဲ့ဘူးနော်။တကယ်တော့ သူတို့တစ်တွေဟာ မျက်မမြင်
တွေပါ။ပိုဆိုးတာက ဥာဏ်မျက်စိပါ ကန်းနေတဲ့သူတွေဖြစ်နေ
ကြတယ်။
& နောက်ထက်တစ်ဖန် မိမိနိုင်ငံ မိမိတိုင်းပြည် မိမိလူမျိုး အတွက်ကိုယ်ကျိုးစွန့်ပြီး ပေးဆပ်နေကြတဲ့ စစ်သားတွေကို
မျက်စိကန်း နားကန်း ဥာဏ်ပညာကန်း အသိတရားကင်းမဲ့တဲ့
လူခြောက်ယောက်က ထပ်ပြီး သူတို့ရဲ့တစ်ယူသန်အယူဆဖြင့်
ဝေဖန်ကြပြန်တယ်။
၁။ပထမအကန်း သူပုန်တဲ့
၂။ဒုတိယအကန်း မဒိန်းကောင်တဲ့
၃။တတိယအကန်း နယ်ချဲ့တဲ့
၎။စတုတ္ထအကန်း ဓါးပြတဲ့
၅။ပဉ္စမအကန်း အကြမ်းဖက်သမားတဲ့
၆။ဆဋ္ဌမအကန်း ပုဆိန်ရိုးတဲ့
တစ်ကယ်တော့ သူတို့ခြောက်ယောက်လုံးက လုံးစုံကန်းနေတဲ့ သူတွေ ဖြစ်နေကြပြန်တယ်။ဒီလောက် အဖိုးနဂ္ဃထိုက်တန်လှ
တဲ့ စစ်သည်တော်ရတနာကို အတ္တစွဲ၍အယူလွဲပြစ်ကြတာ
စစ်သည်တော်ခမျာ ရစရာကို မကျန်တော့ပါဘူး။
ဘုန်းကြီးတစ်ပါးဖြစ်ဖို့ မလွယ်ကူလှသလို စစ်သားတစ်ယောက်
ဖြစ်ဖို့ မလွယ်ကူနိုင်တာကို စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။
** သွေးတွေပေစွန်းနေတဲ့ လက်နက်တွေကို သူတို့ကိုင်ဆောင်
ထားကြရပေမယ့် သူတို့နှလုံးသားလေးထဲမှာ အမျိုးကိုချစ်၍
အိုးပစ် အိမ်ပစ် မိသားစုတွေနဲ့နွေးထွေးစွာ မနေကြရဘဲ စစ်မြေ
ပြင်မှာ နိုင်ငံနှင့်လူမျိုးအတွက် ပေးဆပ်နေကြရတဲ့သူတွေပါ
နားလည်ကြပါစေ။***
မိသားစုတွေထဲမှာတောင် ပြဿနာရှိကြတာပဲ။ဒီနိုင်ငံထဲမှာ ဒီစစ်ဖြစ်ရတာ မဆန်းပါဘူး။ရသင့် ရထိုက်တဲ့အခွင့်ရေးကို
လက်နက်ပြ တိုက်ခိုက်နေကြရသူတွေမို့ မတရားသော
စစ်ဆိုတာမရှိပါဘူး။
*** လုံးစုံကန်းနေတဲ့ တို့တစ်တွေရဲ့အမြင်ဖြင့် ထင်ကြေးပေး
နေကြမဲ့အစား သူတို့လေးတွေရဲ့နေရာမှာ အစားထိုးပြီးသာ
ဝင်ကြည့်စေချင်သည်။***
မေတ္တာသက်သက်ဖြင့်----
===============================
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
19/4/2016/(Tue)/12:58.pm/
===============================
No comments:
Post a Comment