"နပိုလီယံ"ကျောင်းသားဘဝတုန်းက
********************************
ဆရာ(မေး)---
"သင်တို့ ခေါင်းဆောင်သော စစ်တပ်တစ်တပ်
သည် ရန်သူများ၏ ဝိုင်းရံခြင်းကိုခံနေရစဉ် လက်နက် ခဲယမ်း
မီးကျောက်များလည်းမရှိ စားနပ်ရိုက္ခာလည်းမရှိဖြစ်နေလျှင်
သင်တို့ မည်သို့ပြုလုပ်ကြမည်နည်း"
တစ်ခြားကျောင်းသားများ(ဖြေ)---
"ရန်သူ့ထံ၌ လက်နက်ချလိုက်ပါမည်။"
နပိုလီယံ(မေး)---
"ရန်သူ့ထံတွင် လက်နက် ခဲယမ်း မီးကျောက်နှင့် စားနပ်ရိက္ခာ
များရှိပါသလား ဆရာ"
ဆရာ(ဖြေ)---
"သိပ်ရှိတာပေါ့ နပိုလီယံ"
နပိုလီယံ(ဖြေ)---
"ဤသို့ဆိုလျှင် ရန်သူ့ထံတွင်ကျွန်တော်လက်နက် မချဘူး ရန်
သူ့အလစ်ကို စောင့်ကြည့်ပြီး အတင်းဝင်ရောက်စီးနင်းကာ
လက်နက် ခဲယမ်း မီးကျောက်နှင့်ရိက္ခာတို့ကို လုယူပါမည်"
ဟု ဖြေကြားလိုက်ခြင်းကြောင့် ကျောင်းဆရာမှာ အံ့သြချီးကျူး
မိလေသည်။
******************************************************
နပိုလီယံနှင့်ကျောင်းသာတစ်ချို့စကားများရာ၌
=======================
**ဟေ့---မင်းတို့ ကော်စီးကားကျွန်းသားတွေ ရဲရင့်တယ်
သတ္တိရှိတယ်ဆိုရင် ဘာဖြစ်လို့ ငါတို့ပြင်သစ်တွေ ဆီမှာအညံ့
ခံခဲ့ရတာလည်းကွ"
နပိုလီယန်---"ဒါကတော့ ဆယ်ယောက်နဲ့ တစ်ယောက်ဖြစ်
နေတာကိုကွ။ ငါကြီးလာတဲ့ အထိမင်းတို့စောင့်ကြည့်လိုက်ကြ
မင်းတို့ပြင်သစ်တွေကို ငါမောင်းထုတ်ပစ်မယ် ရှင်းလား"
===============================
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
24/4/2016(SUN)/10:11.PM/
===============================
No comments:
Post a Comment