လူပျိုကြီးဖြစ်ရခြင်းအကြောင်းလားမသိဘူးနော်
******************************************************
၁။ချစ်သူဘဝ/ အလကားနေရင်း အကြည့်ချင်းဆုံ၏။
အိမ်ထောင်သည်ဘဝ/ အကြည့်ချင်းဆုံလျှင် အလကားဖြစ်၏။
၂။ချစ်သူဘဝ/ အလကားနေရင်း ချစ်သူကိုတမ်းတ၏။
အိမ်ထောင်သည်ဘဝ ချစ်သူကိုတမ်းတသော်လည်း အလကား
ဖြစ်၏။
၃။ချစ်သူဘဝ/ ကလေးတွေအများကြီးယူမည်ဟု စိတ်ကူးမိ၏။
အိမ်ထောင်သည်ဘဝ/ ကလေးယူမိတာမှားလိုက်လေခြင်းဟု
ငြီးငွေ့တက်၏။
၎။ချစ်သူဘဝ/ ကိုယ်ပိုင်ဆိုင်သမျှ ချစ်သူအားပေးလို၏။
အိမ်ထောင်သည်ဘဝ/ကိုယ်ဆိုင်သမျှ ဘဏ်တွင်တိတ်တိတ်
ကလေး ထားလို၏။
၅။ချစ်သူဘဝ/ တစ်ယောက်နှင့်တစ်ယောက် စကားပြောလျှင်
တိုးတိုးကလေးပြောတက်ကြ၏။
အိမ်ထောင်သည်ဘဝ/အော်ပစ်လိုက်သည်ကိုပင်အားမရ။
၆။ချစ်သူဘဝ/ အချစ်အကြောင်းတွေ ကဗျာရေးဖွဲ့တက်ကြ၏။
အိမ်ထောင်သည်ဘဝ/ငြီးငွေ့စရာကောင်းလှသည်ကို ပိဋိကတ်
သုံပုံ လောက်များပြားအောင် ရေးမှတ်ချင်ကြတော့သည်။
၇။ချစ်သူဘဝ/ သူငိုလျှင် ကိုယ်လိုက်ငိုသည်။
အိမ်ထောင်သည်ဘဝ/သူငိုလျှင် အစီအစဉ်တွေကောင်းပြီ။
၈။ချစ်သူဘဝ/ချစ်သူမွေးနေ့ အလွတ်ရ၏။
အိမ်ထောင်သည်ဘဝ/ကိုယ့်မွေးနေ့ပင် အလွတ်မရတော့ချေ။
၉။ချစ်သူဘဝ/လူတောထဲတွင် လက်ချင်းချိတ်၍ မိုးမမြင်လေမမြင် သွားလေ့ရှိ၏။အိမ်ထောင်သည်ဘဝ/
လူတောထဲတွင်"မျက်စောင်းချင်းချိတ်၍ သွားလေ့ရှိ၏။"
၁၀။ချစ်သူဘဝ/အစားစားလျင် ခွံ့ကျွေးမှ အရသာရှိ၏။
အိမ်ထောင်သည်ဘဝ/အစားစားလျှင် တစ်ချောင်းကိုနှစ်
ယောက်သား ပြိုင်တူကိုင်မိလျှင် ဆဲတက်ကြ၏။
၁၁။ချစ်သူဘဝ/ ချစ်သူအကြောင်းကိုသာ ပြော၏။
အိမ်ထောင်သည်ဘဝ/သံသရာမှ လွတ်မြောက်ရန် အကြောင်း
ကိုသာပြောတက်ကြပြန်သည်။
၁၂။ချစ်သူဘဝ/အချစ်အကြောင်းကိုသာ ပြောတက်ကြ၏။
အိမ်ထောင်သည်ဘဝ/အချစ်မပါသော ရသခါးခါးသီးချင်းများ
ကိုနဝင်ချိုလာကြပြန်သည်။ဥပမာ-"မွေးမေကျေးဇူးဆပ်ဖူးချင်တယ်""သားမှားပြီ မေမေ"သီချင်း
မျိုးတွေပေါ့။
၁၃။ချစ်သူဘဝ/ချစ်သူလုပ်သမျှ စိတ်ဝင်စား၏။
အိမ်ထောင်သည်ဘဝ/"လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာ"ဖြစ်ရချေတော့သည်။
===============================
မဇ္ဈိမ ခရီးသည် (ပြင်ရှည်မြေ)
11/4/2016/(mon)/7;43.am/
===============================
(မှက်ချက်-ဤpostသည် ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ဒိုင်ယာရီမှ ထုတ်ဖော်ပေးလိုက်ခြင်းဖြစ်သည်။ဆယ်တန်း
ကျောင်းသားဘဝတုန်းက ရေးမှတ်ခဲ့ဟန်တူသည်။စာရေး
ဆရာကိုတော့ မမှတ်မိတော့ချေ။မဇ္ဈိမခရီးသည် သည် အလှူ
ကိစ္စတစ်ခုနှင့် အလုပ်ရှုပ်နေသဖြင့် စာရေးဖို့အချိန်မပေးနိုင်သေးပါ။ချစ်သောfriendများနှင့် စိမ်းသွားမှာစိုးလို့ သူများစာနည်းနည်းပြုပြင်၍ တင်ပေးလိုက်ခြင်းဖြစ်သည်။)
===============================
မဇ္ဈိမခရီးသည်ရဲ့ ချစ်အမျိုးများ နားလည်ပေးကြပါနော်။
အမြဲလေးစားလျက်။
===============================
No comments:
Post a Comment