ကလေးအတွေး ကလေးကဗျာများ-
( မှက်ချက်-လူကြီးများ မဖတ်ရ )
=================
** တို့ကျောင်း **
****************
မိုးကလေးများ စဲတော့မည်
တို့ပျော်လိုက်ပါသည်
အာကာဝလ္လာက ရေတွေလောင်း
ငါတို့စာသင်ကျောင်း။
==============================
** သာသာယာယာ **
********************
တို့ကျောင်းတော်ကြီး ရေနစ်နေသည်
သာသာယာယာရှိပါသည်
ပျော်ပျော်ပါးပါး လှေလှော်သွားကြမည်
သပိတ်များလည်း ဆယ်ကြမည်။
==============================
** သောတုဇန **
****************
သောတုသောတု စာဆိုတုန်း
စာဆိုတုန်းမှာ မိုးကရွာ
သေတမ်းလွတ်ဖို့ ပြေးလမ်းရှာ
အောက်ဆင့်ပြေးမလား အပေါ်လား
နာ့ နာ နာ့ နား
ထ ထာ ထာ့ ထား
===============================
** ပြောပေးပါ **
***************
တို့ကျောင်းတော်အနီး ရေနစ်နေသည်
ကူ၍ပြောပေးကြပါ
သမ္မတမို့မပြောရဲဘူးလား
ပြိုင်တူပြောလျှင် အဖမ်းခံနိုင်သည်။
===============================
** အသက်ထွက်မဲ့ ၇ရက် **
*************************
တနင်္ဂနွေ တနင်္လာ = အန်တီညိုက ပူလိုက်တာ
အင်္ဂါ ဗုဒ္ဓဟူး = ပူလိုက်တာမှာ တဟူးဟူး
ကြာသပတေး သောကြာ= မီးကပုံမှန်မလာ
. စနေမှာ = မလာအား မိုးကရွာလို့သွား-
===============================
** ကိုရင်မောင်တို့ တစ်နေ့တာ**
****************************
စောစောက |
မိုးရွာချ |
အပေါက်ဖာ |
ရေခံ |
သေတ္တာထမ်း |
ပြောင်းရွှေ့ |
မြွေတွေ့ |
ထွက်ပြေး |
စာအုပ်ထမ်းကူ |
သင်္ကန်လှန်း |
မိုးမလုံ |
ပြန်စိုရွှဲ |
တုံးလုံးလေး။
===============================
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
23/5/2016/(mon)/7:34;pm./
===============================
No comments:
Post a Comment