သန္တိသုခနိုင်ငံတော်သို့---
**********************
ပူဆွေးခြင်း ငိုကြွေးခြင်း ဝမ်းနည်းခြင်း ပျော်ရွှင်ခြင်းတွေကြား
မှာ အတုအယောင်တွေနဲ့ ဟန်ဆောင်ကာပေါင်းသင်း ဆက်ဆံ
နေကြရတာ ရယ်စရာပင်ကောင်းလှသည်။ဟန်ဆောင်မနေကြ
ပါနဲ့ ပင်ပန်းပါတယ်။
ချစ်စရာရှိလျှင်ချစ်လိုက်ကြ ငိုစရာရှိလျှင်ငိုလိုက်ကြ ပျော်စရာရှိ
လျှင်ပျော်လိုက်ကြနဲ့ပေါ့။ ပြီးတော့ဘာမှမဟုတ်ဘူး ထိုအဖြစ်
ပျက်တွေကို မေ့ဖျောက်လိုက်ကြတာပါပဲ။
အမေသေလို့တစ်ခါငို ညီကိုမောင်နှမဆွေမျိုးအသိုင်းအဝိုင်း
သေလို့အခါခါငိုနဲ့ပေါ့။သူသေသွားပြီပဲ။သူတို့နောက်ကိုလိုက်ရဲ
လားဆိုပြန်တော့လည်း မလိုက်ရဲဘူးတဲ့။
ဒါဆိုဘာလို့ငိုလေးမေးတော့ ချစ်လို့ သနားလို့တဲ့။တစ်ကယ်ချစ်
ရင်သနားရင် နေ့တိုင်းငိုလေ။ဘယ်လိုလုပ်ပြီးနေ့တိုင်းငိုနိုင်မှာ
လည်းတဲ့။ဒါဆို မင်းကသူတို့ကိုမချစ်ပါဘူး။နေ့တိုင်းအချိန်တိုင်း
ချစ်နိုင်ရင် နေ့တိုင်းအချိန်တိုင်း ငိုကြွေးနိုင်ရမှာပေါ့။
အလကားပါကွာ။မင်းတို့ကဟန်ဆောင်ပြီးချစ်ဟန်နေကြတာပါ။
**ကံတရားက မင်းတို့ကိုကိုလှည့်စားထားတဲ့ မာယာကျော့
ကွင်း**ဆိုတာ မြဲမြဲမှတ်ထားကွ။
ငိုမနေနဲ့။မင်းသေရင်လည်း သုဿန်တစ်စမှာ မျက်ရည်အတု
တွေ မာယာအတုတွေနဲ့ ဒီလိုလာပစ်ထားကြပြီးကို့အိမ်ကိုပြန်
သွားကြမှာ။ သုဿန်မှာ ကျန်ခဲ့မှာက မင်းတစ်ယောက်တည်း။
မင်းရဲ့အပုတ်နံ့ကို မခံနိုင်လို့ ကြောက်လို့လာပြီး သည်နေရာမှာ
လာဝေးကြမှာ။ဘယ်မှာလည်း မင်းတို့အချစ်က။
ဒါဆိုငါဘာလုပ်ရမလဲ။အေး ငါပြောမေ သန္တိသုခနိုင်ငံတော်ကို
မင်းရောက်အောင်ပြေး။ဒါဆို မင်းဒီမာယာကျော့ကွင်း အရှုတ်ထုတ်ကြားကလွတ်မြောက်လိမ့်မေ။
လမ်းပြပေးဦးလေ။ဟုတ်ပြီ ဟိုမှာတွေ့လား အတ္တ တဏှာ
ဒိဋ္ဌိ မာန မာယာ အာဃာတတွေနဲ့ ပြည့်နှက်နေတဲ့လမ်းကို။
ဟုတ်ကဲ့ တွေ့ပါပြီ။ဆူး ငြောင့် ခလုတ်တွေတော့ နည်းနည်းရှိ
တယ်။အဲဒီလမ်းတွေကို ဖြည်းဖြည်းမှန်မှန်လေး ဖြတ်ကျော်သွား
လိုက် ငြိမ်းအေးလှတဲ့ သန္တိသုခနိုင်ငံတော်ကို မင်းရောက်လိမ့်
မေ။
ဒါဆိုရင်မင်း မာယာဒုက္ခနိုင်ငံတော်မှ လွတ်မြောက်ပြီလို့မှတ်--
===============================
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
4/4/2016/.(mon)./7:26.pm/
===============================
No comments:
Post a Comment